ထိုင်းမှာ ကျောင်းတက်မယ့် မြန်မာအမျိုးသားတွေ ED Visa ရဖို့ ထိုင်းပြင်ပ နိုင်ငံကနေ လျှောက်ထားနေရ



မေ ၁၇ – ၂၀၂၄
GG (VOM)

မြန်မာနိုင်ငံက အမျိုးသားတွေကို ထိုင်းတက္ကသိုလ်တွေကကျောင်းအပ်လက်မခံတော့ဘူးဆိုတာမဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ (ED Visa-Language Program) ရဖို့ကတော့ ထိုင်းပြင်ပနိုင်ငံမှာသွားရောက်လျှောက်ထားနေရတယ်လို့ ED Visa ဝန်ဆောင်မှုပေးနေသူတွေဆီကသိရပါတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ (ED Visa-Language Program) ပိတ်ထားတာမျိုးမဟုတ်ပေမယ့် Immigration လ.ဝ.က ဌာနက Education Visa တွေကို အမျိုးသား၊အမျိုးသမီးခွဲခြားပြီး ထိုင်းပြည်တွင်းမှာအကန့်အသတ်နဲ့သာလုပ်ပေးနေတာကြောင့် ED visa ရဖို့အတွက် ပြင်ပထွက်လုပ်နေကြရလို့ လုပ် ဆောင်ရတဲ့အဆင့်တွေပိုများလာတယ်လို့ သိရပါတယ်။

“အခုဖြစ်နေတာက ကျောင်းတွေက လက်ခံတယ်၊ Visa process အတွက် လိုအပ်တဲ့ Documents တွေ ထုတ်ပေးတယ်၊ ဒါပေမယ့် ထိုင်းထဲမှာ Visa process လုပ်လို့မရတော့တာမျိုးဖြစ်နေတယ်၊ Immigration ဘက်က လက်ခံမယ်လက်မခံဘူးကို ကျောင်းဖက်က ယတိပြတ်မပြောနိုင်ကြတာပါ။ Immigration က ဒီ Education visaတွေကို ပြည်တွင်းထဲမှာမလုပ်ပေးတော့တဲ့သဘောပါ၊ တချို့ကျောင်းတွေက မိန်းကလေးဆို ပြည်တွင်းမှာရတယ်။ တချို့ကျောင်းတွေက အကုန်အပြင်ပြန်ထွက်ကြရတယ်၊ Uni visa တွေက အမျိုးသမီးဆိုရတယ်၊အမျိုးသားက အပြင်ထွက်လျှောက်ရမယ်၊အခု မဟာချူလာလောင်ကွန်းက Language school program တွေက အပြင်အကုန်ထွက်ရမယ်ဆိုတဲ့သဘောဖြစ်နေတယ်၊တခုနဲ့တခုမတူတာ၊အခုအခြေအနေက ထိုင်းကတက္ကသိုလ်တွေမှာ မြန်မာနိုင်ငံသားတွေကျောင်းတက်ရဖို့ မလွယ်တာတော့မဟုတ်ဘူး အဆင့်တွေပိုများသွားတယ် ” လို့ ထိုင်းမှာနေထိုင်သူ ED Visa ဝန်ဆောင်မှုပေးနေတဲ့မြန်မာနိုင်ငံသားတယောကကပြောပါတယ်။

ED Visa ရဖို့အတွက် သက်ဆိုင်ရာ ကျောင်းက လိုအပ်တဲ့စာရွက်စာတမ်းတွေ ထောက်ခံချက်အပြည့်အဝပေးပေမယ့်လည်း လ.ဝ.က ဌာနက Education Visa ကိုလုပ်ပေးမှု မရှိသလောက်ဖြစ်သွားတာကြောင့် ပြင်ပနိုင်ငံတွေကိုသွားရောက်ပြီး Education Visa ရရှိဖို့ လျှောက်ထားနေကြရတာဖြစ်တယ် လို့သိရပါတယ်။

” အခုလာအိုက ထိုင်းသံရုံးမှာ Ed Visa သွားလုပ်ကြတယ်၊ အဆင်ပြေကြပါတယ်။ အဓိက ထိုင်းမှာရေရှည်နေမယ့်သူ၊ကုန်ကျစရိတ်သက်သာချင်သူ၊ကျောင်းတက်ရင်းအလုပ်လုပ်ချင်သူတွေအတွက် ED visa ကအဆင်ပြေဆုံးပါ ၊သူသတ်မှတ်ရက်မှာကျောင်းတက်ရုံပါပဲ ” လို့ ပညာရေးဗီဇာဝန်ဆောင်မှုပေးနေသူ နောက်ထပ်တယောက်ကပြောပါတယ်။

Education Visa ရရှိဖို့ကြိုးစားလာသူ များလာတာကြောင့်လည်း လ.ဝ.က ဘက်က Visa ထုတ်ပေးမှုကိုအကန့်အသတ်နဲ့လုပ်လာတာဖြစ်နိုင်သလို မြန်မာနိုင်ငံရဲ့စစ်မှုထမ်းဥပဒေကြောင့် အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့်အပေါ်ထိန်းချုပ်တဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်လို့ ဝန်ဆောင်ပေးနေသူအချို့က သုံးသပ်ပါတယ်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကလည်း ထိုင်းကိုသွားဖို့အတွက် လိုအပ်တဲ့ဗီဇာလျှောက်ထားမှုအပေါ် ရက်ချိန်းရယူခြင်းကိုအကန့်အသတ်နဲ့သာပေးနေပြီး တင်းကြပ်ထားပါတယ်။

မြန်မာကျောင်းသားတွေကို ဗီဇာရပ်ဆိုင်းထားတာ မဟုတ်မှန်ကြောင်းကိုတော့ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က North Chiang Mai တက္ကသိုလ်ကလည်း မေလ ၁၂ ရက်နေ့ က သတင်းထုတ်ပြန်ထားပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW