သည်မိုး..သည်လေ ကူတော့

ဆူးငှက် မှိုင်းအုံ့လို့ရီ…၊ တိမ်ခိုးမြူမှောင်နှင့် ဘယ်တောင်ကို ဘယ်လိုလွမ်းပါရ၊ညွှန်းဆိုတတ်ပြီ…။ နတ်တံပိုး မုရိုးကခတ်သံသည်…၊ဟန်ချီလို့အုံ့တုန်း….။ ရွာဘဲနှင့်ကျူ…၊သည်မိုးသည်လေကူတော့ပူသူမှာ ဖြေမသင်နိုင်ဘူး၊ တွေးချင့်ပါဦး(အုံး)။ မြန်မာပြည်အောက်ပိုင်းအနှံ့ ကိုရွှေမိုးက ရွာသွန်းမဆုံး တအုန်းအုန်းဖြစ်နေသော်လည်း မြန်မာပြည်အလယ်ပိုင်းမှာ မိုးက ဟန်ရေးတပြပြနှင့် မာယာများနေသေး၏။ အုံ့ကားအုံ့၏။ အုံ့သလောက် မိုးမဆင်..။ မိုးလုံးပြည့်မှိုင်း ညို့မျှဆင်သည်။ ဆင်သလောက်မရွာ။ ရုတ်ချည်းဒါသတကြီးရွာ၏။ ရွာသလောက်ရေမပါ..။ ထိုအခါ ထင်သာထင်၊ မဝင်ဘူး ကျောင်းအစ်မရေဟုပဲ ပြောရမလိုဖြစ်၏။ မည်သို့ဆိုစေ…အားလုံးသည် သဘာဝတရားအရ သီးခြား ကင်းလွတ်နေသည်ချည်းဖြစ်သည်။ ကိုယ့်ဆီမှာ မိုးလေမကြီးသဖြင့် စိုးရိမ်ဖွယ်မရှိဟု ပြောလို့မရ..။ ရခိုင်ရိုးမကို ဖြတ်သန်းကျော်လွှားနိုင်စွမ်းရှိသည့် မုန်တိုင်းလက်တံများက ကိုယ်နှင့်အလှမ်းဝေးလှချည့်ဟု ဥပေက္ခာပြုလို့မရ…။ သည်ရေ သည်မြေ သည်တောင်၊သည်ယာသည် ကျောသားရင်သားခွဲခြားမရ။ တစ်ဆက်စပ်တည်းပင် မဟုတ်ပါလော…။ လက်သည်းဆိတ်လျှင် လက်ထိပ်နာရမည်။ ဟောကြည့် မြန်မာပြည် မြောက်ဘက် တောင်ကုန်းဒေသ၏ ကောင်းကင်ထိပ် ဟိမဝန္တာတောင်တန်းတွေပေါ်မှာ ရေခဲအရည်ပျော်တာတွေ…၊ သဘာဝမဟုတ်သော…

Read More

ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၂)

××××××××××××××××××××××××××× ဆူးငှက် “သန့်ရှင်းဖြူစင် မြတွေတို့အသွင် မြအဆင်းကြည်လင် …ရေလောင်းနှစ်ကူးတဲ့ ခင်တို့ကိုလေ မာပါစေအကြိမ်ကြိမ် ဆုမိန်မိန် မမောတမ်းလောင်းရုံမကသေးပေါင် .. ကျေးဇူးလည်းတင် ဟိုနှစ်ဆီထွင် …တွေ့သားပေါ့ခင့်ကို ဒေဝစ္ဆရာနတ်မျိုးလို့ပဲထင် ဒီနှစ်မြင်ပြန် ယဉ်ပုံတွေ စာဖွဲ့လေမရိုးပေ ခါရေအကြို မှန်တယ်ထင် …” ဆရာမြို့မငြိမ်း ‘အေးအေးချမ်းချမ်း’ တေးသွားငြိမ့်ငြိမ့်နှင့်အတူ ငွေငန်းအလှပြယာဉက ပြန်လည်ထူထောင်ရေးအတွက် အားခဲနေသော မန္တလေးမြို့၏ ပြတိုင်းစေ့ သွားရောက်လှည့်လည်ရင်း အမျိုးသမီးရေသဘင်အသင်းများနှင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြပုံကို ကြုံခဲ့ကြရသူတိုင်းက ယနေ့တိုင် မမောနိုင်၊ မပန်းနိုင် ပြောပြနေကြဆဲ ဖြစ်သည်။ ကွယ်လွန်သူ မြို့မနာယကကြီဦးတင်အေးကမူ ထိုနှစ်(၁၉၄၇)က ငွေငန်းမြို့မ အလှပြယာဉ်ကြီး သူနေထိုင်ရာ ဝါးတန်းရပ်သို့ တစ်ညနေတွင် ဝင်ရောက်လာသောအခါ အသင်းသားများက သီချင်းစာရွက်လေးတွေ ကိုယ်စီကိုင်ပြီး သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆို တီးမှုတ်လာကြသည်ဟု ဆို၏။ “ပျော်ပါစေမယ် လာကွယ်အလှရယ် ရေပက်ခံမယ်၊ မြို့မ…

Read More

ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၁)

××××××××××××××××××××××××××× ဆူးငှက် “အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ မာပါစေ … တောင်းဆုကိုချွေ။ ဖျန်းပက်သူတို့၊ ယဉ်စစချောနွဲ့နွှဲ့လုံမေ … ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ … စွတ်သူစိုသူ ကြည်ဖြူစွာလေ … စိတ်မှာထင်မြင် ရစင်တွေဖျန်း မောင်ရင်းပမာတမ်းတသူတွေ …” (မြို့မငြိမ်း) ကောဇာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် ကုန်ဆုံးချိန် (၁၉၄၇ခုနှစ်)သင်္ကြန်သည် စစ်ကြီးပြီးနောက် မန္တလေး၌ ပထမဦးဆုံး ပြန်လည်စည်ကား အားတက်လာသော သင်္ကြန်လည်း ဖြစ်ပေ၏။ စစ်ကြီးမတိုင်မီက ခြိမ့်ခြိမ့်သည်း ဆင်နွှဲခဲ့သော မန္တလေးသင်္ကြန်သည် စစ်ကြီးကြောင့် အရှိန်အဟုန် ရပ်တန့်သွားခဲ့သည်။ ၁၉၄၅၊ ၁၉၄၆တွင် ပြန်လည်စုစည်း အားယူခဲ့ကြရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်မြန်မာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် သင်္ကြန်တွင် စိတ်သစ်၊ လူသစ်၊အားမာန်သစ်ဖြင့် အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်ကြီးအသွင် အပြိုင်အဆိုင် ဖူးပွင့်ကြဖို့ ၁၉၄၇ ခုနှစ်ဆန်းကတည်းက စီစဉ်ခဲ့ကြတော့၏။…

Read More

ပန်ဆုယူ တာရေသွန်းချိန်မို့ (၂)

××××××××××××××××××××× ဆူးငှက် သင်္ကြန်ကာလ မန္တလေး၏ပြလမ်းများပေါ်တွင် ရေပက်ကစားသော ကလေးငယ်ဖြင့်သာ သင်္ကြန်မြင်ကွင်းကို ရိုးရိုးစင်းစင်း မြင်တွေ့ကြရပြီးသကာလ (၁၂၈၇-၈၈) ဝန်းကျင်ကာလများရောက်ပါမှ မန္တလေးမြို့လယ်တွင် နေထိုင်ကြသော ဘာသာခြားကြေးရတတ်များက သူတို့ပိုင်လော်ရီကုန်တင်ကားများပေါ် ရေပက်သည့် ကလေးငယ်များတင်ကာ မြို့အနှံ့ လှည့်လည်မောင်းနှင် ရေပက်ကစားကြတော့ ခေတ်ပညာတတ် မြန်မာလူငယ်များကလည်း မျက်ခုံးပင့်ကြည့်ကာ အားကျ ဝမ်းပါးလာကြ၏။ ဤသို့ဖြင့် လော်ရီမော်တော်ကားတချို့ မြို့ပြအနှံ့ လှည့်လည်ကစားပြန်တော့ ထိုထိုယာဉ်များအား ပြန်လှန်ရေပက်ကြမည့် ကလေးငယ်များကလည်း စောင့်စားစုစည်းမိကာ အပြန်အလှန် ရေပက်ကစားကြရင်းစည်ကားလာသည်။ ဤ’သဘင်’ကို အပျိုပေါက်၊ လူပျိုပေါက်များကလည်း ဘုန်းကြီးကျောင်းရိပ် မလိုက်လိုကြဘဲ ကြည့်ရှုချင်ကြ၏။ “ဟိုလူပက်ပါတော့လား”၊ “ဟိုမိန်းကလေး ပက်ပါတော့လား”ဟု အားပေးချင်လာ၏။ နောက်ဆုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲချင်လာတော့၏။ ဤသို့ဖြင့် နောက်ရက်သင်္ကြန်များတွင် မြန်မာလူငယ်လေးများလည်း နီးစပ်ရာ မော်တော်ယာဉ်များအပေါ် စီးနင်းကြကာ ရေပက်သင်္ကြန်ပွဲပျော်ပျော်ကြီး ဆင်နွှဲကြတော့သည်။ လူကြီးသူမများလည်း ပိပိပြားပြား ပျော်ပါးကြခြင်းမို့ ခွင့်ပြုကြရတော့၏။…

Read More

ပန်ဆုယူ တာရေသွန်းချိန်မို့ (၁)

×××××××××××××××××××× ဆူးငှက် “ထပ်ထပ်ကယ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ။ ကိုက်ဖူးငယ်စီသည် ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့ ရှစ်ရပ်ကယ်တစ်ခိုက စိုလှတယ်လေး။” တောင်လေကသုန်သုန်တိုက်လာသည်။ လေသုန်သုန်မှာဖုန်လုံးကြီးတွေဝှေ့ပါလာတတ်သေး၏။ နေကလည်း ရဲရဲပွင့်သည်။ ဖုန်သောသောကပ်၊ ချွေးစိုစိုမှာ လေအဟုန်ကြောင့် တစ်ခဏ၊ တစ်ဒင်္ဂ အပူသက်သာစေ၏။ သို့သော် နေအပူကို လေမကူနိုင်ပါချေ။ ကောင်းကင်သည် ဟင်းလင်းပွင့်နေ၏။ မြူတိမ်တစ်စ ကြက်မတစ်ဝပ်စာ ပြာလွင်လွင်သည် အရပ်ရှစ်မျက်နှာမှ စုန်စုန့်တက်လာကာ တလောကလုံး ဖုံးလွှမ်းထားသည်။ ကောင်းကင်ပြာအောက်တွင် ရိုးတံကျဲသစ်ပင်တချို့ ပုရစ်ဖူးနုနုဖြင့် အစိမ်းသစ် ဆင်ထားသည်။ အပြာ နှင့် အစိမ်းနုက အပူရောင် အဝါကို အနားသပ်ထားသဖြင့် တန်ခူးဆန်းစ “နွေ”သည်နေပျော်ပါသေး၏။တော်သေးသည်။ သဘာဝသည် ‘အကောင်း’ဘက်က စစ်ကူထိုးပေးသည်။ ရွက်ဖူးကိုက်စီအစိမ်းမှာ လဲ့လဲ့ရွှေရောင် ပွင့်ငုံဖူးလေးတွေလည်း စွင့်လာဖို့ အားယူလာသည်။ မကြာမီ ရွှေရင်ခတ်တို့ ဝါဝါထိန်လာတော့မည်။ သည်လိုဖြင့် လောကရှစ်ခွင် ကြည်နူးသာယာဖွယ်အတိ ဖြစ်တော့မှာသေချာသည်။…

Read More

ရွှေရည် …. သရဖီ၊ အမှီအလွမ်း

ဆူးငှက် “ဟောင်းရွက်ညှာ ခါလှစ်လို့ တာသစ်တဲ့ နံ့ကြိုင် သုတ်ဖြူးလေဆော်က ပန်းကံ့ကော် ဝတ်မှုံကျင်း သင်းတယ်လို့လှိုင်။ ကြယ်နှစ်ဆိုင် သွယ်ပြိုင်လို့ပဝင်း စိတ္တရယ်နှင့် ငွလသော်တာတို့ ယုဂန်ချာတောင်တော်စွန်းမှာ… ထွန်းထိန်လို့လင်း..” နေ့ပူလိုက်..၊ ညချမ်းလိုက်နှင့် တစာစာ သီဆိုနေသော သင်္ကြန်တေးသွားများကို နားထောင်ရင်း တန်ခူးလက ကြိုဆိုနေလေပြီ။ တောင်လေအဝှေ့မှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေကျသွားတာမြန်ဆန်လွန်းလှသည်။ ငြီးငွေ့ဖွယ်နွေဦးကို လူးလိမ့်ခံစားရင်း သရဖီရနံံ့ကို သင့်ခနဲရလိုက်တော့ ရင်ထဲမှာလည်း ငယ်လွမ်း ဝေဒနာက ထလာပြန်၏။ ဟောသည်လို ရာသီပေါ့လေ…။ ×××××× ××××× “မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းငယ်ရွှေဖီ ဝတ်မှုန်ငယ်စီသည် မြစ်နဒီသောင်တခိုက မောင်မယ်ညို မူးပြန်တော့တယ်လေး…” နေသည် ဒက္ခိဏယာဉ်စွန်းတန်းဆီသို့ တိမ်းညွတ် ယိမ်းယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ ထိုအခါ တောင်လေးက သြဘာပေးသည်။ နည်းနည်းလေး ထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာပြသည်။ သစ်ပင်သစ်တောတချို့ ရွက်ကြွေခါချ ပူပန်ကြ၏။ သစ်ပင်သစ်တော…

