မာန်အောင် နဲ့ ချောင်းဆုံ ကိုယ်စားလှယ် နှစ်နေရာ၊ တီးတိန် တနေရာတွေက လွဲရင် ကျန်နေရာအားလုံးနီးပါး USDP အနိုင်ရ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) ရွေးကောက်ပွဲ အပိုင်း ၁ မှာ USDP ပါတီက ရခိုင်ပြည်နယ်က မာန်အောင် မြို့နယ် နဲ့ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က ပြည်သူ့လွှတ်တော် နေရာတွေက လွဲပြီး ကျန်မြို့နယ် အားလုံးနီးပါးကို အနိုင်ရရှိ ခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိ ရပါတယ်။ ” ချင်းပြည်နယ် နှစ်မြို့နယ်မှာ ကိုယ်စားလှယ် လောင်းခြောက်ယောက် မှာ ငါးယောက်နိုင်ပါတယ်။ တီးတိန်မှာ ပြည်နယ် လွှတ်တော်ရှုံးပါတယ်။ ချောင်းဆုံမှာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ရှုံးပါတယ်။ရခိုင်မှာ မာန်အောင်တမြို့နယ်လုံး ရှုံးတယ် ။ အဲဒီ သုံးမြို့နယ် ရှုံးပါတယ်။ ကျန်တာအားလုံး နီးပါးနိုင်ပါတယ်။ ” လို့ USDP…

Read More

အင်ဒိုနီးရှားမှာ သက်ကြီးဂေဟာ မီးလောင်လို့ ၁၆ ယောက်သေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ-၂၉-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားမြောက်ပိုင်းရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်း ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ မှာ မြောက်ဆူလာဝေစီပြည်နယ်ရဲ့ မြို့တော် မာနာဒိုမြို့ရှိ ဒါမိုင် သက်ကြီးရွယ်အိုဂေဟာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက ဆိုပါတယ်။ မီးသတ်နှင့် ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဂျင်မီ ရိုတင်ဆူလူက AFP သတင်းဌာနသို့ ပြောကြားရာမှာ သေဆုံးသူများစွာကို သူတို့ရဲ့ အခန်းတွေအတွင်းမှာ တွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းချိန်မှာ အိပ်ပျော်နေကြတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကို ည ၉ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး လောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတွေကတော့ သေဆုံးသူတွေ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပြီး…

Read More

မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ CC+KBT (VOM) ကသာမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့ကစပြီး ပစ်ခတ်သံတွေနဲ့အတူ တိုက်ပွဲတွေ စလာခဲ့ပြီး ခုဆိုရင် တလနီးပါးရှိလာပြီဖြစ်ပါတယ်။ အဲဒီနေ့ နေ့လည် ၁၂နာရီခွဲမှာ လေယာဉ်တွေနဲ့ ကသာမြို့အထွက် လမ်းနဘားကြီးရွာအနီးကိုဗုံးချသံ ၊ညအချိန်မြို့ထွက်မှာပစ်ခတ်၊ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီဇင်ဘာလ ၇ ရက်ည ၈ နာရီခွဲမှာ မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ခမရ(၃၀၉)စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်ညနဲ့မနက်မှာလည်း ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၂ ရက်၊ ၂၃ ရက်တွေမှာနေ့အချိန်ညအချိန်တွေမှာလက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ “ လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ကသာမြို့အနီးအောင်ပုံကျေးရွာကိုလေယာဉ်နဲ့ ဗုံး(၂)လုံးကြဲခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာမြို့ပတ်လည်ကိုဆက်တိုက်ပစ်ခတ်နေကာ ရွေးကောက်ပွဲ မကျင်းပခင် တရက်အလို…

Read More

နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

မန္တလေး၊ ဒီဇင်ဘာ- ၂၉- ၂၀၂၅ VOICE OF MYANMAR ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။ နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီးပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇လမ်း ၆၈…

Read More

ထိုင်းနိုင်ငံ အီလက်ထရောနစ် စက်ရုံကအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

ဒီဇင်ဘာ ၂၉ – ၂၀၂၅ SS (VOM) ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်၊ မနက်ပိုင်းမှာ စက်ရုံ တာဝန်ရှိသူတွေက တစုံတရာ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်သမား အယောက် ၁၆၀၀ ဝန်းကျင်ကို နစ်နာကြေးပေးကာ အလုပ်ရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းဥပဒေအရ သတ်မှတ်ထားတဲ့ နစ်နာကြေးအဖြစ် တနှစ်နဲ့ သုံးနှစ်ကြား လုပ်သက်ရှိသူ အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် ငါးသောင်းလေးထောင်၊ လုပ်သက် တနှစ်အောက် အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် နှစ်သောင်းခုနစ်ထောင် အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

ဗန်းမော် နားက ကံကြီးရွာမှာ လေကြောင်းက ဗုံးကြဲလို့ နေအိမ်တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိ

ဒီဇင်ဘာ ၃၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးက ကံကြီးရွာမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က လေကြောင်း ဗုံးကြဲလို့ နေအိမ် တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အဖွား တယောက် ထိခိုက်ဒဏ်ရာရတယ် အမျိုးသားကြီး တယောက် သေဆုံးတာ ကနဦး တွေ့ရှိထားတယ် ထိခိုက်သူ ဦးရေနဲ့ မီးလောင် နေအိမ် စာရင်းတွေ အတိအကျ မသိရသေးဘူး” လို့ ​ဒေသခံက ပြောပါတယ်။ “ထိခိုက် ဒဏ်ရာ ရရှိထားတဲ့ အဖွားက ဆွေမျိုးလည်း မရှိဘူး။ ဆေးရုံ တက်ရမယ်ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း နွမ်းလန့်ဘက်…

