မန္တလေးတိုင်း တောင်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များ

မေ ၊ ၁၈ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း တောင်ပိုင်းမှာရှိတဲ့ မြင်းခြံခရိုင်နဲ့ တံတားဦး ခရိုင်တွေဘက်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များလာတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မြင်းခြံမြို့နယ် ၊ ဆုံရွာနဲ့ ရွာရှည်ကျေးရွာတွေဘက်မှာ လူသတ်မှုအဖြစ်များတယ် ၊ နောက်ပြီး မလှိုင်မြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ဘက်တွေမှာလည်း ဖြစ်တယ် ၊ ဒီရက်ပိုင်းအတွင်း အသတ်ခံရတဲ့ သူ စုစုပေါင်း ငါးဆယ်ဝန်းကျင်ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက် ၊ ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်းမြို့နယ် ၊ လက်ပံကျင်းကျေးရွာအုပ်စု ၊ လက်ပံကျင်း (တောင်) ကျေးရွာမှာ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပရဟတိသမားတယောက်က ” လက်ပံကျင်း တောင်ရွာထဲကို ညနေ ၆ နာရီဝန်းကျင်မှာ အမည်မသိ (စုံစစမ်းဆဲ) လူ ဆယ်ယောက်လောက် ဆိုင်ကယ်တွေနဲ့ ရောက်လာတယ်။ အဲ့ဒီနောက် လက်ပံကျင်း တောင်ရွာမှာနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ ဦးတင်ဝင်း ၈၀ နှစ်ဆိုသူကို အဲ့ဒီ အမည်မသိ လူတွေက ဖမ်းဆီးပြီး နေအိမ်အပြင်ဘက် လမ်းပေါ်ကို ခေါ်ထုတ်လာတယ် ၊ လမ်းပေါ်ရောက်တော့ ဦးတင်ဝင်းရဲ့ လည်ပင်ကို ဓားနဲ့ အပိုင်းပိုင်း ခုတ်ဖြတ်သတ်တယ် ၊ အဲ့ဒါကြောင့် ဦးတင်ဝင်းဆိုသူ နေရာမှာတင် သေဆုံးတယ်။ အဲ့ဒီနောက် အမည်မသိ လူတွေဟာ ရွာအနောက်ပိုင်းမှာနေတဲ့ ဥိးသိန်းဝင်း ၅၅ နှစ် ၊ သူ့မိန်းမ ဒေါ်ဝင်းမေ ၅၅ နှစ်နဲ့ သူတို့သားဖြစ်သူ ကိုသူရိန်ထွန်း ၂၈ နှစ် ဆိုတဲ့ သားအမိ သားအဖ သုံးယောက်ကိုလည်း လက်နောက်ပြန် ကြိုးတုတ်ပြီး နေအိမ်ထဲက လမ်းဘက်ခေါ်ထုတ်လာတယ် ၊ နောက်ပြီး အဲ့ဒီ သားအဖသုံးယောက်ရဲ့ ဦးခေါင်းတွေကို တူနဲ့ ထုရိုက်သတ်တယ် ၊ အဲ့ဒါကြောင့် လေးလောင်းပြိုင် လူသတ်မှု ဖြစ်တာ ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက် ၊ ညနေပိိုင်း ၆ နာရီဝန်းကျင်က မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ အိုင်မရိုးကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာ၊ မလှိုင် – နွားထိုးကြီးသွား မြို့နယ်ချင်းဆက် ကားလမ်းဘေးမှာ 7P/3625၊ Light Truck အဖြူရောင်မော်တော်ယာဉ် ကားသမားနဲ့ ယာဥ်နောက်လိုက်ဖြစ်သူ ကိုမောင်ကြည်၊ ၄၈ နှစ်နဲ့ ကိုကျော်ဇောလင်း (ခ) ချစ်ပီး ၃၃ နှစ် ဆိုသူနှစ်ယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ် ၊ ရွာရှည်ကျေးရွာမှာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပြီး လူခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မြင်းခြံမြို့နယ် ၊ ဆုံရွာမှာ ကလေး / လူကြီး အယောက် ၃၀ ကျော် အသတ်ခံရပြီး နေအိမ် ငါးဆယ်ကျော် မီးလောင်ခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW