အောက်တိုဘာ ၂၅ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ(၁)၊ မြမဥ္ဇူလမ်းက မီးပုံးပျံပြုလုပ်တဲ့ဂိုဒေါင်မှာ ယမ်းခွေပေါက်ကွဲပြီး ကလေးတယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ည ၇ နာရီ ၂၀လောက်မှာ ပုံရိပ်မီးပုံပျံအဖွဲ့ရဲ့ မီးပုံးပျံပြုလုပ်မှုမှာ ယမ်းထည့်ရာကနေတဆင့် ပေါက်ကွဲမီးလောင်လို့ (၁၃) နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရရှိတဲ့ အမျိုးသားသုံးယောက်အနက် နှစ်ယောက်ကလည်း ဒဏ်ရာပြင်းထန်ပြီး လက်ရှိ စပ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ” မီးပုံးပျံယမ်းပေါ့။ သူတို့အပြောကတော့ အချောသတ်တယ်ပေါ့။ ပြောရမယ်ဆိုရင် ယမ်းပိတ်တာပေါ့။ အဲဒီကနေ ပေါက်ကွဲတာပေါ့။ ဒဏ်ရာရ နှစ်ယောက်က စိုးရိမ်ရတယ်။ လောင်တာက ဂိုဒေါင်ပါ။ ” လို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။ မီးလောင်မှုက ည ၇…
Read MoreDay: October 26, 2026
ပြင်ဦးလွင် အဆင်းလမ်းမှာ ခရီးသည်တင်ယာဥ်နဲ့ အငှားကားလေးတိုက်မိပြီး ပေ ၃၀၀ အနက် ချောက်ထဲ ကျခဲ့လို့ လူ ၈ ယောက်သေဆုံး၊ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ
မန္တလေး၊ အောက်တိုဘာ- ၂၃- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း (၁၉/၃) အနီးမှာ မနေ့အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက နယူးမန္တလာထွန်း ခရီး သည်တင်ယာဥ်က ဘရိတ်ပေါက်တာကြောင့် အငှားယာဥ် Nissan Wingroad ကိုဝင်တိုက်ပြီး ပေ ၃၀၀ အနက် ချောက်ထဲ ကျသွားကာ နေရာမှာတင် လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” ကားအောက်မှာ ပိနေတာတွေက DB ဖြစ်သွားတာပေါ့၊ ကားထဲမှာ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာအသီးသီးရခဲ့တယ်၊ ကားက ၂၁ မိုင်ကတည်းက အခြေအနေမကောင်းဘူးလို့ ကားပေါ်ပါတဲ့သူတွေရဲ့ ပြောပြချက်အရသိရတယ်၊ ကျသွားတဲ့ချောက်က ပေ ၅၀၀ လောက်နက်တယ် ပေ ၃၀၀ လောက်အရောက်မှာ ကျောက်တုံးအကြီးနဲ့ ခံနေလို့ ထပ်မကျတော့တာ”…
Read More