မတ် ၂၃ – ၂၀၂၆ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ ဒီကနေ့ မတ် ၂၅ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၉၉၆ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ပြန်လည် ကျဆင်းလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၆၀၀ ကျော် အကျရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း ကျဆင်းလာတာမှာ ခြောက်ရက်အတွင်း ကျပ် ကိုးသိန်းကျော်ဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်း သုံးသောင်းဝန်းကျင်ကို…
Read MoreCategory: ရွှေဈေး
ဝက်လက်နယ် အရှေ့ခြမ်း မင်းကုန်းရွာအနီး တိုက်ပွဲပြင်းထန်နေ
မတ် ၂၂ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက မင်းကုန်းရွာအနီးမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဝက်လက်နယ်က သစ်ဆိမ့်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အစိုးရစစ်ကြောင်းဟာ အမှတ် (၁၂) ခြေမြန်တပ်ရင်း (ကျောက်မြောင်း) တပ်ကနေ အင်အား ထပ်မံ ဖြည့်တင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကာလက အခုဆို သုံးလကျော် ကြာလာပြီ။ ဒီကာလအတွင်းမှာ အစိုးရတပ်ဘက်က သစ်ဆိမ့်၊ ရေကမိုး၊ ထုံးဘိုကျေးရွာတဝိုက် အင်အားဖြန့်ထားပြီး အထိုင်ချထားနိုင်ပြီ။ အနီးဝန်းကျင်တဝိုက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ ဒီနေ့အထိဆို ရေဖြူလမ်းဆုံနဲ့ ရေချိုအိုင်ရွာကို အစိုးရတပ် ရောက်လာပြီ။ မင်းကုန်းရွာနားမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်” လို့…
Read Moreကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်
ဖေဖော်ဝါရီ ၂၈ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်းက အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း…
Read Moreစက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက် အရေးယူခံရ
ဖေဖော်ဝါရီ ၂၇ – ၂၀၂၆ SN (VOM) စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက်ကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက အမှုဖွင့် အရေးယူထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုး (Apex Gas and Oli Puplic Co.,Ltd)၊ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့် (Myat Myitter Mon Service Co.,Ltd) နဲ့ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)၊ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့…
Read Moreရွှေကုန်သည်တွေဖမ်းတာကြောင့် အရောင်းဝယ်ရပ် မှောင်ခိုကြီးထွား
ဖေဖော်ဝါရီ ၂၆ – ၂၀၂၆ SN (VOM) လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေကုန်သည်တွေ ဖမ်းဆီးခံရတာ၊ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတာကြောင့် အရောင်းအဝယ်တွေရပ်ပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ အခုလို ဈေးကွက်အတွင်း တရားဝင် ရွှေရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတာဟာ ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ “တကယ့် ဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြတော့ အမှန်တကယ် ငွေလိုလို့ ရောင်းချင်၊ ဝယ်ချင်တဲ့သူတွေ အခက်အခဲဖြစ်တာပေါ့။ အဲဒီတော့ အပြင်မှာပဲ တရားဝင်တွေရော၊ တရားမဝင်တွေရောပေါ့၊ တခြားဆိုင်တွေမှာသွားပြီးတော့ ဈေးနှိမ်ခံပြီး ရောင်းကြ၊ ဝယ်ကြရတာ။ မှောင်ခိုဈေး ဖြစ်နေတော့ ဈေးကွက်က ပျက်နေပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ)…
Read Moreရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်
ဖေဖော်ဝါရီ ၆ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက်ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွားကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူစစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ…
Read Moreကျပ်သိန်းရာဂဏန်း စံချိန်သစ်နဲ့ မြန်မာ့ရွှေဈေး
ဇန်နဝါရီ ၂၁ – ၂၀၂၆ SS (VOM) စံချိန်သစ်တွေ ထပ်ဆင့်တင်နေဆဲ ကမ္ဘာ့ရွှေဈေးနဲ့အတူ ဒီကနေ့ မြန်မာ့ရွှေဈေးဟာလည်း ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ မကြုံစဖူး ဈေးနှုန်းတွေနဲ့ တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းမှာတင် ဈေးနှုန်းအပြောင်းအလဲတွေ မြန်ဆန်နေတာပါ။ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး ၄၈၀၀ ကျော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရွှေဈေးနှုန်း လေ့လာ စောင့်ကြည့်သူတွေကတော့ ကမ္ဘာ့ရွှေဈေးဟာ ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခအခြေအနေတွေကြား ဆက်လက် မြင့်တက်နိုင်ခြေ ရှိနေသေးတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိအနေအထားဟာ ကမ္ဘာ့ရွှေ တအောင်စ ဒေါ်လာ ၅၀၀၀ ဘက်ကို ခြေလှမ်းပြင်နေတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။…
Read Moreကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေး သိန်း ၈၀ နီးပါး ရောက်ရှိလာ
စက်တင်ဘာ ၉ – ၂၀၂၅ SS (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး ရောက်ရှိလာမှုနဲ့အတူ ပြည်တွင်း ဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၈၀ နီးပါး ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ တအောင်စ ဒေါ်လာ ၃၄၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာ တအောင်စ ၃၆၅၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားတဲ့အတွက် ၁၀ ရက်ကျော်အတွင်း တအောင်စ ဒေါ်လာ ၂၅၀ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ…
Read Moreပြည်တွင်းရွှေဈေး ၇၈ နီးပါးအထိ ပြန်လည် မြင့်တက်လာ
စက်တင်ဘာ ၂ – ၂၀၂၅ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၇၈ နီးပါးဝန်းကျင်နဲ့ ဈေးဖွင့်လာတာ တွေ့ရပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အကျဘက်ကို သုံးရက်တာ ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းကစလို့ ဆက်တိုက်ဆိုသလို ဈေးနှုန်း ပြန်လည် မြင့်တက်လာတာမှာ လက်ရှိမှာတော့ ခုနစ်ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အဓိက ကတော့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ လက်ရှိ ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကျရင်လည်း ၂၀၊ ၃၀။…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
မေ ၂၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာတော့ ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာတာကို တွေ့ရပါတယ်။ အမေရိကန် ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ရှိနေဆဲပါ။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ဈေးပြန်ကျနေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ရွှေဈေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေဈေးတွေ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်းက ရွှေနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေပါတယ်။ လက်ရှိမှာတော့ အခေါက်ရွှေ တကျပ်သား ၇၆ သိန်းကျော် ဝန်းကျင်ကို ရောက်ရှိနေတာပါ။ အရင်တပတ်ကထက် ကျပ် နှစ်သိန်းဝန်းကျင် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေဈေးက ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးသတင်းတွေ၊ စီးပွားရေး၊…
Read More