မတ် ၃၁-၂၀၂၆
MT(VOM)
အစ္စရေးလွှတ်တော် (Knesset) က 6သစေလောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပြစ်မှုထင်ရှားတဲ့ ပါလက်စတိုင်းတွေကို 6သဒဏ်ပေးမယ့် ဥပဒေ တစ်ရပ်ကို မနေ့က (၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်) မှာ အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေဟာ အစ္စရေးရဲ့ တရားစီရင်ရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဥပဒေသစ်၏ အဓိကပြဋ္ဌာန်းချက်များ
ဒီဥပဒေဟာ နိုင်ငံရေး သို့မဟုတ် အမျိုးသားရေး အသွင်ဆောင်တဲ့ လူသတ်မှုတွေကို အဓိက ဦးတည်ထားပါတယ် ။
စစ်ခုံရုံးများတွင် 6သဒဏ်ပေးခြင်း
အနောက်ဘက်ကမ်း (West Bank) မှာရှိတဲ့ ပါလက်စတိုင်းတွေကို အဓိက စီရင်တဲ့ စစ်ခုံရုံးတွေမှာ ရည်ရွယ်ချက်ရှိရှိ 6သစေလောက်တဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ကြိုးပေးသတ်ရန် သတ်မှတ်ထားပါတယ်။
တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်
ယခင်က 6သဒဏ်ချမှတ်ဖို့ တရားသူကြီး ၃ ဦးစလုံးရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက် လိုအပ်ပေမဲ့၊ အခုဥပဒေသစ်အရ တရားသူကြီး ၂ ဦးက ထောက်ခံရုံ (၂-၁ မဲ) နဲ့ 6သဒဏ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ကွပ်မျက်မည့် အချိန်ဇယား
ပြစ်ဒဏ်ချမှတ်ပြီးနောက် ရက်ပေါင်း ၉၀ အတွင်း အကောင်အထည်ဖော် ကွပ်မျက်ရမှာ ဖြစ်ပါတယ်။
အသနားခံခွင့် မရှိခြင်း
စစ်ခုံရုံးတွေမှာ 6သဒဏ်ချမှတ်ခံရသူတွေအတွက် အယူခံဝင်ခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခွင့်တွေကို ဒီဥပဒေက ပိတ်ပင်ထားပါတယ်။
ခွဲခြားဆက်ဆံမှုဆိုင်ရာ ဝေဖန်မှုများ
ဒီဥပဒေဟာ ပါလက်စတိုင်းတွေနဲ့ အစ္စရေး
နိုင်ငံသားတွေအကြား ဥပဒေအရ ခွဲခြားထားတယ်လို့ ဝေဖန်ခံနေရပါတယ်။
စစ်ခုံရုံး နဲ့ အရပ်ဘက်ခုံရုံး
အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေဟာ တင်းကျပ်တဲ့ စစ်ခုံရုံးတွေမှာ စီရင်ခံရမှာဖြစ်ပြီး၊ အစ္စရေးနိုင်ငံသားတွေကတော့ အရပ်ဘက်ခုံရုံးတွေမှာ စီရင်ခံရမှာ ဖြစ်ပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်:
ဥပဒေအရ “အစ္စရေးနိုင်ငံ တည်ရှိမှုကို ငြင်းပယ်ရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သူ” ကို သေဒဏ်ပေးမယ်လို့ ဆိုထားတဲ့အတွက်၊ ဒါဟာ ဂျူးအမျိုးသားရေး အစွန်းရောက်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကင်းလွတ်ခွင့်ပေးဖို့ ရည်ရွယ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
နိုင်ငံတကာနှင့် ပြည်တွင်း တုံ့ပြန်မှုများ
ဥရောပသမဂ္ဂ (EU) နှင့် ကုလသမဂ္ဂ
ဒီဥပဒေဟာ လူသားတွေရဲ့ “အသက်ရှင်သန်ခွင့်” ကို ချိုးဖောက်နေပြီး ခွဲခြားဆက်ဆံမှု ဖြစ်စေတယ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ 6သဒဏ်ဟာ အကြမ်းဖက်မှုကို ဟန့်တားနိုင်စွမ်းမရှိဘူးလို့လည်း ထောက်ပြကြပါတယ်။
တရားရေးဆိုင်ရာ စိန်ခေါ်မှု
အစ္စရေး အရပ်ဘက်အခွင့်အရေး အဖွဲ့အစည်း (ACRI) က ဒီဥပဒေကို အတည်ပြုပြီး မိနစ်ပိုင်းအတွင်းမှာပဲ တရားမဝင်ကြောင်း တရားလွှတ်တော်ချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ပါတယ်။
အစိုးရ၏ အောင်ပွဲခံမှု
ဥပဒေကို အဓိက ရေးဆွဲခဲ့တဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) ကတော့ ဒါဟာ “တရားမျှတမှု ရရှိတဲ့နေ့” ဖြစ်တယ်လို့ လွှတ်တော်မှာ အောင်ပွဲခံ ပြောကြားခဲ့ပါတယ်။
ဒီဥပဒေကို လက်တွေ့ အကောင်အထည်မဖော်ခင် အစ္စရေး တရားလွှတ်တော်ချုပ်ကနေ ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Source : Guardian
