ရေနီအထည်ချုပ်စက်ရုံရဲ့ အနာဂါတ်

Lidl အော်ဒါများ ၂၀၂၄ နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ဆုတ်ခွါမည့်သတင်းကြောင့် ဒေသတွင်းသက်ဆိုင်သူတို့၏ စိုးရိမ်မှုနှင့် သဘောထားများ
Locals and garment workers may become victims for Lidl leaving Myanmar! Young women and their families are worried about their future.
ရေနီမြို့မှာ အထည်ချုပ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ စတင်တဲ့အချိန်က နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းပြီး သင်တန်းသား အယောက် (၂၀)နဲ့ စတင်ခဲ့တာပါ။အခုဆိုရင် ရေနီမြို့နှင့် မိုင်(၂၀) အတွင်းမှာရှိတဲ့ ကျေးရွာတွေက လူတွေနဲ့ လူဦးရေ(၅၀၀၀) နီးပါးကို အလုပ်ခန့်ထားနိုင်ခဲ့ပါပြီ။
ရေနီမြို့ဟာ ဆိပ်ကမ်းရှိတဲ့ ရန်ကုန်မြို့ကနေ မိုင် (၂၀၀) ကျော်ကွာဝေးတာကြောင့် ကုန်ကြမ်းရရှိမှုနဲ့ ကုန်ချော ပြန်လည် တင်ပို့မှုတွေမှာ ကုန်ကျစားရိတ် များတာ၊ အချိန်ပို ကုန်တာ ရှိပေမဲ့လည်း ဒေသဖွံ့ဖြိုးမှုကိုအထောက် အကူ ပေးနိုင် တာကြောင့် Buyer တွေရဲ့ အထူးအလေးပေးထောက်ပံ့မှုတွေကို ရခဲ့တာပါ။ဒါပေမဲ့လည်း ဖွံ့ဖြိုးတိုး တက်မှုအတွက်အထောက်အကူပြုပေးခဲ့တဲ့ ကုမ္ပဏီတွေထဲက Lidl ကုမ္ပဏီအနေနဲ့ အော်ဒါတွေကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ဆက်လက်မချပေးတော့ဘူးလို့ အကြောင်းကြားလာခဲ့ပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ အ ထည်ချုပ်လုပ်သားတွေရဲ့ ရှေ့ရေးကို ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတဲ့ ကိစ္စ နဲ့ လက်ရှိ ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်းမှာ ဒီ ဝန်ထမ်းအရေအတွက်ကို ဆက်လက်မထိန်းထား နိုင်ဘူးဆိုရင်ဘယ်လို ဖြစ်လာမလဲဆိုတဲ့အပေါ် အခုလိုရိုက်ကူးတင်ပြလိုက်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW