မိုးကုတ် နဲ့ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ ဝင်တချို့ အစိုးရတပ်နဲ့ ပူးပေါင်း

အောက်တိုဘာ ၁၇၊ ၂၀၂၆
Shy V (VOM)
မိုးကုတ် နဲ့ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ ဝင်တချို့ အောက်တိုဘာလ ၁၃ ရက်ဝန်းကျင်က အစိုးရတပ်နဲ့ ပူးပေါင်းသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးကုတ်၊ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ဝင် လီဆူ အဖွဲ့တွေ အရင်နေ့ အောက်တိုဘာ ၁၃ ရက်နေ့လောက်က စစ်တပ်နဲ့ သွားရောက် ပူးပေါင်းသွားတယ်။ ၅၄ ယောက်။ မိုးကုတ်ကို သွားပြီး ပူးပေါင်းတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အဲဒီ အစိုးရ တပ်နဲ့ သွားရောက်ပူးပေါင်းဖို့ ဦးဆောင်တဲ့ ဦးဂူဆီး ဆိုသူက အရင်ကလည်း ရဲ ဝန်ထမ်း လုပ်ဖူးတာဖြစ်ပြီး မိုးကုတ်ကို TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းခါနီး TNLA တပ်ဖွဲ့ ဆီ အဖွဲ့လိုက် သွားရောက်ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြည့်သူ့စစ် လုပ်မယ်လို့ ကြားတယ်။ မိုးကုတ် ပြည်သူ့ စစ် အဖြစ်ရပ်တည်မယ်ပေါ့” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီ ဦးဂူဆီး ဦးဆောင်အဖွဲ့က TNLA တပ်မဟာ ၃ မိုးမိတ် ခါချယ်စခန်းကနေ TNLA တပ်မဟာ ၇ နမ့်ဆန်ဘက် ပြောင်းရွှေ့တယ်လို့ ကြားသိထားရပြီး အစိုးရတပ်နဲ့ သွားရောက်ပူးပေါင်းချိန် လက်နက် အလက် ၄၀ ကျော် ပါတယ်လို့ သိရပါတယ်။
TNLA တပ်ဖွဲ့နဲ့ နီးစပ်သူကတော့ ဦးဂူဆီး ဦးဆောင်တဲ့ TNLA တပ်ဖွဲ့ဝင် ၅၀ ကျော် အစိုးရတပ်နဲ့ ပူးပေါင်းသွားတယ်လို့ သိရပေမယ့် ဘယ်နေ့ သွားရောက် ပူးပေါင်းသွားတယ်ဆိုတာတော့ မသိရပဲ အရင်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က မိုးကုတ်မှာ အစိုးရတပ်ဘက်က ကြိုဆိုပွဲ လုပ်တယ်လို့ ပြောပါတယ်။
Photo Crd#

Related posts

✕
VOM News

FREE
VIEW