ဆူးငှက် ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ —————————————— ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ အစီအစဉ်တွင် ဒေါ်သြဘာသောင်း၏ အမျိုးသမီး အခြေခံအက ပထမဆင့် ၂၅ကွက်နှင့် မြမန်းဂီရိ မဟာဂီတသီချင်း နန်းတွင်းယိမ်း၊ ဒုတိယအဆင့် ၂၅ကွက်ကို သြဘာသောင်း၏ ဘာဂီတင် သီချင်းနှင့် ကိုလိုနီခေတ် ယိမ်း၊ တတိယအဆင့် ၂၅ကွက်ဖြင့် သြဘာသောင်း အငြိမ့်ခန်းတွင် ခင်ဝင်းနွယ်က ပန်တျာတွင် သင်ရိုးတစ်ပုဒ်ဖြစ်သော ကဗျာညွန့် သီချင်းကို ယိမ်းအဖွဲ့နှင့် ဦးဆောင်ပြီး ကပြခဲ့သည်။ ထို့နောက် သြဘာသောင်း၏ အပျိုတော်မစွပ်စို သီချင်း၊ သြဘာသောင်းတင် ဘွဲ့ တေးထပ်၊ ပန်တျာသင်ရိုး နောက်တစ်ပုဒ်ဖြစ်သော စိန်ဗေဒါကြီး၏ အသက်ကလေးရယ် ရှည်စေလို သီချင်းဖြင့် ကပြသည့် ခေတ်ခန်းတပင်တိုင် အကဖြင့် ကပြခဲ့သည်။ ထို့နောက် ကဗျာလွတ် စတုတ္ထအဆင့် ၂၅ကွက်ဖြင့် မြို့မတူရိယာဘွဲ့ မြတ်မင်္ဂလာ တေးထပ် နှင့် ကဗျာလွတ်…
Read MoreDay: October 27, 2026
တနိုင်းမှာ ဆင်းနင်းခံရလို့ လူခုနှစ်ယောက်သေဆုံး၊ ဆင်ကိုတွေ့ပေမယ့် ခုထိဖမ်းမမိသေး
အောက်တိုဘာ ၂၆ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်ထဲက ကျေးရွာဘက်မှာ ဆင်နင်းသတ်ခံရလို့ လူ ခုနှစ်ယောက်အထိ သေဆုံးခဲ့ပြီး ဆင်ကိုတွေ့ပေမယ့် ခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ကစပြီး ဒီကနေ့ ၂၆ ရက်နေ့အထိ စက်ဆဲချောင်းတလျှောက်ရှိ တရုံရွာအနီး မုန်ညှင်းခင်းအတွင်းလုပ်ကိုင်သူအပါအဝင် ဆင်နင်းသတ်ခံရတဲ့ အမျိုးသား ၊အမျိုးသမီး ခုနှစ်ယောက်အထိရှိလာတာ ဖြစ်ပါတယ်။ ” ဆင်နဲ့ပတ်သက်လို့ အဲဒီနေရာမှာ သစ်ဆွဲလား ရွှေလုပ်တဲ့နေရာလည်းရှိတော့ မသိသေးဘူး။ ၂၃ ရက်ညက တရုံရွာအနီးက စက်ဆဲချောင်းနားမှာ မုန်ညှင်းခင်းစောင့်တဲ့အဖိုးနဲ့ လူလတ်ပိုင်းနှစ်ယောက်နင်းသတ်ခဲ့တာ သိရတယ်။ ဒီနေ့အထိ သိရတာကတော့ ဆင်းနင်းသတ်ခံရတာ ခုနှစ်ယောက်ရှိပြီ။လူတွေနာမည်အတိအကျ မသိရသေးဘူး။ သိရတာ တချို့ဆင်နင်းသတ်ခံရတဲ့အထဲမှာ ဆင်ကစားလိုက်လို့ ဆံပင်ပဲကျန်တယ်ဆိုပြီးပြောတာလည်းရှိပေမယ့် အတည်တော့မပြုနိုင်သေးဘူး။ ” လို့ တနိုင်းဒေသခံက ပြောပါတယ်။…
Read More