ဧရာဝတီမြစ်ရေရှည် တည့်တံ့ဖို့ စက်ဘီးစီးပြီး ဆန္ဒပြု

မြစ်ကြီးနား၊ ဖေဖော်ဝါရီ၂၈-၂၀၁၉

မရန်ဂျာထွယ်အောင် ( VOM)

 

NATURE BIKER စက်ဘီးစီးလူငယ်(၃)ဦးဟာ  ဧရာဝတီမြစ်ရေရှည် တည့်တံ့ဖိုအတွက် မြစ်ကြီးနား မြစ်ဆုံကို မိုးညှင်းမြို့ကနေ စက်ဘီးစီးပြီးဆန္ဒပြု  စီးနင်းနေကြတာပါ။

 

NATURE BIKER စက်ဘီးစီးလူငယ်(၃)ဦးဟာ  ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၆) နာရီက SAVE THE AYARWADDY-အင်္ကျီတီရှပ်အလံငယ်တွေ တပ်ဆင်ကာ မိုးညှင်းမြို့ကနေ  မြစ်ကြီးနားမြို့ရှိ မြစ်ဆုံကို စတင်စီးနင်းခဲ့ပြီး မြစ်ကြီးနားမြို့မှာ ညအိပ်ကာ ဒီမနက် မြစ်ကြီးနား မြစ်ဆုံ စီနင်းတာဖြစ်ပါတယ်။

 

” ဧရာဝတီကိုချစ်လို့ အမိမြေဧရာဝတီ တခုခုဖြစ်သွားမှာစိုးလို့ သဘာဝပတ်ဝန်းကျင်တခုခုဖြစ်မှာစိုးလို့ ဆန္ဒပြုစီးလာတဲ့ခရီးစဉ်ဖြစ်ပါတယ်”လို့  စက်ဘီးစီးအဖွဲ့ဝင် ကိုဘိုဘိုလှမြင့်ကပြောပါတယ်။

 

ကိုဇော်ထက်၊ ကိုကျော်ဇင်ဦး၊ ဘိုဘိုလှမြင့် တို့ဟာ မိုးညှင်း- မြစ်ကြီးနား -မြစ်ဆုံ  မိုင်ပေါင်း၁၀၀ကျော် အကွာအဝေးကိုစက်ဘီးစီးကာ မြစ်ကြီးနားမြို့အရောက်မှာတော့ တခြားစက်ဘီးစီးနင်းတဲ့ ဝါသနာရှင်တွေကလည်း လိုက်ပါစီးနင်းခဲ့ပါတယ်။

 

ကိုဇော်ထက်နဲ့ကိုဘိုဘိုလှမြင့်ကတော့  ပထမအကြိမ်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအထိမ်းအမှတ်အနေနဲ့  တရုတ်ပြည်ရွှေလီမြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မိုင်ပေါင်း(၈၀၀)ကျော်ခရီးကိုလည်း စီးနင်းခဲ့ဘူးပါတယ်။

 

#voiceofmyanmar#NATURE BIKER# SAVE THE AYARWADDY#မိုးညှင်း#မြစ်ကြီးနား

 

Related posts

Leave a Comment

VOM News

FREE
VIEW