အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်မယ်

 

ဝါရှင်တန် ၊ မေ-၁၇-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေရဲ့ ပထမဆုံ‌းသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့် ဇွန်လမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံ ဖူကူနဲ့ ကျိုတိုစီရင်စုတွေရဲ့ ကမ်းလွန်ပင်လယ်ပြင်ဒေသမှာ ဇွန် ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

သုံးနိုင်ငံ ကမ်းခြေစောင့်တပ်က ရေယာဉ်တွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ စွမ်းဆောင်ရည်တွေကို ပူးတွဲလေ့ကျင့်ကြမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်ကို မေ ၉ ရက်မှာ သုံးနိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရှာဖွေကယ်ဆယ်ရေးနဲ့ ရေပိုင်နက်အတွင်းမှာ တရားမဝင်လုပ်ဆောင်မှုတွေအတွက် သုံးနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံတွေ၊ ပစိဖိတ်ကျွန်းစုရှိ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်မှာပြုလုပ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ်၊ တောင်ကိုရီးယားသမ္မတတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်လာရေးကို သုံးနိုင်ငံခေါင်းဆောင်တွေက ထပ်မံအတည်ပြုခဲ့ကြပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW