မတ် ၂၁ – ၂၀၂၆ SS (VOM) မကြာမီကာလမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်း ပိုမို ရောက်ရှိလာနိုင်တဲ့အတွက် တရုတ်ယွမ်ငွေကို ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားငွေအဖြစ် အစိုးရက ခွင့်ပြုပေးခြင်း ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုလွယ်ကူ ချောမွေ့စေဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမှုတွေကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နဲ့လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ယူဆောင်လာတဲ့ ငွေကြေးအမျိုးအစားအလိုက် နိုင်ငံခြား မတည်ငွေရင်းကို နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ AD လိုင်စင်ရ ဘဏ်တွေကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။…
Read MoreCategory: စီးပွားရေး
ဆီအခက်အခဲကြောင့် သင်္ကြန်ကြိုတင်လက်မှတ်တွေကို မတ်လကုန်ပြီးမှ ရောင်းချဖို့ ညှိနှိုင်းထား
နေပြည်တော် မတ် ၂၂ -၂၀၂၆ နေပြည်တော် မြို့မစျေးက ကားဂိတ်တွေမှာ သင်္ကြန်အိတ်ရက် ကြိုတင်လက်မှတ်တွေကို ဆီစျေးအတက်အကျအခြေအနေကိုကြည့်ပြီး မတ်လကုန်မှ ရောင်းချကြမယ်လို့ ကားဂိတ်တွေက ညှိနှိုင်းထားကြတယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ် ကျွန်တော်တို့ မြို့မစျေးတောင်ဖက်အခြမ်းမှာရှိတဲ့ ကားဂိတ်တွေအကုန်လုံး အခုလကုန်မှ ရောင်းဖို့ညှိနှိုင်းထားပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဆီစျေးအတက်အကျပေါ်ကိုကြည့်ပြီးရောင်းရမှာပါ အကယ်၍ ကြိုတင်ရောင်းချပြီးမှ ဆီစျေးထပ်ပြီးတက်သွားရင် ခရီးသည်တွေဆီက ထပ်တောင်းဖို့ ခက်ခဲမယ့်အတွက် အခုလို ညှိနှိုင်းထားတာပါ လကုန်ရက်လောက်မှရောင်းတော့ ဆီစျေးကိုလည်း ကြိုတင်ခန့်မှန်းတွက်ချက်လို့ရမယ့်အပြင် အတက်စျေးဖက်ကို ကြိုခန့်မှန်းပြီး ဘယ်ခရီးစဥ်ကို ဘယ်လောက်နှုန်းနဲ့ရောင်းချရမယ်ဆိုတာ အနီးစပ်ဆုံး ကျွန်တော်တို့တွက်ချက်လို့ရမယ်ပေါ့ အဲ့ဒါကြောင့် အခုလို ကားဂိတ်တွေညှိနှိုင်းထားတာဖြစ်ပါတယ်” လို့ မြမြင့်မိုရ်ဂိတ်က ကိုကျော်စိုးက ပြောပြပါတယ်။ မြိုမစျေးက စည်တော်ကြီး ကားဂိတ်ကတော့ ကြိုတင်ရောင်းချထားတဲ့ လက်မှတ်တွေအတွက် ဆီအခက်အခဲအတွက် ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် သူတို့ဂိတ်က ရောင်းထားတဲ့ လက်မှတ်တွေအတွက် ကြိုတင်ဝယ်ယူထားကြတဲ့ခရီးသည်တွေကို လက်မှတ်ဖိုး…
Read Moreရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်
မတ် ၁၉ – ၂၀၂၆ SN (VOM) ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်း ချမှတ်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဒီကနေ့မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ – ၅…
Read Moreစက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ မြင့်တက်လာ
မတ် ၁၉ – ၂၀၂၆ SS (VOM) စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် အဝေးပြေး ယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခ ဈေးနှုန်းတွေဟာ အခု မတ်လ တတိယပတ်ကစပြီး အရင်ကထက် ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်အခြေစိုက် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်။ အရင်က မြစ်ကြီးနား – မန္တလေး ကားလက်မှတ်ခ နှုန်းထားမှာ တသိန်း ခုနစ်သောင်းကျပ်ကနေ အခု ကျပ် နှစ်သိန်း၊ ရန်ကုန် – မန္တလေး (ရိုးရိုး) အရင် နှစ်သောင်းရှစ်ထောင်ကျပ်ကနေ အခု ကျပ် သုံးသောင်းခွဲ၊ ရန်ကုန် – မန္တလေး (VIP) အရင် ကျပ် လေးသောင်းကနေ အခု လေးသောင်း ရှစ်ထောင်ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန် – နေပြည်တော် (VIP)…
Read Moreလျှပ်စစ်မီး အလှည့်ကျစနစ်ကြောင့် စက်သုံးဆီအသုံးပိုလာပြီး ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်
မတ် ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မှု စနစ်ကြောင့် မီးစက်အသုံးများလာတာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ ပိုမိုရှားပါးလာနိုင်ပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ မတ် ၁၈ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းမှာ တရက်ကို စုစုပေါင်း ၈ နာရီ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စင်တာတွေ၊ ကုမ္ပဏီတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အပြင် မီးစက်ကို မှီခိုအားထားရမယ့် လုပ်ငန်းတွေအားလုံး စက်သုံးဆီကို ပိုမို လိုအပ်လာနိုင်တာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ အလျှင်အမြန် ပြတ်တောက်သွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။…
Read Moreနိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport လုပ်မှသာ UID စနစ် လိုအပ်မှာဖြစ်
မတ် ၂၀ – ၂၀၂၆ SS (VOM) အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport ပြုလုပ်မှသာ UID စနစ်တွေ လိုအပ်မှာ ဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေအနေနဲ့ UID အတွက် လတ်တလော ပူပန်စရာမလိုသေးဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ လျှောက်ထားခြင်းနဲ့ သက်တမ်း တိုးခြင်းတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number – UID) ကို မဖြစ်မနေ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ လတ်တလော ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ရမယ့်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို…
Read Moreစက်သုံးဆီ ဝယ်ယူရရှိမှုခက်လာလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲလာသလို လက်မှတ်စျေးလည်းတက်
မတ် ၂၀ ၊ ၂၀၂၆ GG (VOM) စက်သုံးဆီ ရရှိမှုအခက်အခဲနဲ့ စျေးနူန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းအပန်းဖြေခရီးစဥ် package လက်မှတ်စျေးနူန်းတွေမြင့်တက်လာပြီး ခရီးစဥ်ပြေးဆွဲဖို့ပင် ခက်ခဲတဲ့ အခြေအတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဆီက သိရပါတယ်။ စက်သုံးဆီ ဝယ်ယူရာမှာ အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် ဒီမတ်လအတွင်း ပြေးဆွဲမယ့် ပြည်တွင်းအပန်းအဖြေ ခရီးစဥ်တွေကို ပြေးဆွဲနိုင်ခြင်းရှိမရှိ အတိကျ မပြောနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ ” စက်သုံးဆီစျေးဒီလောက်တက်လာမှတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ တက်ရတာပါ ။ နောက်ပြီး ဆီကလည်း ခက်ခဲနေတယ် ။ ဆီရမှသာ ခရီးစဥ်က သွားလို့ရမှာလေ ။ ခရီးစဥ်က ဒီလတွေက သွားသူများကြတယ်။ ဆီက အကန့်အသတ်နဲ့ပဲရတော့ ကိုယ်သွားမယ့် ခရီးစဥ် ၊လမ်းကြောင်း အခြေအနေနဲ့တွက်ပြီး လုပ်နေရတယ်။ ဆီမလောက်ရင် စီစဥ်ထားတဲ့ ခရီးစဥ်တွေက…
