ထိုင်းမှာ အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံး၊ မြို့တော်ဘန်ကောက် အပူချိန် အလွန်အန္တရယ်များတဲ့ အဆင့်ရောက်နေ

 

 

ဘန်ကောက်၊ ဧပြီ-၂၅-၂၀၂၄

မျိုးဆက်(VOM)

 

ထိုင်းနိုင်ငံမှာ ယခုနှစ်အတွင်းဖြစ်ပွားနေတဲ့ အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံးသွားပြီဖြစ်ဖြစ်ပြီး မြင့်တက်လာတဲ့ အပူချိန်နဲ့ပတ်သက်ပြီး နောက်ထပ်သတိပေးချက်သစ်ကို ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

 

အပူချိန်အညွန်းကိန်းဟာ ၅၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနိုင်တယ်လို့ မြို့တော်ဘန်ကောက် အာဏာပိုင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။ မြို့တော် ဘန်ကောက်ရဲ့ အပူချိန်ဟာ မနေ့က ၄၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ပြီး ဒီနေ့မှာလည်း အလားတူအဆင့်ရှိနေပါတယ်။

 

စိုထိုင်းဆ၊ လေတိုက်နှုန်းနဲ့အခြားအချက်အလက်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် မြို့တော်ဘန်ကောက်ရဲ့ အပူချိန်ဟာ အလွန်အန္တရာယ်များတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဘန်ကောက် သဘာ၀ပတ်ဝန်းကျင်ဌာနက သတိပေးထားပါတယ်။

 

နိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်ဒေသရှိ ယူဒန်သာနီပြည်နယ်မှာလည်း ဒီနေ့မှာ အပူချိန်မြင့်တက်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၁၇ ရက်အတွင်း အပူလှိုင်းတွေကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်တနှစ်တာလုံးမှာ သေဆုံးသူ ၃၇ ယောက်သာရှိခဲ့ပါတယ်။

 

သက်ကြီးရွယ်အိုများ၊ အ၀လွန်သူများအပါအဝင် အခြားရောဂါအခံရှိသူတွေအနေနဲ့ နေအိမ်ပြင်ပသွားလာခြင်းမပြုဖို့နဲ့ ရာသီဥတုဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

 

Ref:AFP

Photo:FP

Related posts

Leave a Comment

VOM News

FREE
VIEW