ဗီယက်နမ် ကွန်မြူနစ်ပါတီနဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ နှုတ်ထွက်မှု ဆက်တိုက်ဖြစ်ပွား



ဟနွိုင်း၊ ဧပြီ-၂၇-၂၀၂၄
မျိုးဆက်(VOM)

ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီအကြီးအကဲတွေ ဆက်တိုက်နှုတ်ထွက်မှုတွေ ဖြစ်ပွားနေပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဗောင်ဒင်လျူဟာ ဧပြီ ၂၆ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။

သူ ရာထူးမှနှုတ်ထွက်ရတဲ့ အကြောင်းရင်းကို အသေးစိတ်ဖော်ပြမထားဘဲ ရာထူးမှနှုတ်ထွက်သွားကြောင်းသာ ကွန်မြူနစ်ပါတီက ထုတ်ပြန်ထားကာ ရာထူးမှနှုတ်ထွက်သွားသူတွေထဲမှာ ပါတီရဲ့ စတုတ္ထမြောက် ရာထူးအမြင့်ဆုံးသူဖြစ်ပါတယ်။

သူာ် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှလည်း နှုတ်ထွက်ခဲ့ပြီး နှုတ်ထွက်စာကို ဧပြီ ၂၆ ရက်ကပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ တာဝန်ရှိသူတွေက လက်ခံခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံသည် အစိုးရနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆို အပြစ်ပေးခြင်းတွေ အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ပါတီရဲ့ ဒုတိယအမြင့်ဆုံးရာထူးတာဝန်ယူထားတဲ့ သမ္မတဟာ ပြီးခဲ့တဲ့လက ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။

သူ့ မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေက ဗီယက်နမ်မှာ လာရောက်ရင်းနှီးမြုပ်နှံမှုများအပေါ် သက်ရောက်လာနိုင်ခြေရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW