သတင်းမှားတခုကို အများသိစေရန် VOMသို့ ပေးစာဆိုပြီး VOM အယ်ဒီတာအဖွဲ့ထံရောက်ရှိလာတာကို စိစစ်ပြီး ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့၌ မူးယစ်ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်(၃၃)ဆိုင်ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က တရားဝင် ရောင်းချခွင့်ပြုသည်ဟု ပြည်ပသတင်းဌာနတခုက ဖေဖော်ဝါရီ ၁၀ရက် ရက်စွဲနဲ့ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။
အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာမှာ သတင်းဖော်ပြချက်ဟာ လုံးဝ မှားယွင်းကြောင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သိက္ခာကျအောင် ဖန်တီးရေးသားတယ်လို့ ကောက်ချက်ချမိပါတယ်။
တရားမဝင်သတင်းဌာနများက ယခုလို မဟုတ်မမှန်သတင်းများကို (မဖော်ပြမှီ)၂၀၂၅၊ ဒီဇင်ဘာ(၁)ရက်မှ (၁၅)ရက်နေ့ထိ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူစည်ကားရာနေရာများ၊ ယာဥ်ရပ်နားကွင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်တွေနဲ့ မြို့ပေါ်ရပ်ကွက်ကျေးရွာတွေမှာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆာင်ပြီး ရဲတပ်ဖွဲ့အသီးသီးက မိမိတို့ အနီးဝန်းကျင်တွင် စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးအရောင်းဆိုင်များ ရှိလျှင် သို့မဟုတ် (ယခင်)က ရှိခဲ့ဖူးလျှင် သတင်းပေးရန်၊ သတင်းပေးခြင်းနှင့်စပ်လျဥ်း၍ သတင်းပေးသူကို လျှိုဝှက်ထားပြီး ဆုကြေးငွေကို ထိုက်ထိုက်တန်တန်ချီးမြင့်မည်ဟု ကြေညာထားပြီးဖြစ်တာကို မူဆယ်ဒေသခံတွေ အားလုံး သိရှိကြပြီး ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဘယ်မြို့ ဘယ်ဒေသမှာမှ မူးယစ်ဆေးဝါးအရောင်းဆိုင်ကို (တရားဝင်)ခွင့်ပြုတာမျိုး အရင်ကလည်း မရှိခဲ့ပါဘူး။ အခုလည်း မရှိသလို နောင်လည်းရှိလာမှာမဟုတ်ပါဘူး။ အထူးသဖြင့် မူဆယ်မှာ တရားဝင်ရော တရားမဝင်ရော တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံရှိတဲ့ ဒေသဖြစ်တာမို့ မကောင်းမှုကို တရားဝင်လုပ်လို့ရတယ်ဆိုတာ လုံးဝဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် တရားမဝင်သတင်းဌာနတခုက ရေးသားတဲ့ တရားဝင်မူးယစ်ဆေးအရောင်းဆိုင်တွေဖွင့်လှစ်တယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား VOM ကို ရင်ဖွင့်လိုက်ရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတဦး
