ပေကျင်း၊ မေ-၄-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အစွန်အဖျားပိုင်းကနေ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ်ကို စေလွှတ်လိုက်ပါတယ်။
Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ကို တင်ဆောင်ထားတဲ့ ဒုံးပျံကို ဝမ်ချန် အာကာသစခန်းကနေ မေ ၃ ရက် ဒေသစံတော်ချိန် ၅ နာရီ ၂၇ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
စူးစမ်းလေ့လာရေးယာဉ်ရဲ့ ၅၃ ရက်ကြာခရီးစဉ်အတွင်း လကမ္ဘာရဲ့ နေရောင်မကျတဲ့ အမှောင်ဘက်ခြမ်းကနေ နမူနာ နှစ်ကီလိုဂရမ်ကို ယူဆောင်လာဖို့ ရည်ရွယ်ထားပြီး ဒါဟာ မဆုံးအကြိမ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါအပြင် စူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းက အေကန်လွင်ပြင် ချိုင့်ကြီးထဲကိုလည်း ဆင်းသက်ဖို့ စီစဉ်ထားတယ်လို့ တရုတ်အာကာသအေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီခရီးစဉ်ဟာ ယခုဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံက စီစဉ်ထားတဲ့ လူလိုက်ပါခြင်းမရှိတဲ့ လကမ္ဘာခရီးစဉ်တွေထဲက ပထမဆုံးသော ခရီးစဉ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတော့ တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့အမှောင်ဘက်ခြမ်းကို စူးစမ်းလေ့လာရေးယာဉ်စေလွှတ်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
၂၀၃၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ အာကာသယာဉ်မှူးတွေကို ပထမဆုံးအကြိမ် လကမ္ဘာပေါ်ခြေချနိုင်ဖို့နဲ့ အင်္ဂါဂြိုလ်နဲ့ ဂျူပီတာဂြိုလ်တို့ရဲ့ နမူနာတွေရယူဖို့ အာကာသယာဉ်တွေ စေလွှတ်ဖို့ ရည်မှန်းထားပါတယ်။
Ref:BBC
Photo:AFP
လကမ္ဘာပေါ်က ကျောက်သားနမူနာတွေရယူဖို့ စူးစမ်းလေ့လာရေးယာဉ် တရုတ်နိုင်ငံ စေလွှတ်
