ဆူးငှက် နိုင်ငံခြား သွားချင်တဲ့ ရောဂါ —————————— ၂၀၀၅ခုနှစ်က ကျွန်တော် မီဒီယာကြီးတစ်ခုတွင် မန္တလေးရုံခွဲ တာဝန်ခံအဖြစ် အလုပ်ကို စတင်လက်ခံစဉ် အကြီးအကဲက မေးသည့် မေးခွန်းတစ်ခုကို သတိရမိသည်။ “ကိုဆူးငှက် ခင်ဗျားနိုင်ငံခြားသွားချင်တဲ့ ရောဂါရှိလားဗျ” ဟူသော မေးခွန်း ဖြစ်သည်။ ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။ “မရှိဘူးဗျ၊ ဒါကြောင့်လည်း နိုင်ငံခြားသွားရမယ် ဆိုရင် ဘယ်နည်းနဲ့ သွားရသွားရဆိုပြီး ကြိုးပမ်းတာမျိုးလည်း မရှိခဲ့ပါဘူး” ဟု ဖြေခဲ့သည်။ ဟုတ်သည်။ ၂၀၀၀ခုနှစ် ဝန်းကျင်ကလည်း ဆရာလူထုဦးစိန်ဝင်းက ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် တိုင်ပင်ပြီး ကျွန်တော့်ကို နိုင်ငံခြားက သင်တန်းတစ်ခု လွှတ်ဖို့ စီစဉ်ဖူးသည်။ ကျွန်တော်က အကြောက်အကန် ငြင်းခဲ့သည်။ ဆရာလူထုဦးစိန်ဝင်းက ကျွန်တော့်ကို နားမလည်သလို ကြည့်သည်။ သည့်နောက် ဘန်ကောက်မှာ ချင်းမိုင်မှာ ကမ္ဗောဒီးယားမှာ သင်တန်းတွေ သွားတက်ကြတော့ ကျွန်တော့်ကိုလည်း…
Read MoreDay: November 6, 2026
ပခုက္ကူမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောပိုးရှိသူ ၂ဦးတွေ့
ပခုက္ကူ -နိုဝင်ဘာ ၅-၂၀၂၆ NP(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးတွမှာ မန္တလေးမြို့က ပြန်လာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရပါတယ်။ “ရောဂါပိုး တွေ့ရှိသူ ၂ ဦးက မန္တလေးမြို့ကနေ သီးခြားစီ ပြန်လည်ရောက်ရှိလာကြသူတွေဖြစ်တယ် ရောဂါလက္ခဏာ စတင်ပြသတဲ့ ရက်စွဲလည်း မတူပါဘူး” လို့ ပခုက္ကူခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဖြစ်စဉ်က အသက် (၃၇) နှစ်အရွယ် ခရီးသွား အမျိုးသမီးတဦးကနိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့ကနေ မြိုင်မြို့ကို ပြန်လာစဉ် မြင်းခြံမြို့မှာ ထမင်းစားအပြီး မကြာခဏ ဝမ်းသွားတဲ့ လက္ခဏာနွေ စတင်ခံစားနေရတယ် အလားတူ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ် အမျိုးသားက နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့ကနေ ပြန်လည်ရောက်ရှိလာပြီးနောက်…
Read More