မြဝတီနယ်စပ်ကနေ ထိုင်းသွားမယ့် မြန်မာပြည်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဖြတ်ခွင့်ပြု

ဧပြီ ၂၂ ၊ ၂၀၂၆
GG (VOM)
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ ချစ်ကြည်​ရေးတံတားအမှတ် ၁ ကနေ မဲဆောက်မြို့ကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မယ့် မြန်မာဘက်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်ပြုတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံ​တွေဆီက သိရပါတယ်။
အမည်ပေါက်ကား မဟုတ်ပါက ကိုယ်စားလှယ်လွှဲပြောင်းစာချုပ်ပါမှ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ၊ ဒီကန့်သတ်ချက်မှာ အကျုံးဝင်တဲ့ကားတွေက အခုမှ ပကန်(အာမခံ)အသစ်လျှောက်ပြီး ချစ်ကြည်ရေးတံတား ၁ ကနေ ဖြတ်သန်းသွားလာမယ့် ကားတွေ အဓိကဖြစ်တယ်လို့ သိရပါတယ်။
” အရင်ထဲက ပကန်ရှိပြီး သွားလာနေတဲ့ကားတွေမပါသေးဘူး ။ အခုကပကန် (အာမခံ) အသစ်လျှောက်ပြီး ဖြတ်မယ့်သူတွေကသာ ဒီမူဝါဒနဲ့ ညိနေတာပါ။ သွားလာနေကြ ကားဟောင်းတွေက ရပါတယ်။ကိုယ်စားလှယ်လွှဲစာပါရင်လည်း ရတယ်ပြောတယ်။ ပြီးတော့ အမည်ပေါက်သူကိုယ်တိုင် ဘေးကနေ ပါလာရင်လည်း ဖြတ်ခွင့်ပေးတယ်သိရတယ်။ ဥပမာ မိန်းမအမည်ပေါက်ကားကို ယောကျ်ားကမောင်းပေမယ့် ဘေးမှာ မိန်းမပါနေရင် ဖြတ်ခွင့်ရတဲ့သဘောပါ ။ ” မြဝတီ ဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ယာဥ်အမည်ပေါက်တဲ့ ပိုင်ရှင်ကိုယ်
” အရင်ရက်က မောင်းသွားတာ အမည်ပေါက်မဟုတ်လို့ဆိုပြီး ပေးမဖြတ်ဘူး ။ ပြန်လှည့်ခဲ့ရတယ်။ လိုင်စင်ရှိရင် ပြီးနေတာကို ထိုင်းက သက်သက် လုပ်စားနေတာ ။.မြန်မာဘက် တာဝန်ရှိသူတွေ တခုခုဖြေရှင်းပေးသင့်တယ်။ ” လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ် ။
သင်္ကြန်မတိုင်ခင်အထိကို မြန်မာဘက်က လိုင်စင်ရှိကားအားလုံးကို တံတား ၁ ကနေ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး သင်္ကြန်ပြီးကာလမှာတော့ ခုလို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့သိရပါတယ် ။
လက်ရှိမှာ ပကန်အသစ်လျှောက်ပြီး ဝင်ရောက်မယ့် ကားတွေကိုသာ စတင်ဆောင်ရွက်နေတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ဝင်ရောက်မယ့်ကားအားလုံးကို တင်းကျပ်လာမယ့် အခြေအနေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW