သူတို့အိမ် အခန်း (၁၂၇)

ဆူးငှက်   မိန်ရာသီ မန္တလေး အလွမ်း ——————————- ကျွန်တော်က တည်းခိုသော ဦးဝိစာရတိုက်ခန်းရောက်သည်နှင့် ပေးလိုက်သော စာလိတ်လေးကို ဖြည်ကြည့်သည်။ လက်၃လုံးအရွယ် စာရွက်ရှည်လေးပေါ် ပုရွက်ဆိတ်လေးများလို စာလုံးလေးတွေ စေ့နေအောင် ရေးထားသည်။ စာလုံးသေးသော်လည်း ဖတ်ရတာက ရှင်းသည်။ သင်္ကြန်နားနီးလို့ မန္တလေးကို သတိရတာ၊ ရေသဘင်အဖွဲ့တွေကို သတိရတာ မိတ်ဆွေတွေကို သတိရတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားသည်။ “ သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ။ ဘယ်ဆီကြည့်ကြည့် လေပွေလေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော်ခေါ်လာတဲ့ မိန်ရာသီ။ ခြောက်သွေ့မှု တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ်၊ အမည်ဖောင်ပြခြင်းငှာ မစွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ။ အဲ့ဒီအချိန်မှာ ဒို့နေရတဲ့ အဆောင်က အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ အချို့တဝက်ကို မြင်နေရတယ်။…

Read More

တရားမ၀င်တင်သွင်းတဲ့ အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း​တွေ မုံရွာမှာ ဖမ်းဆီး

မုံရွာ-​မေ ၃၁- ၂၀၂၆ MW(VOM) အစိုးရရဲ့ ရက်၁၀၀ စီမံချက်အရ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးတာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကလမ်းရှိနေအိမ်တခုက​နေ ကျပ်သိန်း၄၀၀နီးပါးတန်ဖိုးရှိ တရားမ၀င် အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း(၅)မျိုးဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းက​နေ သိရပါတယ်။ အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်း​တွေ တရားမ၀င် သိုလှောင်ထားကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ တထပ်တိုက်နေအိမ်အတွင်း အိမ်ငှားနေထိုင်သူ ကျော်ကျော်(၃၃)နှစ် ကို တရားမ၀င်ကုန်ပစ္စည်း​တွေနဲ့အတူ တွေ့ရှိတာမို့ မုံရွာမြို့နယ်မြေရဲစခန်းမှာ (ပ)၁၀၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားကြောင်းသိရပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်း​တွေက​တော့ Ovaltine ပုလင်းဂျက်ဖာ(၁၀၅)ဖာ၊ LUX ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၈)ဖာ၊ Life Buoy ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၂)ဖာ၊ Colgate သွားတိုက်ဆေးဗူးပါ ဂျပ်ဖာ(၁၁)ဖာ၊ Vatika ခေါင်းလျော်ရည်ထုပ်​တွေပါတဲ့ ဂျပ်ဖာ(၂၅၀)ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဘိုး သိန်း၄၀၀ ကျပ်ဝန်းကျင်တန်ဖိုးရှိ​ကြောင်း သိရပါတယ်။ ၂၀၂၆ နှစ်ဦးပိုင်းကလည်း မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊…

Read More
VOM News

FREE
VIEW