ဆူးငှက် မြေကြောင့် ချမ်းသာလာကြတယ် ———————————– တကယ်တော့ သရက်ကုန်းရပ်ကွက်တွင် ရွာနေပြည်ထိုင် ကနဦးနေထိုင်ကြသူများက ရိုးသားကြပါသည်။ အများစုက လက်လုပ်လက်စားများ ဖြစ်သည်။ လက်လုပ်လက်စားများဘဝမှ လုပ်ရည်ကိုင်ရည်ဖြင့် ကြီးပွား တိုးတက်ကြသူများလည်း ရှိသည်။ ထို့ပြင် လက်ထဲ ငွေစကြေးစလေးများ ရှိလာသောအခါ ရပ်ကွက်ထဲက မြေကလေးတွေ ဝယ်ထားသူများကလည်း အသစ်ရောက်လာသူများက ဝယ်ကြလို့ အမြတ်အစွန်းတွေရလာကြပြီ။ ဆိုပါတော့ ရပ်ကွက်လေး လိမ့်လိမ့်လဲလဲ ကသောင်းကနင်း ဖြစ်စဉ်က ကြောက်လန့်ပြီး ငွေပေါ်ရောင်းကြသူများထံက မြေအကျယ်အဝန်းအလိုက် ၃သိန်းမှသည် ၁၀သိန်းအထိ ဝယ်ထားသူများက ၂၀၁၃ – ၁၄ ဝန်းကျင် ဂရန်တွေ ချပေးမည်ဆိုသောအခါ ဆယ်ကြီးဂဏန်းတွေ ရကုန်သည်။ တဖန် ပိုမို အမြင်ကျယ်သူက ၃သိန်း ၄သိန်းလောက်နှင့် ဝယ်ထားသော မြေပေါ်တွင် ၂ထပ်တဲကြီးတွေ ထိုးကာ ၈ပေပတ်လည်အခန်းတွေဖွဲ့ပြီး အဆောင်ဖွင့် ငှားစားကြသည်။…
Read MoreDay: November 5, 2026
လွတ်ငြိမ်းထောင်ထွက်လား? စစ်ပြန်ကြီးလား?
(ထောင်တံခါးနောက်မှ ဘဝတံခါးရှေ့သို့) ဒေါက်တာဖိုးဖြူ (ကော်ပိုရိတ် ဥပဒေဒါရိုက်တာ) ၁။ ထောင်ကလွတ်လာတာနဲ့ ဘဝဟောင်းကို ပြန်ရပြီလား? မိတ်ဆွေ- အခုလောက်ဆို အိမ်ပြန်ရောက်လောက်ပြီ ထင်ပါတယ်။ အပန်းဖြေလိုက်ပါဦး။ လွတ်ရက်စေ့လို့လား၊ ခံဝန်နဲ့လား၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့လား။ ဘယ်လိုပဲလွတ်လွတ် ထောင်အုတ်ရိုးထဲကနေတော့ အပြင်ကို ရောက်လာခဲ့ပြီပေါ့။ ထောင်ထွက်လက်မှတ်လေးကို ပလတ်စတစ်ကတ်လောင်းပြီး သိမ်းထားချင်လည်း သိမ်းထားပါ။ ဒါပေမဲ့ အဲဒီကတ်လေးကို ကိုယ့်ဘဝတစ်ခုလုံးရဲ့ အမည်နာမအဖြစ်တော့ မသတ်မှတ် လိုက်ပါနဲ့။ ထောင်တံခါး ပြန်ပွင့်လာတဲ့နေ့မှာ အပြင်လောကက ပုံမှန်အတိုင်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကတော့ အရင်အတိုင်း မဟုတ်တော့ပါဘူး။ မိဘတွေ အိုမင်းသွားပြီ။ ကလေးတွေ ကြီးပြင်းလာပြီ။ မိတ်ဆွေတချို့ မရှိတော့ဘူး။ အလုပ်အကိုင်တွေလည်း ပြောင်းလဲသွားပြီလေ။ ဒါကြောင့် ထောင်ကလွတ်လာတာဟာ ဘဝဟောင်းကို ပြန်ရတာထက်၊ ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးရလာတာလို့ မှတ်ယူလိုက်ပါ။ ၂။ အရေးတော်ပုံတိုင်းကို မျိုးဆက်တစ်ဆက်တည်းနဲ့ အဆုံးအဖြတ်ပေးနိုင်သလား?…
Read Moreရွှေထည်ပစ္စည်းတွေ အွန်လိုင်းက ရောင်းချမှုကို ကန့်သတ်တာဟာ မှောင်ခိုဈေးကွက်ကို ပိုပြီး ကြီးထွားစေနိုင်
နိုဝင်ဘာ ၄ – ၂၀၂၆ SS (VOM) ရွှေနဲ့ ရွှေထည်ပစ္စည်းတွေကို အွန်လိုင်းမှတဆင့် ရောင်းချမှုကို ကန့်သတ်တာဟာ ဈေးကွက်ကို ယာယီအားဖြင့် ငြိမ်သက်သွားစေနိုင်ပေမယ့် ပြင်ပဈေးကွက်မှာ တရားမဝင် မှောင်ခို အရောင်းအဝယ်တွေ ပိုမို ကြီးထွားလာနိုင်တဲ့ စိန်ခေါ်မှုတွေလည်း ရှိလာနိုင်တယ်လို့ စီးပွားရေး လေ့လာသူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ နိုင်ငံတော်မှ လတ်တလော ထိန်းကျောင်းနေတဲ့ ဒေါ်လာ၊ ရွှေနဲ့ ကားဈေးနှုန်းတွေ တည်ငြိမ်စေရေး ဆောင်ရွက်မှုကို ပံ့ပိုးနိုင်ဖို့အတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာအပြင် ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းကို ယာယီခွင့်မပြုဘူးလို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က မနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ထားတာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က…
Read More