စက်တင်ဘာ ၁၉-၂၀၂၆
SA(VOM)
အခြေအနေအကြောင်းကြောင့် သတင်းတင်ဆက်မှုရပ်နားထားတဲ့ ရွှေတြိဂံသတင်းဌာနဟာ အင်နဲ့အားနဲ့ ပြန်လည်သတင်းတင်ဆက်တော့မှာမို့ သူတို့သတင်းဌာနတည်ထောင်ခြင်း ၁၁နှစ်ပြည့်အခမ်းအနားကို နေပြည်တော် Star World Hotel မှာ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။
ရွှေတြိဂံသတင်းဌာန ဘယ်လိုအခက်ခဲတွေကြောင့် ရပ်နားခဲ့လဲ ဘယ်လိုခွန်အားတွေ ဘယ်လိုအစီအစဥ်တွေနဲ့ လည်ပတ်မလဲဆိုတာတွေကို ရွှေတြိဂံသတင်းဌာန တည်ထောင်သူ ကိုထွန်း(မိုင်းဖြတ်) ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
