ဧပြီ ၂၂ ၊ ၂၀၂၆ GG (VOM) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ မဲဆောက်မြို့ကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မယ့် မြန်မာဘက်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်ပြုတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ အမည်ပေါက်ကား မဟုတ်ပါက ကိုယ်စားလှယ်လွှဲပြောင်းစာချုပ်ပါမှ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ၊ ဒီကန့်သတ်ချက်မှာ အကျုံးဝင်တဲ့ကားတွေက အခုမှ ပကန်(အာမခံ)အသစ်လျှောက်ပြီး ချစ်ကြည်ရေးတံတား ၁ ကနေ ဖြတ်သန်းသွားလာမယ့် ကားတွေ အဓိကဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ထဲက ပကန်ရှိပြီး သွားလာနေတဲ့ကားတွေမပါသေးဘူး ။ အခုကပကန် (အာမခံ) အသစ်လျှောက်ပြီး ဖြတ်မယ့်သူတွေကသာ ဒီမူဝါဒနဲ့ ညိနေတာပါ။ သွားလာနေကြ ကားဟောင်းတွေက ရပါတယ်။ကိုယ်စားလှယ်လွှဲစာပါရင်လည်း ရတယ်ပြောတယ်။ ပြီးတော့ အမည်ပေါက်သူကိုယ်တိုင် ဘေးကနေ ပါလာရင်လည်း ဖြတ်ခွင့်ပေးတယ်သိရတယ်။ ဥပမာ မိန်းမအမည်ပေါက်ကားကို ယောကျ်ားကမောင်းပေမယ့်…
Read MoreDay: April 22, 2026
ကိုရင်ငယ်လေးကို ပြင်းထန်စွာရိုက်နှက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးစစ်ဆေးနေ
ဧပြီ ၂၂ ၊ ၂၀၂၆ GG (VOM) ကိုရင်ငယ် တပါးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးတေဇကို လက်ရှိမှာ ရပ်ကျေးသံဃနာယက ၊ မြို့နယ်သံဃနာယကအဖွဲ့ အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့ နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာ စစ်ဆေးမှု ပြုလုပ်နေဆဲသာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ဆရာတော်ဦးတေဇကို လူဝတ်လဲတာမျိုးမရှိသေးဘဲ သင်္ဃန်းဝတ်နဲ့သာ စစ်ဆေးမှုပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ် ။ “ဗီဒီယို တက်လာတယ်။ location ကိုလိုက်စုံစမ်းတယ်။…
Read Moreမီးပျက်ချိန်များလာလို့ အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ကုန်ကျစရိတ်တိုး
ဧပြီ ၂၂ – ၂၀၂၆ SS (VOM) လျှပ်စစ်မီး ပြတ်တောက်ချိန် များပြားလာတဲ့အတွက် အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ထုတ်လုပ်မှု ကုန်ကျစရိတ် သိသိသာသာ တိုးလာနေတယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိမှာ အအေးခန်းနဲ့ ကုန်ထုတ်စက်ရုံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ စက်သုံးဆီဖိုးနဲ့ လျှပ်စစ်အစားထိုး စရိတ်တွေကြောင့် ပုံမှန်ထက် အဆမတန် မြင့်တက်နေပြီး မီးစက်မောင်းနှင်ဖို့ ဒီဇယ်ဆီဝယ်ယူရမှု၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုတို့ကြောင့် လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက်တွေ ပိုမိုကုန်ကျနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ “ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က မီးစက်ဆီဖိုးနဲ့ ဘတ်ဂျက်အပို သုံးစွဲရတာတွေကြောင့် ဒီနှစ်မှာ အရင်ကထက် ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာတယ်။ မီးစက်တွေကို နာရီနဲ့ချီပြီး အသုံးပြုရတယ်။ စက်သုံးဆီကလည်း အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဆီရှားတယ်၊ အလွယ်တကူရဖို့…
