လယ်​ဝေးမြို့နယ်မှာ သစ်​မှောင်ခို​တွေ တရားဝင်အလား လုပ်ကိုင်​နေခြင်းကို သက်ဆိုင်ရာသိ​စေရန်

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ တရားမဝင်ကျွန်းသစ်အရောင်းဝယ်ပြုလုပ်နေခြင်းနှင့် အဆိုပါတရားမဝင်ကျွန်းသစ်ဖြင့် ပြုလုပ်နေသော လယ်ဝေးမြို့ပေါ် ပရိဘောဂ ဆိုင်များနှင့် ပျဉ်းမနားမြို့ပေါ် ပရိဘောဂ ဆိုင်များအား နေပြည်တော်သစ်တောဦးစီးဌာနမှ အရေးယူခြင်းမရှိခြင်း။
(၁) လယ်ဝေးမြို့နယ် တောင်ဖီလာ၊အောင်နန်းချို ၊ ဘိလပ်မြေစက်ရုံ(max) ၊ အေးရှားဝေါကျောက်ခွဲစက်များ အနီးရှိကျွနိးသစ်များကို ဆိုင်ကယ်ဖြင့် သယ်ဆောင်ပြီး ရန်ကုန်-မန်းလေး လမ်းဟောင်းအတိုင်း မောင်းလာပြီး သာဝတ္တိလမ်းဆုံ (119 ဆီဆိုင်)အတိုင်း ဆိုင်ကယ်များဖြင့် မောင်းလာပြီး ဂူသပိတ်၊ သာစည် ၊ကြက်သွန်ခင်း ကျေးရွာများသို သွားရောက်ကာ ပွဲစားများထံ သွားရောက်ပြီး နေ့စဉ် မနက်အစော (သို့) ညပိုင်းတွင် တရားမဝင်ကျွန်းသစ်များ အရောင်းဝယ်နေ့စဉ် ပြုလုပ်နေကြပါသည်။
(၂) ရန်ကုန်- မန်းလေး အမြန်လမ်း ၁၉၃ မှ ဂုံးကျော်အောက်မှ တရားမဝင် ကျွန်းသစ်များ ကို ကား၊ဆိုင်ကယ်များဖြင့် အင်ပြင်သာ ဂိတ်အား လိုင်ကြေးပေးပြီး နေပြည်တော် ဗီဖိုး မြို့ပတ်လမ်း ကိုကျော်ကာ ရှာချောင်း ကျေးရွာ မှတဆင့် ပတ္တာ ကျေးရွာ ဆည်မြောင်းဘောင် လမ်းအတိုင်း သာစည် ၊ ကြက်သွန်ခင်း ကျေးရွာ ရှိ ပွဲစားများထံ သွားရောက် ရောင်းချနေကြပါသည်၊
(၃) လယ်ဝေးမြို့ ဘူတာတွင် ရထားတွဲပေါ်မှ တင်လာသော တရားမဝင် ကျွန်းသစ် ပေါက်စလေးများကို ရထားပေါ်မှ ပစ်ချကာ လယ်ဝေးမြို့ အမှတ်(၁) မွန်ရိုးရပ်ကွက်ရှိ အလုပ်ရုံများတွင် အရောင်းဝယ်ပြုလုပ်နေကြပါသည်။
—လယ်ဝေးမြို့၊ပျဉ်းမနား(ပေါင်းလောင်း) တို့ရှိ ကျွန်းသစ်ပရိဘောဂ ဆိုင်များအား ပရိဘောဂလိုင်စင်နဲ့အတူ သစ်တောဥပဒေ ၊နည်းပဒေ၊ညွှန်ကြားချက်များနဲ့ အညီ ရောင်းချ ဆောင်ရွက်နေမှု မရှိခြင်း
—လယ်ဝေးမြို့နယ် အတွင်းရှိ တရားမဝင်ကျွန်းသစ်အလုပ်ရုံများဖြစ်ကြသော ဆေးရုံအနောက်ဘက်၊အမှတ်(၁) မွန်ရိုး၊ ရေအိုးစဉ်ကျေးရွာ အမက ကျောင်း လမ်းကြားလယ်ကွင်းအတွင်းရှိ အလုပ်ရုံများ၊ ဇီကုန်း၊ရွှေအုန်းပင်၊သာစည်၊ကြက်သွန်ခင်း၊ရှမ်းစု အစရှိတဲ့ ကျေးရွာများရှိအလုပ်ရုံများတွင် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ နှင့် တောအုပ် ဘိနယ်များအား လိုင်းကြေး လာဘ်ယူပြီးခွင့်ပြုနေခြင်းများအား ထိရောက်စွာအရေးယူမှုမရှိခြင်း
—online ပေါ်တွင် တရားမဝင်ရောင်းချနေသော သဲကောကျေးရွာ မှ လိုင်စင်မရှိသော ပရိဘောဂ ဆိုင်များ၊ ပုဗ္ဗသီရိမြို့နယ် ကျော်ကြီးပရိဘောဂ အလုပ်ရုံ။
—လယ်ဝေးမြို့နယ်မှထွက်ရှိသောတရားမဝင် ကျွန်းသစ်အကြမ်းထည်များအား မကွေးမြို့ ဘုရားလမ်း မှာရှိ တဲ့ ပရိဘောဂဆိုင်များ နှင့် အဆိုပါအကြမ်းထည် ပရိဘောဂ များအား နေပြည်တော် မြို့မဈေးကားဂိတ် နယူးအောင်လံ၊ စတား၊ ပန်းတိုင် ဂိတ်များမှ တဆင့် အောင်လံမြို့၊ မကွေးမြို့ မှ နေ့တိုင်း သယ်ဆောင်ပေးခြင်းအားအရေးယူပေးပါရန် နေပြည်တော်ရှိ သစ်တောဦးစီးဌာနမှ လိုင်းကြေး၊လာဘ်ထိုးထားသောကြောင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိပါ။
သို့ဖြစ်ပါ၍ ဤသို့ သစ်​မှောင်ခိုလုပ်သူများ ပူး​ပေါင်းကြံစည်များ၊ မျက်ကွယ်ပြု​နေသူများအား အ​ရေးယူနိုင်ရန် VOM မှတဆင့် ​ဖော်ထုတ်တင်ပြလိုက်ပါသည်။

Related posts

Leave a Comment

VOM News

FREE
VIEW