Read More

ဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး

ဆူးငှက် သည်နှစ် လောလောဆယ် မိုးခေါင်နေသေးသည်။ ကိုဗစ်နှိပ်စက်လို့ ရင်တွင်းအပူတွေတငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့ အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့် တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလေ မကဲခင်ကတည်းက လေကတခွင် စံပယ်ပွင့်သည်။ မြတါလေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စံပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စံပယ်မြတ်လေးရနံ့…

Read More

သက်ထားစံ ပန်းတမျိုးသာရောင်းသည်

အေးချမ်းသူ(VOM) ညနေ ရုံဆင်းချိန်မို့ အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားမီးပွိုင့်လမ်းဆုံမှာ ကားမျိုးစုံရှုပ်ထွေးလို့နေပါတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ မီးပွိုင့်အနီးမှာ ကွမ်းယာ၊ဆေးလိပ်၊ရေသန့်ဗူးရောင်းသူတွေနဲ့အတူ မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး စံပယ်ပန်းကုံးလေးတွေ ကိုင်ထားတဲ့ အသက်၂၀အရွယ် မိန်းမပျိုလေးတစ်ဦးကလည်း ကားတွေကို ငေးမောကြည့်နေပါတယ်။ ခါးအလယ်ထိရှိတဲ့ ဆံပင်အရှည်ကို စနစ်တကျစုစည်းထားပြီး တန်ဖိုးနည်း နာမီနိုပွင့်ရိုက်ဝမ်းဆက် အထက်အောက်ဝတ်ဆင်ထားကာ ပါးနှစ်ဖက်မှာလိမ်းထားတဲ့သနပ်ခါးရနံ့က ဘေးကဖြတ်သွားသူတွေကို မွေးပျံ့စေပါတယ်။ မြန်မာဆန်ဆန်ဝတ်စားပြီး စံပယ်ပန်းတွေကို ညနေပိုင်းအချိန် မီးပွိုင့်မှာ ရောင်းချနေတဲ့ကောင်မလေးကတော့ သက်ထားစံဆိုသူပဲဖြစ်ပါတယ်။ သူရဲ့ညီမလေး လသားအရွယ်လေးမှာ ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူကလည်း ခါးအောက်ပိုင်းချိကာ တရွတ်တိုက်သွားနေရတဲ့အချိန်ကစလို့ ၅တန်းကျောင်းသူအရွယ်မှာပဲ ကျောက်တော်ကြီးဘုရားမှာ မနက်ပိုင်း စံပယ်ပန်းရောင်းပြီး ညနေပိုင်း မီးပွိုင့်မှာ စံပယ်ပန်းရောင်းပြီး မိခင်ဖြစ်သူကို လုပ်ကျွေးခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီလို့ သူကပြောပါတယ်။ “စံပယ်ပန်းရောင်းတဲ့အလုပ်ကို အစ်ကိုကြီးက အရင်စခဲ့တာပါ၊ အစ်ကိုက စံပယ်ပန်းရောင်းပြီး ဆယ်တန်းဝင်ဖြေတယ် ငွေကြေးမတက်နိူင်တော့ ဓာတ်တိုင်အောက်မှာ စာကျက်ပြီး ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တယ်၊ အစ်ကိုတက္ကသိုလ်တက်တော့…

Read More

အသက် ၀၀ရှူပါရစေ

ဆူးငှက် တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆိုရေးသားရခြင်းကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်း သိမ်ဖျင်းလှသော ဒေသစွဲစိတ်တစ်ခုသဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်….။ ပြောစရာရှိ၍ ပြောရပေဦးမည်။ မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝအင်းကျယ်ကြီးဇောင်းကလောနှင့် တောင်သမန် ရှိသည်။ အနောက်တောင်ထောင့်မှာ တက်သိမ်းအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည် ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့်ရသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်းရေရှင်ရေသန့်မြောင်းကလည်း သွင်သွင်စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ရမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ အရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂ဝ အတွင်းပေါ့။…

Read More

အနုပညာ အနှစ် ရာပြည့် အမွေကောင်းတွေ

ဆူးငှက် “ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ သြာ်… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…” သြော်… တစ်နေ့မနေ့ကပဲလို့ ထင်နေတာ…၊ ဘာလိုလိုနဲ့ ၁၇နှစ်ကျော်လို့ ၁၈နှစ်ပြည့်လုပီလေ…။ ဒီလိုပါဗျာ… တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊ တော်သလင်းလမှာမွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ အောက်တိုဘာလမှာ လေဘာတီ မမြရင် အနှစ် ၁၀၀ တင်းတင်းပြည့်ပြီပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့ မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲနှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ်မသိလိုက် မသိဘာသာကျော်ဖြတ်သွားကြပါမလဲ။…

Read More
VOM News

FREE
VIEW