ဇွန် ၁၀၊ ၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့က နောင်ချို မြို့ပေါ်ကနေ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ PDF တွေကို ဒီရက်ပိုင်းအတွင်း ထွက်ထားခိုင်းကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“PDF တွေကို ဆုတ် ခိုင်းတယ် ဆိုတာက နောင်ချို မြို့ပေါ် ကနေပါ။ ဒီ နစ်ရက်၊ သုံးရက် အတွက် ဆုတ်ထားဖို့ ပြောတယ်လို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း နစက တပ်ဖွဲ့က ကံကြီးအထိရောက်လာလို့ မြို့ပေါ်က ဒေသခံ ပြည်သူတွေကိုလည်း ရှောင်သင့်တဲ့ နေရာ ကြိုတင် ရှောင်ကြဖို့ ပြောတာရှိပေမယ့် အများကြီးရှောင်တာမျိုးဝော့ မတွေးရဘူးလို့ သူက ပြောပါတယ်။
အရင်နေ့က ကံကြီးဘက် တိုက်ပွဲ ပြန်ဖြစ်လာတော့ ကံကြီးဘက်က ဒေသခံ ပြည်သူတွေကဝော့ အကုန်လုံး တိုက်ပွဲ ပြန်ရှောင်ကြရတယ်လို့ သူက ပြောပါတယ်။
“နောင်ချို ပြန်ပေးရမယ်ဆိုတာကတော့ မပြောတတ်ဘူး။ အစီအစဉ် ရှိပုံတော့ မရဘူး။ သူတို့ အစီအစဉ်ရှိရင် ကံကြီးကို ဘယ်ပြန်သွားတိုက်မလဲ။ အခု ကံကြီးကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ ပြန်တိုက်လိုက်တာ စစ်တပ်က ရွှေမုဌော ဝောာင် ပြန်ရောက်သွားပြီကော” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အုမ္မသီးဘက်၊ တောင်ကျဘက်တွေ နစက ဘက်က ဒရုန်းနဲ့ ပစ်ခတ်တာတွေ၊ လက်နက်ကြီးနဲ့ ထုတာတွေတော့ ရံဖန်ရံခါ အသံတွေ ကြားနေရတယ်လို့ လို့က ပြောပါတယ်။
အုမ္မသီး ဘက်မှာတော့ ဒရုန်းတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်တာရှိလို့ ရွာခံတွေ မနေရဲ တော့ပဲ ဒေသခံ ပြည်သူအများစု ဆမ္မဆယ် ဘက်မှာရှောင်နေကြရတယ်၊ ဆမ္မဆယ်ဘက်မှာလည်း တခါတလေ လက်နက်ကြီးတွေ ပစ်ထည့်တာတော့ရှိနေတော့ လုံးဝ လုံခြုံတာမျိုးတော့ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။
ကူမင်းဆွေးနွေးပွဲမှာတော့ နစက တပ်ဖွဲ့ ဘက်က ၂၀၀၈ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ အတိုင်း TNLA တပ်ဖွဲ့ကို နမ့်ဆန်နဲ့ မန်တုံ အထိ ဆုတ်ခွာဖို့ ပြောပေမယ့် သဘောတူညီချက်မရပဲ လာမယ့် ဩဂုတ်လမှ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့်နေသူ အမျိုးသား တယောက်က ပြောပါတယ်။
ဇွန်လ ၉ ရက် မနက် ၈ နာရီ ခွဲကျော်ခန့်က နစက တပ်ဖွဲ့ဘက်က ထိုးစစ်ဆင်လာ လို့ ပိန္နဲကုန်းနဲ့ ကံကြီးရွာ အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ထားပါတယ်။
ဇွန်လ ၈ ရက်ေန့မှာလည်း နောင်ချိုမြို့နယ် ရှောက်ခြံရွာ၊ ကံကြီးရွာ၊ လက်ပန်ကုန်းရွာ တွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ ၇ ရက် နေ့ကလည်း TNLA တပ်ဖွဲ့ရှိရာ ကံကြီးရွာ၊ ညောင်တောရွာ၊ နောင်ချိုကြီးရွာတွေဘက်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၄ ရက်ေန့က နစက တပ်ဖွဲ့ဘက်က နောင်ချိုမြို့လက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ယောက် ထိခိုပ်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်အိမ်၊ ဘုန်းကြီးကျောင်း တကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့တာ်လို့လည်း ဖော်ပြထားပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ယမန်နေ့ ဇွန်လ ၉ ရက် နေ့က နောင်ချိုမြို့နယ် ညောင်ပင်သာကုန်း၊ ရေမောင်းကုန်း တွေမှာရှိတဲ့ TNLA တပ်စခန်း နေရာ တွေကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ပြောပါတယ်။
တိုက်ပွဲအတွင်း နစက တပ်ဖွဲ့ဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA တပ်ဖွဲ့ဝင် အလောင်း ခြောက်လောင်း၊ သေနတ် နှစ်လက်၊ ကျည်အိမ်နဲ့ ကျည်ဆန်၊ လက်ပစ်ဗုံး နဲ့ မိုင်း၊ ခဲယမ်းနဲ့ ဗုံးသီးတွေ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်း ညီနောက် သုံးဖွဲ့ကတော့ ငလျင်ဒဏ်သင့်ပြည်သူေတွအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိုးစစ်ပြုလုပ်မှာ မဟုတ်ပဲ တဖက်သတ် အပစ်ရပ် ကာလကို နောက် ထပ် တလ သက်တမ်းထပ် တိုးကြောင်း ဇွန်လ ၂ ရက် နေ့က ထုတ်ပြန်ထားပါတယ်။
နစက ဘက်ကလည်း ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန် ၁ ရက် ကနေ ၃၀ ရက်နေ့အထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်း မေ ၃၁ ရက်မှာ အသိပေး ထုတ်ပြန် ကြေညာထားပါတယ်။
Photo Crd# ဒေသခံ၊ Google