ပခုက္ကူမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောပိုးရှိသူ ၂ဦးတွေ့

ပခုက္ကူ -နိုဝင်ဘာ ၅-၂၀၂၆
NP(VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးတွမှာ မန္တလေးမြို့က ပြန်လာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရပါတယ်။
“​ရောဂါပိုး တွေ့ရှိသူ ၂ ဦးက မန္တလေးမြို့က​နေ သီးခြားစီ ပြန်လည်ရောက်ရှိလာကြသူ​တွေဖြစ်တယ် ရောဂါလက္ခဏာ စတင်ပြသတဲ့ ရက်စွဲလည်း မတူပါဘူး” လို့ ပခုက္ကူခရိုင်​​ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဖြစ်စဉ်က အသက် (၃၇) နှစ်အရွယ် ခရီးသွား အမျိုးသမီးတဦးကနိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့က​နေ မြိုင်မြို့ကို ပြန်လာစဉ် မြင်းခြံမြို့မှာ ထမင်းစားအပြီး မကြာခဏ ဝမ်းသွားတဲ့ လက္ခဏာ​နွေ စတင်ခံစားနေရတယ် အလားတူ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ် အမျိုးသားက နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့က​နေ ပြန်လည်ရောက်ရှိလာပြီးနောက် မကြာခဏဝမ်းသွားတဲ့ လက္ခဏာများ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
​အဆိုပါ လူနာ ၂ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက ချမ်းမြေ့ ပုဂ္ဂလိကဆေးရုံကတဆင့် ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပါတယ်။
တာဝန်ကျဆရာဝန်​တွေက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါသံသယရှိတာမို့ Cholera Test Kit နဲ့ စစ်ဆေးခဲ့တာမှာ ရောဂါပိုး တွေ့ရှိခဲ့တာလို့သိရပါတယ်။
​လက်ရှိမှာ ရောဂါပိုးတွေ့ရှိသူ လူနာ ၂ ဦးလုံးဟာ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ​တွေရဲ့ မိသားစုဝင်​တွေကိုလည်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးကုသပေးခြင်းနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှု​တွေ ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW