အိန္ဒိယနိုင်ငံ စီယန်မြစ်ပေါ်မှာ ရေကာတာဆောက်မည့်အစီအစဉ်ကို ဒေသခံပြည်သူများ ကန့်ကွက်

ဇွန်၊ ၃၀၊ ၂၀၂၅
စီယန်မြစ်အထက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးနေရာက ဗဟိုလက်နက်ကိုင်ရဲ တပ်ဖွဲ့ (CAPF) ထွက်လာတာမဟုတ်ကြောင်း စီမံကိန်းကို ရေရှည်ဆန့်ကျင်နေတဲ့ The Siang Indigenous Farmer Forum ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ SIFF ခေါင်းဆောင်က “The Central Armed Police Force က စီယန်မြစ်အထက်ပိုင်းခရိုင်၊ စီယန်မြစ်အရှေ့ပိုင်းခရိုင်ကနေ ထွက်လာတာမဟုတ်ဘူး”လို့ ပြောပါတယ်။ မေ ၂၃ ရက် အရူနာချယ် ပရာဒေ့ရှ် ပြည်နယ်၊ စီယန်ခရိုင် ၊ ပင်ကျေးရွာမှာ မီဂါဝပ် ၁၁၀၀၀ ကျော်ထုတ်လုပ်မည့် ရေအား လျှပ်စစ်စီမံကိန်း ကန့်ကွက် ရှုတ်ချပွဲကို CAPF သည် နှိပ်နင်းရေးပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အာရူနာချယ်ပရာဒက်ရှက်ပြည်နယ်ရှိ စီယန်မြစ်ပေါ်တွင် မီဂါဝပ် ၁၁၀၀၀ ကျော် ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်အတူ ဒေသခံ ပြည်သူများ၏ ရွှေ့ပြောင်းရမည့်အခြေအနေနှင့် ရေနစ်မြုပ်မည့်အခြေအနေ စသည်တို့ကြောင့် ကနဦး စစ်တမ်းကောက်ခံမှုအဆင့်မှာ ဒေသခံပြည်သူများက ကန့်ကွက်ဆန့်ကျင်နေ့ကြောင်း သိရသည်။
စီယန်မြစ်ပေါ်မှာ မီဂါဝပ် ၁၁၀၀၀ ကျော် ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းအနီးတဝိုက်တွင် စီယန်မြစ်ချိုင့်ဝှမ်း ဌာ​ေနတိုင်းရင်းသားအများစုနေထိုင်ကြခြင်းဖြစ်ပြီး၊ ဌာ​ေနတိုင်းရင်းသားများသည် တောင်သူလယ်သမားဖြစ်ကြောင်း၊ စီယန်မြစ်ကို အမီပြုပြီး နေထိုင်ရှင်သန်နေကြသည့်အတွက် စီယန်မြစ်ပျက်စီးသွားမည့်အရေးကိုလည်း မလိုလားကြခြင်းဖြစ်သည်။
အိန္ဒိယအစိုးရအနေဖြင့် ဒေသခံပြည်သူများမလိုလားသည့်အကျိုးစီးပွားကို အမျိုးသားအကျိုး စီးပွားနှင့် ဖွံဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင် ဌာနတိုင်းရင်းသားများ၏အသံတိမ်မြုပ် ပျောက်ကွယ်မသွားဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ၏ အခွင့်အရေး၊ ရိုးရာ၊ ယဉ်ကျေးမှုအမွေးအနှစ်များ ပျောက်ကွယ်မသွားရေးအတွက် အားလုံးကြိုစား ပေးကြဖို့လည်း ဒေသခံပြည်သူများက ပြောကြားထားကြသည်။
အိန္ဒိယနိုင်ငံအတွင်း ဖွံဖြိုးတိုးတက်ရေးအတွက်ဟုဆိုကာ အစိုးရ၏ ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဒေသခံပြည်သူများအနေ့ဖြင့် ရေနစ်မြုပ်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်း၊ ဘိုးဘွားပိုင်မြေဆုံးရှုံးခြင်း၊ ရေကာတာစီမံကိန်းများအတွင်း ပြည်သူများရွှေ့ပြောင်းနေထိုင်ရ ခြင်းစသည့် ဆုံးရှုံးမှုများစွာကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ရေအားလျှပ်စစ်စီမံကိန်းများကြောင့်အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသောရေကြီးရေလျှံမှု၊ မျိုးသုဉ်းလုနီးပါးရှိသော ဂင်္ဂါမြစ်အတွင်းမှ လင်းပိုင်များကိုဆုံးရှုံးခြင်း၊ယဉ်ကျေးမှုအမွေအနှစ်များပျက်စီးရခြင်း စသည့်ဆိုးကျိုးများကြောင့် ဌာနေတိုင်းရင်းသားပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ရေးတက်ကြွလှုပ်ရှားသူများက အိန္ဒိယအစိုးရထံ အသနားခံစတင်ခြင်းနှင့်ကန့်ကွက်မှုများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
စီယန်မြစ်ပေါ်တွင် မီဂါဝပ်၁၁၀၀၀ကျော် ထုတ်လုပ်မည့်ရေအားလျှပ်စစ်စီမံကိန်းကို ဌာ​ေနတိုင်းရင်းသားများအနေဖြင့် ကနဦးအဆင့်စစ်တမ်းမှာပင် ကန့်ကွက်နေမှုများရှိနေသလို အခြားသောပြည်နယ်များက ရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူများကလည်း ကန့်ကွက်ဆန္ဒပြမှုများရှိသည်။

Related posts

Leave a Comment

VOM News

FREE
VIEW