အာရှတလွှားမှာ အပူလှိုင်းတွေ ဆက်တိုက်ဖြစ်ပေါ် ၊ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းတွေပိတ်ထားရပြီး ကလေးငယ် ၃၃ သန်း ပညာသင်ခွင့်ဆုံးရှုံး

 

ဒါကာ၊ ဧပြီ-၂၅-၂၀၂၄

မျိုးဆက်(VOM)

 

အာရှတလွှားမှာ အပူလှိုင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအချို့မှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေတာကြောင့် ကလေးငယ် ၃၃ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။

 

အပူချိန်ဟာ နောက်တပတ်ထိ ဆက်လက်မြင့်တက်နေဦးမယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ဧပြီ ၂၇ ရက်ထိ ပိတ်ထားမှာဖြစ်ပြီး ပူပြင်းဆိုးရွားလှတဲ့ရာသီဥတု အခြေအေနေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားမှုတွေဖြစ်ရတာဟာ ဒုတိယနှစ်ဆက်တိုက် ဖြစ်လာပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကလေးငယ်တွေဟာ ကမ္ဘာပေါ်မှာ အချို့တဲ့ဆုံးထဲမှာပါဝင်ပြီး အပူချိန်ကြောင့် စာသင်ကျောင်း‌တွေ ပိတ်လိုက်ရတာဟာ အားလုံးအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သင့်တယ်လို့ Save the Children အဖွဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ညွှန်ကြားရေးမှူး ရှူမွန်ဆန်ဂတ်တာက ပြောပါတယ်။

 

ဆင်းရဲတဲ့နိုင်ငံတနိုင်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ရာသီဥတုဆိုးရွားမှုတွေကို အခံရဆုံးနိုင်ငံတွေထဲမှာလည်း ပါဝင်နေပါတယ်။ တကယ်လို့ ပင်လယ်ရေမျက်နှာပြင် ၃၀ မှ ၄၅ စင်တီမီတာထိမြင့်တက်လာပါက နိုင်ငံလူဦးရေ လေပုံတပုံဖြစ်တဲ့ ကမ်းရိုးတန်းခရိုင်က လူ ၃၅ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရနိုင်တယ်လို့  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

 

ဒီနေ့မှာတော့ ထောင်ပေါင်းများစွာသော မွတ်ဆလင်တွေဟာ ဗလီတွေနဲ့ ကျေးလက်လယ်ကွင်းတွေမှာ စုဝေးပြီး မိုးရွာသွန်းဖို့ ဆုတောင်းခဲ့ကြပါတယ်။ “ မိုးရွာသွန်မှုနည်းပါးတာကြောင့် ဘ၀ဟာ အတော်သည်းမခံနိုင်စရာဖြစ်လာတယ်။ ဆင်းရဲတဲ့လူတွေ ဒုက္ခအကြီးအကျယ်ရောက်ရတယ်” လို့ ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်သူ မိုဟာမက်အဘူယူဆွတ်က အေအက်ဖ်ပီကို ပြောပါတယ်။ အိနိ္ဒယနဲ့ ဖိလစ်ပို်ငတို့မှာလည်း အပူလှိုင်းကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။

 

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW