ခေတ်ပေါ်စတိတ်ရှိုးဖျော်ဖြေနေခိုက် မိုးရွာလို့ ပွဲပျက်ခဲ့တဲ့ စမ်းရေမိုးဇာတ် ဒီညအစားထိုးကပြမယ်

မန္တလေး၊ ဧပြီ- ၂၇- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေက ရန်ကင်းတောင်ကျေးရွာမှာ ကျင်းပဖျော်ဖြေတင်ဆက်နေတဲ့ စမ်းရေမိုးဇာတ်အဖွဲ့ဟာ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ညမှာခေတ်ပေါ်စတိတ်ရှိုး အစီအစဥ်ဖျော်ဖြေနေခိုက် မိုးတွေရွာလာလို့ ပွဲပျက်ခဲ့ရတာကြောင့် အဲ့ဒီနေ့ လက်မှတ်ဝယ်ထားသူတွေအတွက် အစားထိုး ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ ဖျာလက်မှတ်ဝယ်ထားသူတွေအတွက် ဒီကနေ့ ၂၇ ရက်နေ့ နောက်ဆုံးညမှာ အစားထိုးဖျော်ဖို့ စမ်းရေမိုးဇာတ်ဆရာနဲ့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း ကန်ထရိုက် ဦးဇော်သစ်တို့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ၂၇ ရက်နေ့အတွက် ဖျာလက်မှတ်နဲ့ ရုံဝင်လက်မှတ် ဝယ်ထားသူတွေအတွက် ငွေပြန်အမ်းပေးမှာဖြစ်ပြီး ဒီကနေ့လက်မှတ်ဝယ်ထားသူတွေအတွက် မန္တလေးအနီးတဝိုက်မှာ ကျင်းပမယ့် စမ်းရေမိုးဇာတ်သဘင်အဖွဲ့ရဲ့ ပွဲမှာ လက်မှတ်တွေအလွယ်တကူဝယ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်ထားတယ်လို့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်းက ဦးဇော်သစ်က ပြောပါတယ်။
၂၇ ရက်နေ့ ရန်ကင်းတောင်ကျေးရွာမှာ ဖျော်ဖြေမယ့် နောက်ဆုံးည စမ်းရေမိုးပွဲအတွက် လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ အချိန်မရွေး လက်မှတ်ပြပြီး ပြန်အမ်းငွေ ထုတ်ယူနိုင်တယ်လို့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်းကနေ သိရပါတယ်။
ဇာတ်ရေမိုးဇာတ်အဖွဲ့ဟာ ဧပြီ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့အထိ ငါးညတိုင်တိုင်က ရန်ကင်းတောင်ကျေးရွာမှာ ကပြဖျော် ဖြေဖို့ ဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၂၆ ရက်နေ့ည က ရာသီဥတုအခြေအနေကြောင့် ပွဲပျက်ခဲ့ရတာနဲ့ ပြန်အမ်းငွေ ထုတ်ပေးတဲ့အကြောင်းကို Billion ဇာတ်သဘင်ဝန်ဆောင်မှု က ကန်ထရိုက်တွေဖြစ်တဲ့ ဦးဇော်သစ်နဲ့ မငြိမ်းအိစံ တို့က အခုလို ရှင်းလင်းပြောကြားလာသလို အစားထိုးကပြမှုအပေါ် ပရိတ်သတ်တစ်ယောက်အမြင် ဘယ်လိုရှိလဲဆိုတာကို VOM က မေးမြန်းထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW