မန္တလေး၊ မတ်- ၂၆- ၂၀၂၆
VOICE OF MYANMAR
မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။
မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။
ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို ကျူးကျော်ဆိုကာ ဖျက်ပေးရမယ်လို့ ကျူးရှင်းလင်းရေးအဖွဲ့နာမည်နဲ့ အကြောင်းကြားခဲ့ပါတယ်။
ဖယ်ရှားခံရမယ့် သူတွေက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်ကို ဖြေရှင်းပေးဖို့ တောင်းဆိုတာကြောင့် အခုလိုစိစစ်နေတာဖြစ်ပါတယ်။