Read Moreယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူမယ်
မတ် ၁၆ – ၂၀၂၆ SN (VOM) စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေချိန် အခွင့်ကောင်းယူပြီး ယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မနေ့ မတ် ၁၅ ရက်က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သတိပေး ပြောဆိုခဲ့ပါတယ်။ “CNG တက္ကစီတွေနဲ့ ပတ်သက်လို့ ငှားရမ်းခ တိုးမြှင့် တောင်းခံတာတွေအတွက် တိုင်ကြားတာတွေ ရှိလာရင် CNG သုံးစွဲခွင့်စာရင်းကနေ ပယ်ဖျက်ပြီး သုံးစွဲခွင့် တောင်းခံထားတဲ့ တခြား မော်တော်ယာဉ်တွေကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် CNG သုံး တက္ကစီယာဉ်တွေအနေနဲ့ နိုင်ငံတော်က စိုက်ထုတ်ပေးထားတဲ့ အခွင့်အရေးကို ပြည်သူတွေ ခံစားခွင့်ရရှိစေဖို့ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါတယ်” လို့ ဦးကိုကိုလွင်က ပြောပါတယ်။…
Read Moreဈေးကွက်အတွင်း သွင်းကုန်တွေ ရှားပါးလာပြီး ပြည်တွင်းထုတ်ကုန်တွေ နေရာယူ
မတ် ၁၅ – ၂၀၂၆ SS (VOM) နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက ပြည်ပကုန်စည် တင်သွင်းမှုတွေကို တင်းကျပ်ထားတာကြောင့် လက်ရှိ ပြည်တွင်းမှာ သွင်းကုန်တွေ ရှားပါးလာပြီး ရောင်းချစရာ ပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ မီနီမားကတ်လေးတွေမှာသာမက နာမည်ကြီး စူပါမားကတ်တွေမှာလည်း နိုင်ငံခြားဖြစ် ပစ္စည်းတွေ ပြတ်လပ်နေပြီး ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုသာ အစားထိုး ရောင်းချနေကြတာကို တွေ့လာရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ “သမဝါယမခေတ်က တန်းစီပြီး ခွဲတမ်းနဲ့ဝယ်ရတဲ့ ကာဘော်လစ်၊ ရွှေဝါနဲ့ ပဒုမ္မာဆပ်ပြာတွေတောင် စီးတီးမတ်မှာ တင်ရောင်းနေတာ တွေ့ရတယ်။ Lux ဆပ်ပြာတွေတောင် မရှိတော့ဘူး။ ငံပြာရည်နဲ့ ခရုဆီတွေလည်း ပြည်တွင်းဖြစ်တွေချည်းပဲ။ ဒါက တိုင်းပြည်စီးပွားရေး ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ ဆိုတာကို ပြနေတာ။…
Read Moreစက်သုံးဆီဈေးတက်သလို ကုန်စျေးနှုန်းတွေလည်း သိသိသာသာတက်လာ
မတ် ၁၄ – ၂၀၂၆ SS (VOM) စုံ/မ ယာဉ် ကန့်သတ်ချက်ကြောင့် စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲနဲ့အတူ ဆီဈေးနှုန်းတွေ မြင့်တက်လာသလို သယ်ယူစရိတ်နဲ့ တခြားကုန်စည် စျေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အရင်ကထက် သုံးဆလောက် မြင့်တက်နေပြီး အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကအစ ဆန်၊ ဆီ၊ ဆားပါမကျန် ဈေးနှုန်း သိသိသာသာ ဆက်တိုက် မြင့်တက်လာနေတယ်လို့ သိရပါတယ်။ “အသား၊ ငါးဈေးက ၂၅ ကျပ်သားကို ကျပ် တသောင်းအထက်မှာ ရှိနေတယ်။ စားသုံးဆီဈေးက တပိဿာ တသောင်းခွဲ၊ တသောင်းရှစ်ထောင်ဝန်းကျင်၊ ဆန်ကလည်း အရင် ကျပ် နှစ်သိန်းတန် တအိတ်က အခု နှစ်သိန်းခွဲ ဖြစ်လာတယ်။ ကြက်သွန်နီ တပိဿာ ၂၀၀၀…
Read More