ဆူးငှက် ဓာတ်ပုံ မိသားစု ———————– ဦးကြီးဦးလှတင်က ရှေးဓာတ်ပုံဆရာကြီးလည်း ဖြစ်သည့်အပြင် ဝေးသီခေါင်လှသော သဖန်းဆိုသည့် ကျေးလက်ကလေး မှသည် မန္တလေးသို့ စွန့်စွန့်စားစားတက်လာပြီး အဖော်များကဲ့သို့ သမားရိုးကျ ထမ်းပိုးထမ်း၍ ဆီမရောင်းဘဲ အမြော်အမြင်ကြီးစွာဖြင့် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် မြို့လယ်ခေါင်တွင် ကိုယ်ပိုင်ဓာတ်ပုံတိုက် ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းခဲသူဖြစ်သည်။ ဦးကြီးက သူ့ဓာတ်ပုံပညာကို ဇနီးဖြစ်သူ ဒေါ်ဒေါ်လုံးကိုလည်း သင်ကြားပေးရာ လှဂုဏ်ရည်တွင် ဒေါ်ဒေါ်လုံးသည် ဓာတ်ပုံနှင့် ပတ်သက်၍ ဦးကြီးနည်းတူ တန်ဖိုးထားသူ ဖြစ်သည်။ ကျွန်တော်လှဂုဏ်ရည်ကို ရောက်တော့ ဒေါ်ဒေါ်လုံးမရှိတော့။ ထို့ပြင် သမီးကြီး မမခင်ဌေးလည်း ကင်မရာကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သည်။ နောက် ဘွဲ့ရပြီး ဝန်ထမ်းဖြစ်သွား၏။ နောက် ကိုကျော်ဝင်းပေါ့၊ သူကတော့ ပြောစရာမလို ဝါရင့် ဓာတ်ပုံဆရာဖြစ်ပြီး ဦးကြီးလိုပဲ ဓာတ်ပုံအပေါ် တန်ဖိုးထား…
Read MoreDay: May 31, 2026
မြန်မာ-ရုရှား ဆက်ဆံရေး
MT(VOM) (ကုန်းဘောင်ခေတ်မှ မျက်မောက်ကာလ) သမိုင်းဟူသည် အတိတ်က အဖြစ်အပျက်များကို မှတ်တမ်းတင်ထားရုံမျှ သက်သက်မဟုတ်ဘဲ၊ ပစ္စုပ္ပန်ကို ပုံဖော်ကာ အနာဂတ်အတွက် လမ်းပြနေသော တက်ကြွလှုပ်ရှားနေသည့် ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေသည်။ နှင်းထုများ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေတတ်သည့် ရုရှားတို့၏ စတက်လွင်ပြင် ကြီးများနှင့် နေရောင်ခြည် တောက်ပပူပြင်းလှသည့် အပူပိုင်းဒေသ မြန်မာ့မြေတို့သည် ပထဝီဝင်အနေအထားအရ မိုင်ထောင်ပေါင်းများစွာ ကွာဝေးလှသော်လည်း၊ နိုင်ငံရေးနှင့် သမိုင်းကံကြမ္မာ ရေစီးကြောင်းထဲတွင်မူ အပြန်အလှန် ဆက်နွှယ်ပတ်သက်မှုများ ရှိခဲ့ကြပေသည်။ ကုန်းဘောင်နေဝင်ချိန်နှင့် ရုရှားတံခါးကို ခေါက်ခြင်း ၁၉ ရာစုနှောင်းပိုင်း ကုန်းဘောင်ခေတ် နေဝင်ချိန်ကာလများဆီသို့ ကျွန်တော်တို့ မျက်စိမှိတ်ပြီး ပြန်တွေးကြည့်ကြပါစို့။ ထိုအချိန်က မြန်မာ့နန်းတွင်းသည် ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့လာမည့် အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ထိတ်စွာ စောင့်ကြည့်နေရသော အချိန်ဖြစ်သည်။ အင်္ဂလိပ်တို့၏ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဥရောပနိုင်ငံကြီးများနှင့် သံတမန်ဆက်သွယ်ရေး…
Read Moreကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ
မေ ၃၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် (စနဲမြို့အပါအဝင်) နဲ့ စစ်တွေမြို့နယ် အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ဖြူနဲ့ စနဲမြို့အနီးမှာ အခု မေလအတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ အထူးပြင်းထန်လျက်ရှိပြီး အစိုးရတပ်က လေကြောင်း၊ ရေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ငါးသောင်းဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စနဲမြို့နဲ့ ၇ မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ အစိုးရတပ်ရဲ့ ရေတပ် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် အစိုးရတပ်ရဲ့…
Read More