နိုဝင်ဘာ ၁၄၊ ၂၀၂၁ Shy V(VOM) မြန်မာဘက်ခြမ်း မူဆယ်၊ ၁၀၅ မိုင်၊ ကျင်းစန်းကျော့ ကနေတဆင့် တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာ့ ဖရဲဟာ တရုတ်ပြည်မ ဘက်က ဝယ်လက်တွေ မရောက်တာကြောင့် မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ဈေးကောင်း မရသေးဘူးလို့ နယ်စပ်ကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “မနေ့က ဖရဲဈေး 1 Kg ကို 1.5 ယွမ် နှင့် 2 ယွမ်ကျော် ကြား၊ သခွားမွှေးဈေး ကတော့ 1 Kg ကို 3.5 ယွမ် နဲ့ 5 ယွမ်ကျော်။ ပြည်မကြီး အဝယ်တော်များ ချန်ဟော့်ကွင်းထဲကို မလာကြသေးပါ။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁ ဦး ကပြောပါတယ်။…
Read MoreCategory: စီးပွားရေး
တရုတ်အာလူး တင်သွင်းမှုကြောင့် ပြည်တွင်းဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေ
နိုဝင်ဘာ ၁၁ – ၂၀၂၂ SN (VOM) ပြည်တွင်း အာလူးပေါ်တဲ့အချိန်မှ တရုတ်ဘက်က အာလူး တင်သွင်းလာတာကြောင့် ဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ လန်ကျိုး အကောက်ခွန် လက်အောက်ရှိ ကျင်းချိန် အကောက်ခွန်မှ ဒေသထွက် တန်ချိန်ပေါင်း ၃၅၀ တန်ရှိတဲ့ အာလူးတွေကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ ဈေးကွက်သစ် ဖော်ဆောင်သွားဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် တရုတ်သွင်းအားစုတွေကို ဈေးကြီးပေးဝယ်ပြီး အာလူးစိုက်ပျိုးရေး လုပ်ဆောင်ထားရတဲ့ မြန်မာတောင်သူတွေအနေနဲ့ ဈေးကွက်ပျက်ပြီး အရင်းမရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “ကိုယ့်နိုင်ငံမှာ စိုက်ပျိုးနေတာကို ပြည်ပကတင်သွင်း ခွင့်ပြုတာက တောင်သူကို တမင်နှိပ်စက်ရာကျပါတယ်။ သူတို့ဆီကဝယ်ထားတဲ့ မြေဆီစရိတ်တွေ၊ နောက် အလုပ်သမားစရိတ်၊ မျိုးစေ့အခက်ခဲတွေကြောင့် အရင်းပြန်ရအောင် မနည်းလုပ်နေရတဲ့အချိန်မှာ အခုလို ဈေးကွက်ဖျက်တဲ့…
Read Moreစပါးစျေး ၁၄ သိန်း အထိဖြစ်နေချိန် အခြေခံရည်ညွန်းစျေးဆိုပြီး တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်မှုအပေါ် တောင်သူတွေကပြစ်တင်ရှုတ်ချ
နိုဝင်ဘာ ၁၂-၂၀၂၂ GG(VOM) အခုနှစ် မိုးစပါး နဲ့ မကြာခင်စိုက်ပျိုးတော့မယ့် နွေစပါးစျေးနူန်းကို စပါး တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်တယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ် ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ သိရပါတယ်။ လက်ရှိ ပြင်ပမှာက စပါး တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်း ခွဲကနေ စပြီး စပါးအမျိုးအစားလိုက် စျေးနူန်းမြင့်မားနေချိန် အခုလို စပါးစျေးနူန်းကို ထက်ဝက်လျှော့ချသတ်မှတ်မှုဟာ လက်တွေ့စျေးကွက်အပေါ်အကျိုးသက်ရောက်မှုမရှိပေမယ့်၊ အခုလို စျေး သတ်မှတ်လိုက်တဲ့အဖွဲ့အစည်းကိုတော့ ရှုတ်ချတယ်လို့ တောင်သူတွေကပြောပါတယ်။ ” စပါးစျေးဘယ်လောက်ပေါက်နေလဲ သူတို့မသိမမြင်တာလည်းမဟုတ်ဘူး၊အခုတော့ ပေါက်စျေးထက် တဝက်တောင်လျှော့ပြီး…
Read MoreSME တွေအတွက် ချေးငွေထုတ်ပေးမယ်လို့ပြောပေမယ့် ချေးငွေမရတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေရှိနေ
နိုဝင်ဘာ ၄ – ၂၀၂၂ SN (VOM) အသေးစား၊ အလတ်စား (SME)လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် နစက က ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ ချေးငွေမရရှိတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေ ရှိနေတယ်လို့ SME လုပ်ငန်းရှင်တွေက ပြောပါတယ်။ SME လုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်လို့ ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။ “ချေးငွေထုတ်ပေးမယ်လို့တော့ကြားတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ အကုန်လုံးက ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ NLD အစိုးရခေတ်တုန်းကတော့ ကိုဗစ်ချေးငွေဆိုပြီး ရဖူးတယ်။ အခု အဲ့ဒီချေးငွေကိုတောင် အတင်းအကျပ် ပြန်အတောင်းခံနေရတာပါ။ လက်ရှိ အခြေအနေအရ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေလည်းရှိတယ်။ ၁၀၀ မှာ ၁၀ ရာခိုင်းနှုန်းလောက်ပဲ…
Read Moreဧရာဝတီတိုင်းက ဂဏန်းအရေပျော့တွေ ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေ
နိုဝင်ဘာ ၊ ၂-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းကနေ ထွက်ရှိတဲ့ ဂဏန်းအရေပျော့တွေကို ပြည်ပဈေးကွက် ပြန်လည်တင်ပို့မရောင်းချနိုင်သေးတဲ့အတွက် ပြည်တွင်း ဈေးကွက်တစ်ခုထဲကို အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေတယ်လို့ ဂဏန်း အရေပျော့မွေးမြူထုတ်လုပ်တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ဂဏန်းအရေပျော့တွေကို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ဥရောပနိုင်ငံတွေကို အရင်က တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဂဏန်းအရေပျော့တွေကို ဒီကနေ့အထိ မတင်ပို့နိုင်သေးတာကြောင့် ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတော့ မွေးမြူရေးလုပ်ငန်းမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။ ”ဂဏန်းအရေပျော့ လုပ်ငန်းက အရင်ကတည်းက ပြည်ပ ဈေးကွက်ကိုပဲ အားထားရတာ ၊ ကိုဗစ်နဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ၂ နှစ်နီးပါးရှိလာတဲ့ အချိန်အထိပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက် အလုပ် မလုပ်နိုင်သေးဘူး ၊လုပ်ငန်းတွေက ပုံစံတကျပြန်မလှည်ပတ်နိုင်သေးဘူး ၊ပြည်တွင်း ဈေးကွက်ကို မှီခိုပြီး…
Read Moreတရုတ်ကို မြန်မာ့ပြောင်းတွေ ဆက်လက်တင်ပို့သွားဖို့ ရှိပေမယ့် တောင်သူအချို့ ခက်ခဲနေဆဲ
အောက်တိုဘာ ၂၃ – ၂၀၂၂ SN (VOM) တရုတ်နိုင်ငံကို လက်ရှိမှာ မြန်မာ့ပြောင်း တရားဝင် တင်ပို့နေပြီဖြစ်ရာ နောက်ထပ် တန်ချိန် ၁၀၀၀ ဝန်းကျင် ဆက်လက် တင်ပို့သွားဖို့ ရှိနေပေမယ့် ပြောင်းစိုက်တောင်သူအချို့ကတော့ အခက်အခဲတွေရှိနေသေးတယ်လို့ သိရပါတယ်။ “ပြောင်းဈေးက ကုန်သည်၊ လှောင်လက်တွေအတွက်ပဲ တွက်ချေကိုက်တာပါ။ တောင်သူတွေအတွက်ကတော့ သွင်းအားစုဖိုးတွေ၊ မျိုးစေ့ဖိုးတွေ၊ အလုပ်သမားငှားခတွေနဲ့ ဘာမှမကျန်သလောက်ပါပဲ” လို့ နေပြည်တော်က ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။ ပြောင်းစိုက်တောင်သူတွေအနေနဲ့ အခုနှစ်မှာ ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စတဲ့ သွင်းအားစုဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အရင်းများပြီး တွက်ချေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာ့ပြောင်းကို လက်ရှိမှာ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်း (Normal Trade)ကနေ တရုတ်ကို ပထမဆုံးအနေနဲ့ တန်ချိန် ၉၀၀ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ “စမ်းသပ်တင်ပို့တာမဟုတ်ဘူး။ တရားဝင်…
Read Moreဧရာဝတီတိုင်းက နေလှန်းဆား လုပ်ငန်းတွေ အရှုံးပဲပေါ်နေလို့ ဒီနှစ်မှာ လုပ်ငန်း ပြန်မလုပ်နိုင်
အောက်တိုဘာ၊၂၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဆားလုပ်ငန်းရှင်တွေဟာ အရှုံးပဲပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ နေလှန်းဆား လုပ်ငန်းရှင်တချို့ ရပ်နားလိုက်ရတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ် ။ ဧရာဝတီတိုင်းမှာ နေလှန်ဆား ထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြ တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားလုပ်ငန်းတချို့ ရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆားလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရာသီဥတုဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံတာ၊ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆားလုပ်ငန်းမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ကြရပြီး ဒီနှစ် ဆားရာသီအစမှာလည်း ၊ လုပ်သားခဈေး တက်လာတာ၊ စက်သုံးဆီဈေးတက်တာ ၊ ဆားဝယ်လက်တွေလျော့သွားတာ၊ ဆားကွင်းတွေမှာ လူစု လူဝေး မလုပ်ရဲတာ စတဲ့အကြောင်းအရင်းတွေနဲ့ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ထပ်မံရင်ဆိုင်နေရတာကြောင့်ရပ်နားလိုက်ရတာဖြစ်တယ်လို့…
Read Moreရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို တောက်လျှောက် ရောင်းပေးတော့မယ်လို့ သိရ
အောက်တိုဘာ ၆ – ၂၀၂၂ SN (VOM) ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို သတ်မှတ်ရာနေရာတွေမှာ တောက်လျှောက် ရောင်းပေးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ကနေ သိရပါတယ်။ နစကအနေနဲ့ ရန်ကုန်နဲ့မန္တလေးမှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းချပေးနေတာဖြစ်ပြီး ပြည်တွင်းကုန်ဈေးနှုန်းနဲ့ ရွှေဈေးနှုန်းကို ထိန်းပေးတဲ့သဘောဖြစ်တယ်လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။ “ဒီ ရွှေရောင်းပေးတာက ပုံမှန်အတိုင်းပဲ ဖြစ်သွားတော့မှာပါ။ ဌာနကလည်း တောက်လျှောက် ရောင်းပေးသွားတော့မယ့်သဘောရှိပါတယ်။ ပြင်ပဈေးကိုလည်းထိန်းတဲ့သဘောပဲပေါ့” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ အောက်တိုဘာ ၆ ရက်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နဲ့ မန္တလေးမြို့ရှိ Star Mart Mandalay တို့မှာ အောက်တိုဘာ ၆ ရက်၊ မွန်းလွဲ ၁…
Read Moreဈေးကွက်ထဲ ရွှေထည်ရောင်းချမှုတွေ များပြားနေ
အောက်တိုဘာ ၅ – ၂၀၂၂ SN (VOM) လတ်တလော ပြည်တွင်းရွှေဈေးကွက်အတွင်း အဝယ်ထက် ရွှေထည်ရောင်းချမှုတွေ များပြားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သိရပါတယ်။ “အရောင်းကတော့ တောက်လျှောက် လာရောင်းတယ်။ တချို့ဆိုင်တွေမှာ ပိုက်ဆံကို ၂ပတ်လောက်နေမှ ရှင်းပေးတယ်။ လာရောင်းတာကို ပြန်ကျို၊ ကျိုပြီးတော့ အတုံးအခဲလုပ် ပြန်ရောင်း၊ ရောင်းပြီးတော့မှ လာရောင်းထားတဲ့သူတွေကို ပိုက်ဆံပြန်ပေးတယ်။ ရွှေက ဒီရာသီဆို ပုံမှန်စျေးကျတတ်ပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းတာတွေများတယ်။ ရွှေစျေးက ဒီဇင်ဘာလလောက်အထိ ကျနိုင်တယ်။ ဘတ်ဂျတ်ပိတ်တဲ့ လတွေလည်းဖြစ်တော့ ဌာနဆိုင်ရာတွေကလည်း မဝယ်တော့ဘူး။ စျေးကွက်ကတော့အေးတယ်။ မိုးတွင်းဆိုတော့ အလုပ်အကိုင်တွေသိပ်မကောင်းလို့ဝယ်လိုအားနည်းတာလည်းပါတယ်” လို့ YGEA မှ တာဝန်ရှိသူက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၂၅ ဖြစ်ပြီး…
Read Moreပြင်ပဒေါ်လာဈေး အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရ
အောက်တိုဘာ ၄-၂၀၂၂ SN (VOM) လက်ရှိ ပြင်ပငွေကြေးဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေ အတက်အကျ မြန်ဆန်နေလို့ အရောင်းအဝယ်တွေ ခဏရပ်ထားရတယ်လို့ နိုင်ငံခြားငွေလဲကောင်တာတွေဆီက သိရပါတယ်။ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ ပေါက်ဈေးအရ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၂၉၀၀ ကျော် ပြန်ရောက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ကစလို့ ပြန်လည်ကျဆင်းလာတဲ့ ပြည်တွင်းဒေါ်လာဈေးဟာ အောက်တိုဘာ ၁ ရက်က အနိမ့်ဆုံးဈေး ၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်အရောက်မှာတော့ ၂၉၀၀ ကျပ်ကို ပြန်တက်လာခဲ့ပြီး ၄ ရက်နေ့မှာတော့ ၂၉၅၀ ကျပ်ကို ရောက်ရှိနေပါတယ်။ “ဈေးအတက်အကျမြန်နေလို့ အမေရိကန်ဒေါ်လာ အရောင်းအဝယ်ကို ခဏရပ်ထားတယ်။ တခြားငွေကြေးတွေကိုတော့ အရောင်းအဝယ် ပြုလုပ်ပေးနေပါတယ်”လို့ နိုင်ငံခြားငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့…
Read More