Read More

အပစ်ရပ်သဘောတူညီချက် ကမ္ဘောဒီးယား ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ် စွပ်စွဲ

ဘန်ကောက်၊ ဒီဇင်ဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲလိုက်ပါတယ်။ ကမ္ဘောဒီးယားဘက်ကနေ ပျံသန်းလာတဲ့ ဒရုန်းအစင်း ၂၅၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်ရဲ့ ကြေညာချက်တစောင်မှာ ပြောပါတယ်။ မကြာသေးမီးက အပစ်အခတ်ရပ်စဲရေးဟာ စနေနေ့ ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာ စတင်အသက်ဝင်ခဲ့တာပါ။ နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေ လက်ရှိရှိနေသော ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေရပ်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို နေရပ်ပြန်နိုင်ဖို့အတွက်တွေကို သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအပေါ် တရုတ်နဲ့ အမေရိကန်တို့ရဲ့ သံတမန်ရေးဖိအားပေးမှုနဲ့အတူ ရက်ပေါင်းများစွာ ဆွေးနွေးမှုတွေအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေဟာ တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ အစီအမံတွေကို ချိုးဖောက်ခြင်ေ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူလို့ တနင်္လာနေ့က…

Read More

ပြည်သူ့ရှေ့ဆောင်ပါတီရုံး ပေါက်ကွဲမှု သတင်းအမှားသာ ဖြစ်တယ်လို့ ပါတီဒုဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၆ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရုံးမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်တယ် ဆိုတာဟာ သတင်းအမှားသာ ဖြစ်တယ်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောပါတယ်။ “မဟုတ်ပါဘူး၊ သတင်းအမှားပါ။ အဲဒီပါတီရုံးက လူတွေတောင် ဘာမှ မပြောပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာတော့ အကုန်လုံးက ပေါက်ကရ ပြောနေကြတာပဲ။ ကျွန်တော်တို့က ဟုတ်ရင် ဟုတ်တယ် ပြောမှာပါ။ အခုဟာက ဟုတ်မှမဟုတ်တာ။ သူတို့ဘက်က ဒီလို ထုတ်ပြန်ထားတဲ့ အပေါ်မှာလည်း ဘာမှ မှတ်ချက်မပြုချင်ပါဘူး။ ကျွန်တော်တို့က ဘာမှ အဲဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါက သူ့အလုပ်သူလုပ်တာပဲ။ ကျွန်တော်တို့လည်း…

Read More

ရွေး​ကောက်ပွဲ ၂ရက်သာလိုတဲ့ ဟားခါးက ရုန်းတောင်ဗျူဟာကုန်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဒီဇင်ဘာ ၂၆ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ရုန်းတောင်ဗျူဟာကုန်းကို ဒေသတွင်း လက်နက်ကိုင် တပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ မနက်ပိုင်းကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရုန်းတောင်မှာ အခြေစိုက်တဲ့ အမှတ် (၂၆၆) ခြေလျင်တပ်ရင်း အပါအဝင် အစိုးရတပ်ရဲ့ ကင်းစခန်းတွေကို လက်နက်ကိုင် တပ်တွေက ဒီကနေ့ မနက် ၆ နာရီခွဲဝန်းကျင်မှ စတင်ကာ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သိရပြီး အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တန်ပြန် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။ “လေကြောင်းကတော့ တိုက်ပွဲ စဖြစ်ကတည်းက အဆက်မပြတ် ပစ်ကူပေးနေတာ။…

Read More

လားရှိုးမှာ မြို့နယ်မဲဆန္ဒပြင်ပရောက် ကြိုတင်မဲတွေ စတင်ရေတွက်သလို မဲဆွယ်ဆိုင်းဘုတ်​တွေ ဖြုတ်သိမ်း

ဒီဇင်ဘာ ၂၆၊ ၂၀၂၅။ NN(VOM) ရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်တဲ့ လားရှိုးမြို့နယ်မှာ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ စတင် ရေတွက်နေပြီလို့ ပါဝင်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဆီကနေသိရပါတယ်။ “ဒီမဲတွေဟာ မြို့နယ်မဲဆန္ဒနယ် ပြင်ပရောက် အချုပ်ကျနေသူတွေ၊ သင်တန်းသူ၊ သင်တန်းသားတွေ၊ ဆေးရုံတက်နေရသူတွေ၊ တပ်မတော်သားနဲ့ အတူနေ မိသားစုဝင်တွေရဲ့ ကြိုတင်မဲတွေ ဖြစ်ပါတယ်” လို့ ကိုယ်စားလှယ်​လောင်းတ​ယောက်က​ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က အသစ် ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာလ ယာယီ နေရပ်စွန့်ခွာသူတွေ ရဲ့ ကြိုတင်မဲတွေကိုလည်း ဒီနေ့မှာ ရေတွက်တာ ဖြစ်ပါတယ်။ ဒီမဲလက်မှတ်တွေဟာ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ပေးထားတဲ့ မဲဆန္ဒနယ် ပြင်ပရောက် မဲလက်မှတ်တွေလည်း ဖြစ်ပါတယ်။ မြို့နယ်အတွင်း နေထိုင်ပြီး ရွေးကောက်ပွဲနေ့မှာ…

Read More
VOM News

FREE
VIEW