အာကာသထဲမှာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုဟန့်တားရေး ဆုံးဖြတ်ချက်မူကြမ်း ရုရှားက ဗီတိုအာဏာသုံး ပယ်ချ

 

 

နယူးယောက်၊ ဧပြီ-၂၅-၂၀၂၄

မျိုးဆက်(VOM)

 

အာကာသအတွင်း နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို ဟန့်တားဖို့ရည်ရွယ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။

 

ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နဲ့ ဂျပန်တို့က လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တာဖြစ်ပြီး အာကာသကို ငြိမ်းချမ်းစွာအသုံးပြုမှုကို အားပေးထားပြီး အာကာသစာချုပ်ကို အပြည့်အ၀လိုက်နာဖို့ တိုက်တွန်းချက်တွေ ပါဝင်ပါတယ်။

 

ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း ဖြန့်ကြက်ချထားဖို့အတွက် နျူကလီးယားနဲ့ အစုလိုက်အပြုံလိုက်သေစေတဲ့လက်နက်တွေ တီထွင်ထုတ်လုပ်တာကိုလည်း တားမြစ်ပိတ်ပင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

 

မနေ့ကပြုလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှုမှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံကထောက်ခဲ့ပြီး တရုတ်က ကြားနေခဲ့ကာ ရုရှားကဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

 

“ ရုရှားလုပ်ရပ်က ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ပျက်ပြားအောင် အရင်ကလည်း လုပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်း အန္တရာယ်ရှိတဲ့ နျူကလီးယားဆိုင်ရာ သုံးနှုန်းပြောဆိုမှုတွေနဲ့အတူ လိုက်နာရမယ့် တာဝန်တွေနဲ့ ဝေးရာရောက်နေတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကမူ ဒီကိစ္စကို လုံခြုံရေးကောင်စီမှာတင်မဟုတ်ဘဲ  ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ရုရှားအပေါ် နိုင်ငံရေးအရ ရည်ရွယ်ဝါဒဖြန့်ဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ သူက ဝေဖန်ပြောဆိုခဲ့ပါတယ်။

 

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW