ဆူးငှက် ရှုပ်လိုက်တဲ့ မြေ ——————- ၂၀၁၀ခုနှစ် အစိုးရမှ ၂၀၁၅ခုနှစ် အစိုးရအကူးအပြောင်းတွင် မန္တလေးမြေကိစ္စက အတော်ဂယက် ထခဲ့သည်။ ထိုဂယက်က အတော်နှင့် အရှိန်မသေ။ အစိုးရသစ်ထံ လွှဲပြောင်းမည့် ရက်မတိုင်ခင်ညအထိ မြေဂရန်ထုတ်ယူမှုများကို ပြန်လည် စိစစ် နေရသည်ဟူသော သတင်းတွေလည်း ရှိသည်။ ထိုဂယက် ထိုသတင်းများကြောင့် မန္တလေးမြို့တော် စည်ပင်က မြေဂရန် ထုတ်ပေးခြင်း ကိစ္စအဝအဝကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုပြဿနာကြား ကျွန်တော်တို့ သရက်ကုန်းက ကြားညပ်သွားခြင်း ဖြစ်သည်။ မဆီလေးရယ်တဲ့ အိုမဆိုင်ဟု ပြောရပေမည်။ ထိုသတင်းကို ကျွန်တော့် မိတ်ဆွေများရှိသည့် စည်ပင်ကော်မတီမှတဆင့် ကြားရပြီး “ဂရန်ပိတ်တာ ကြာနိုင်တယ်ဗျ၊ ကိုဆူးတို့ သရက်ကုန်းကိစ္စ ဝန်ကြီးချုပ်ဆီ စာတင်ပါလား” ဟုလည်း အကြံပေးသည်။ ထို့ကြောင့် ကျွန်တော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က…
Read More