Read Moreသူတို့အိမ် အခန်း (၉၇)
ဆူးငှက် ပစ်ကနစ်ထွက်ကြမယ် ————————- တက္ကသိုလ် ပထမနှစ်ကည်းက သည်၉ယောက်ပဲ ပင်တိုင်ပေါင်းကြသည် ဆိုငြား အတန်းတူ သူငယ်ချင်းများထဲက တစ်ခါတရံ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်ကြသူများလည်း ရှိသည်။ အထူးသဖြင့် ၂၉လမ်းက ကိုခင်မောင်အုန်း၊ ၂၈လမ်းက ကိုတင်အောင်၊ မလွန်က ကိုဝင်းမြင့်အေး၊ အိမ်တော်ရာမြောက်ပေါက်က ကိုဝင်းအောင်၊ လမ်း၈၀က ကိုတင်မောင်ဦး၊ ပျဉ်းမနားက ကိုစော စသူတို့ဖြစ်သည်။ သူတို့အထဲတွင် ကိုတင်မောင်ဦးက ထူးခြားသည်။ သူက ဝါသနာနှင့် မေဂျာ ထပ်တူကျသည်ဟု ပြောရမည်။ သူက သင်္ချာသမားဖြစ်ပါ၏။ အချိန်ပြည့် သူ့ခေါင်းထဲမှာ သင်္ချာပဲရှိသည်။ ထို့ကြောင့် သူက တက္ကသိုလ်မရောက်ခင်ကတည်းက သင်္ချာကျူရှင်ပြသည်။ အခု တက္ကသိုလ် ရောက်တော့လည်း အတန်းဖော်တွေကို သင်္ချာကျူရှင်ပြသည်။ လက်ရှိ သူ့သင်္ချာကျူရှင်တန်းမှာ အတန်းထဲက ကျောင်းသူတွေ အများစုဖြစ်သည်။ ထို့ပြင် သူက…
Read Moreဖားကန့် – ကားမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ KIAက ပိတ်ပေမယ့် ကားတွေသွားလာနေဆဲ
ဧပြီ ၂၂ ၊ ၂၀၂၆ CC (VOM) အစိုးရတပ်တွေဟာ ဖားကန့်ဒေသကို ဖားကန့် – ကားမိုင်းလမ်းကနေ အဓိက ဝင်ရောက်ပြီး အင်အားဖြည့်တင်းနေတဲ့ အတွက် ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို ဒီနေ့ ဧပြီ ၂၂ ရက်ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်လိုက်ကြောင်း KIA တပ်ရင်း ၆ က မနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အင်အားအများအပြားနဲ့ ဖားကန့်ဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်နေတဲ့အတွက် KIA ပူးပေါင်းတပ်တွေဟာ တပ်ဆုတ်နေရတယ်လို့ သိရပါတယ်။ ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း စာထုတ်သတိပေးခဲ့တယ်ပေမယ့် ကားတွေကတော့ သွားလာမှုရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” အဲဒီလမ်းက…
Read Moreတန့်ဆည်မြို့ ကံထူးမရဲစခန်းအနီး ဒီနေ့တရက်တည်း နာရီပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ဖြစ်
ဧပြီ ၂၁ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်မြောက်ဘက်ခြမ်းက ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာ ကံထူးမရဲစခန်းအနီးမှာ ဒီကနေ့ ဧပြီ ၂၁ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကံထူးမကျေးရွာ နယ်မြေရဲစခန်းအနီးရှိ ဈေးတန်းမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှ စတင်ကာ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး ကနဦး သတင်းတွေအရ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ငါးယောက် အပါအဝင် ခြောက်ယောက် ဒဏ်ရာရရှိထားကာ ဆီဘောက်ဆာကားတွေ၊ ဆိုင်ကယ်တွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ငါးယောက် ထိတာမှာ တယောက်ကတော့ အသက်အန္တရာယ်…
Read More