နေပြည်တော် အခြခံပညာကျောင်း​တွေ စတင်ဖွင့်တဲ့​နေ့ ပညာရေးဝန်ကြီး ကျောင်းသားတွေရဲ့အခက်အခဲတွေမေးမြန်း

နေပြည်တော် ဇွန် ၁ – ၂၀၂၆
KKL(VOM)
ဒီကနေ့ ဇွန်လ ၁ ရက်နေ့မနက်ပိုင်းက နေပြည်တော်က အခြေခံပညာကျောင်း​တွေမှာရှိကြတဲ့ ကျောင်းသူ ​ကျောင်းသား​တွေဟာ ဒီ​နေ့မနက်ကစပြီး စာသင်ကြားနေကြပြီဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.ဒေါ်ချောချောစိန် နေပြည်တော် အထက(၆) ကိုရောက်ရှိပြီးကျောင်းသားကျောင်းသူတွေ ကျောင်းသုံးစာအုပ်တွေရရှိခြင်းရှိမရှိကို မေးမြန်းပြီး ကျောင်းသားမိဘတွေကိုကျောင်းမျက်နှာစာရှေ့မှာ သွားရောက်တွေ့ဆုံပြီး ကျောင်းသုံးစာအုပ်ရရှိမှုက်ို မေးမြန်း အတည်ပြုခဲ့ပါတယ်။
လက်ရှိ နေပြည်တော်မှာ ကျောင်းအပ်နှံတဲ့အခြအနေကတော့ ပြီးခဲ့တဲ့ ၂၀၂၅/၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူဦးရေ နှစ်သိန်းသုံးသောင်းကျော်အပ်နှံခဲ့ကြတယ်လို့သိရပြီး အခု ၂၀၂၆/၂၀၂၇ ပညာသင်နှစ်အတွင်းလက်ရှိအချိန်အထိ ကျောင်းသားကျောင်းသူ ဦးရေ တသိန်းရှစ်သောင်းကျော်ကျော်အပ်နှံမှုရှိခဲ့တဲ့အတွက် မနှစ်ကထက် ကျောင်းအပ်နှံမှု ရာခိုင်နှုန်းလျှော့နည်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကနေ အခုဇွန်လကုန်အထိ မြန်မာနိုင်ငံတစ်ဝှမ်းက အခြခံပညာကျောင်းတွေကို ကျောင်းအပ်နှံရေးရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး ကျောင်းသားကျောင်းသူတွေကို စတင်ပြီး ကျောင်းအပ်နှံမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW