ဆူးငှက် သီးကိုးပင်တဲ့၊ လူသူမသိ နေရာလေး —————————————– တကယ်တော့ ကျွန်တော်တို့ သရက်ကုန်းကွင်းမြေသည် ကနဦးအစက ဘယ်သူမှ သတိမထားမိသည့် မြေဖြစ်သည်။ ထိုစဉ်ကာလ မန္တလေး၏ အထင်ကရလမ်းမကြီးဖြစ်သော ၂၆ဘီလမ်းမကလည်း အနောက်ဘက် မြစ်ဆိပ် ပိုက်ကျုံးထိပ်မှသည် ကျုံးတောင်ဘက်အတိုင်း အရှေ့တက်၍ မာန်အောင်ကျောင်းတိုက်တွင် လမ်းဆုံးသွားသည်။ မာန်အောင်ထိုက်မှသည် အရှေ့ဘက်သ်ု့ ယခုလမ်း၆၀နေရာအထိက အမှိုက်ပုံတွေကြားက မြေလမ်းလေးပဲ ဖြစ်သည်။ ထိုမြေလမ်းလေးက ရှေ့ဆက်မသွားတော့ဘဲ မြောက်ချိုးတော့ ရေစစ်ကန်၊ တောင်ချိုးတော့ ယဉ်ပျံရွာ အနောက်ပေါက် ဘက်ပေါ့။ သည်က တောင်ဘက် ဆက်သွားတော့ ဦးကောသုသာန်။ ထိုစဉ်ကလ ၆၂လမ်း ဆိုသည်ကလည်း ကျောက်ကြမ်းလမ်း သာသာမျှသာ ရှိသည်။ တစ်ခါ ယခု မြို့ပတ်လမ်းမကြီး ဖြစ်နေသည့် အောင်ပင်လယ် ကန်ဘောင်ရိုးကလည်း ကျောက်လမ်းပေမင့် ၁၉လမ်းနှင့် ၃၅လမ်းကြားက အသွားအလာမရှိသလောက် ဖြစ်သည်။…
Read MoreCategory: ဆောင်းပါး
ကွမ်းစားရင် ခံတွင်းကင်ဆာပဲ ဖြစ်တာလား
မန္တလာ ဆရာမျိုး “ကွမ်းစားရင် ခံတွင်းကင်ဆာ ဖြစ်တတ်တယ်။” ဒီအကြောင်းကိုတော့ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် ကွမ်းစားသူတစ်ယောက်ကို “ကွမ်းကြောင့် ခံတွင်းကင်ဆာအပြင် ဘာရောဂါတွေ ဖြစ်နိုင်သေးသလဲ” လို့ မေးလိုက်ရင် ဖြေဖို့ခက်သွားသူ များပါလိမ့်မယ်။ တကယ်တော့ ကွမ်းစားခြင်းရဲ့ ကျန်းမာရေးအန္တရာယ်ဟာ ပါးစပ်ထဲမှာပဲ အဆုံးသတ် သွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကွမ်းယာမှာ အဓိကပါဝင်တဲ့ ကွမ်းသီး (areca nut) ကို ရေရှည်စားသုံးခြင်းဟာ ခံတွင်းရောဂါတွေအပြင် စွဲလမ်းမှု၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ၊ ဇီဝဖြစ်စဉ်ဆိုင်ရာပြဿနာများ၊ ဆီးချို၊ အစာခြေလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်၊ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ မကောင်းတဲ့ ရလဒ်အချို့နဲ့ပါ ဆက်စပ်နေကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ခံတွင်းကင်ဆာနဲ့ Oral Submucous Fibrosis တို့အတွက် အထောက်အထား အလွန် ခိုင်မာပါတယ်။…
Read Moreအခန်း (၂၃၄)
ဆူးငှက် ရှေးဟောင်းရေကန် မြေဖို့ ဝင်းခတ် ————————————- ရပ်ကွက်လေးကား မျက်နှာစာ ၂၆ဘီ လမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်များ၊ ရပ်ကွက် အတွင်း အလံနီများတလူလူနှင့် သူနှင့် မဆိုင်သလို ပုံမှန်လှုပ်ရှား စည်ကားနေဆဲ ဖြစ်သည်။ မြေ အရောင်းအဝယ် ကတော့ ရပ်တံ့သွားပြီ။ မြေလွတ်မှားမှာ အိမ် ဆောက်လက်စတွေ ကတော့ ဆက်ဆောက်နေကြဆဲ ဖြစ်၏။ ထိုအတောအတွင်းမှာပဲ ၂၆ဘီလမ်းထိပ် အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်ရှိ ကျွဲနွားရေသောက် ကန်ကြီးကို အမှိုက်များ မြေများဖို့ပြီး အိမ်ဝင်းအသစ် ဖော်သူက ဖော်နေသည်။ သည်ကန်နေရာက ပေ၁၀၀ကျော် ပတ်လည်လောက် ရှိမှာပေါ့။ တကယ်တော့ သည် ကျွဲ နွားရေသောက်ကန်ဆိုသည်မှာ ခပ်လွယ်လွယ် မှတ်သားထားကြခြင်းသာ ဖြစ်သည်။…
Read Moreအခန်း (၁၃၃)
ဆူးငှက် သရက်ကုန်း ထန်းရိပ်ညို ဂယ်လာရီ —————————————- ကိုင်း.. ဖျာလိတ်ထဲ တိုးမိမှတော့ အသားအပွန်းပဲ့ခံပြီး တစ်ဘက် ထွက်နိုင်အောင် တိုးရတော့မှာပေါ့။ နောက်ပြန်ဆုတ်လို့ မရတော့။ သည်တစ်ခါ ဝန်ကြီးချုပ်အသစ်ဆီ စာတင်ကြမည်။ နောက်ဆက်တွဲအနေနှင့် ရပ်ကွက်က လက်မှတ်များသာမက ရပ်ကွက်အတွင်းရှိ အိမ်ခြေစာရင်း အမျိုးအစား အမျိုးအစားအလိုက် အသေးစိတ်စာရင်းများကိုပါ တစ်အိမ်ချင်း ဓာတ်ပုံများနှင့်အတူ တင်ကြမည်။ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၀၀ကျော်၏ ဓာတ်ပုံများ စရိတ်စက အတွက် ဦးမျိုးခင်က တာဝန်ယူသည်။ ထိုစဉ်ကာလ ရပ်ကွက်အတွင်း ကျွန်တော့် အိမ်ဘေးက ထန်းရိပ်ညို ဂယ်လာရီမှာက ပန်းချီဆရာများ သာမက စာရေးဆရာတွေ၊ မီဒီယာသမားတွေ ဓာတ်ပုံဆရာတွေပါ နေ့စဉ်စုရုံးရောက်ရှိကြသည်။ ထန်းရိပ်ညို ဂယ်လာရီမှာ ပန်းချီပြပွဲများသာမက အနုပညာဆိုင်ရာ ဆွေးနွေးပွဲတွေ စာတမ်းဖတ်ပွဲတွေလည်း ကျင်းးပသည်။…
Read Moreသူတို့အိမ် အခန်း (၂၃၂)
ဆူးငှက် မကျေပွဲအတွက် အလံနီ အလံဝါ —————————————– ဦးတက်တိုး၏ မင်းသား က ဝန်ကြီးချုပ်တာဝန်ယူစဉ် ကျွန်တော်နှင့် ဆက်သွယ်ဖို့ လမ်းကြောင်းပေးခဲ့သည့် မန္တလေး ရုံးကြီးတစ်ရုံး က ဌာနမှူးမှာ တာဝန်ကျေလှသည်။ ဝန်ကြီးချုပ် မရှိတော့သော်လည်း ကျွန်တော်တို့ ရပ်ကွက်လေး သတင်းနှင့် ပတ်သက်၍ ထူးလျှင် ထူးသလို အသိပေး အကြောင်းကြားပါသည်။ အခုလည်း ကြားရသည့် သတင်းက မကောင်းလှပေ။ ဝန်ကြီးချုပ် အထိန်းသိမ်းခံရပြီး မကြာမီမှာပင် မန္တလေးသို့ က.ထ.စ မှူး ရောက်လာသည်။ သူက ဝန်ကြီးချုပ် ရှိစဉ်ကာလ နန်းတွင်း၌ အစည်းအဝေးအပြီး တိုင်းမှူးကို “နေပါဦး၊ ကို(…..) ခင်ဗျားတို့ သရက်ကုန်းရပ်ကွက်က ဘာဖြစ်ကြတာလဲ” ဟုမေးတော့ တိုင်းမှူးက မဖြေနိုင်ခင် ဝန်ကြီးချုပ်က ခ.ယ.က ဥက္ကဋ္ဌဘက် လှည့်ပြီး “ကို(…..) ခင်ဗျားသိတယ်၊…
Read Moreသူတို့အိမ် အခန်း (၂၃၁)
ဆူးငှက် ရပ်ကွက်လေး ရှေ့ရေး ပူသူဝေး ————————————- ကျွန်တော်တို့ ရပ်ကွက်လေးက အမှန်တကယ် တည်တံ့ တရားဝင်ရေးကို မေ့လျော့ နေကြသည်။ ကျွန်တော်ကတော့ ဦးတက်တိုး၏ အဆက်အသွယ်က အကြံပေးသလို မြေရာဇဝင်နှင့် ဖြစ်စေချင်သည့် အနေအထား များအား တိုင်းမှူး ဒု တိုင်းမှူးနှင့် မြို့တော်ဝန်တို့ထံ ရပ်ကွက်အနေနှင့် စာတင်ထားလိုက်သည်။ ကိုယ့်အနေနှင့်က ဘယ်လိုမှ စိတ်မချနိုင်သေး။ တရားဝင် စာနှင့်ပေနှင့် အကြောင်းမကြား မထုတ်ပြန်သ၍ စိတ်မအေး နိုင်သေးပေ။ ကျွန်တော့်လို စိတ်ပူသူတွေက ကျွန်တော်တို့ ရဲသုံးဘော်နှင့် ရပ်ကွက်နေ ၅ဦးခန့်မျှသာ ရှိသည်။ ရပ်ကွက်ထဲမှာ နောက်မှ ရောက်လာသူတွေက ပိုမပူသေးသပေါ့လေ။ ဓမ္မာရုံရှိရင် ဘူဒိုဇာ မထိုးဘူးတဲ့ ————————————- သည်လိုအခြေအနေတွင် ရပ်ကွက်ထဲက စိုးရိမ်ပူပန်နေသူ အချို့နှင့် ရပ်ကွက်ခံ လူငယ်များ စုစည်းပြီး…
Read Moreကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ ဘာတွေစားသင့်သလဲ
မန္တလာ ဆရာမျိုး လူ့ခန္ဓာကိုယ်ဟာ အလွန်စနစ်ကျပြီး ရှုပ်ထွေးတဲ့ သဘာဝယန္တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စားသောက် လိုက်တဲ့ အစားအစာတွေကို အစာချေဖျက်ခြင်း၊ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ပြန်လည်စွန့်ထုတ်ခြင်းတွေကို အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေက အချင်းချင်းချိတ်ဆက်ပြီး အမြဲလုပ်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ဆိုတာ ရောဂါဖြစ်မှ ဆေးသောက်ကုသခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံကလည်း အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ “Detox” ဆိုတဲ့စကားကို မကြာခဏ ကြားလာရပါတယ်။ အသည်းကို သန့်စင်ပေးတဲ့ဖျော်ရည်၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့အစားအစာ၊ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာ စသဖြင့် ပြောဆိုကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူ့ခန္ဓာကိုယ်မှာ အညစ်အကြေးနဲ့ မလိုအပ်တော့တဲ့ ဓာတ်ပစ္စည်းတွေကို…
Read Moreသူတို့အိမ် အခန်း (၂၃၀)
ဆူးငှက် ပထမဆုံးပွဲခရရှိပုံ ————————- ကျွန်တော်ကတော့ သည်လိုဖြစ်ရုံနှင့် လုံးဝကင်းလွတ် စိတ်ချရပြီဟုမဆိုသာ။သို့သော် အရင်လိုလိမ့်လိမ့်လဲလဲမဖြစ်တော့ ဟုသာစိတ်သက်သာရာရတော့သည်။ သည်တော့ စိတ်ချလက်ချ ခေါင်းပြားအောင် မအိပ်ရသေးသော်လည်း ရှေ့ခရီးအတွက်ကစိတ်ပူရသေး၏။ ကျွန်တော်လည်းရပ်ကွက်ကိစ္စကိုခေတ္တခဏဘေးချပြီးကိုယ့်အလုပ်လေးတွေ ပြန်လုပ်ရတော့သည်။ ရပ်ကွက်ကသာ နေ့လားညလားဖြစ်နေတာ၊ ရပ်ကွက်ထဲမှာမြေအရောင်းအဝယ်ကမပြတ်၊ အိမ်ခြေလည်းတိုး၊ လူနေလည်းတိုးလာသည်။ သည်ကြားထဲ ကျွန်တော့ကိုအထင်တကြီးနှင့် မြေကွက်တွေ လာရောင်းကြသည်။ လာရောင်းသ ည်သာမကရပ်ကွက်ထဲမြေလာဝယ်သူတွေကလည်းမြေပိုင်ရှင်ထံမြေဝယ်ကြတော့ သည်မြေခိုင်မခိုင် မေးမြန်းကြတိုင်း မြေပိုင်ရှင်တွေက ကျွန်တော့်ဆီသို့ချည်းလွှတ်ကြတော့ ကျွန်တော့မှာတစ်ပြားတစ်ချပ်မှ မရဘဲ အချိန်ကုန်ခံ လေကုန်ခံကာ မြေရာဇဝင်ကိုရှင်းပြရသေးသည်။ မှတ်မှတ်ရရ ကွင်းအတွင်းအရှေ့ခြမ်းက မြေကွက်ကြီး တစ်ကွက်ကိုလည်း ပိုင်ရှင်ဖြစ်သူ ရှေ့နေကြီးတစ်ဦးက အကူအညီတောင်းလို့ မြေကွက်ရိုက် မြေပုံဆွဲပေးရသည်။ ထူးခြားသည်မှာထိုမြေကွက်ကြီးကတရားဝင် ကြွေဂရံပင် ရထားသည်။ ရထားတာကလည်းအခုလိုသိမ်းမယ် ဆီးမယ် ကာလမတိုင်ခင် ကတည်းက ဖြစ်သည်။ ပိုင်ပါပေ့ ရှေ့နေကြီးရယ်ဟုသာ…
Read Moreသူတို့အိမ် အခန်း (၂၂၉)
ဆူးငှက် ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား —————————————– တကယ်တော့ မည်သည့် ပြဿနာဖြစ်စေ၊ သတင်းရင်းမြစ် အချက်အလက် မှန်ကန်ဖို့ အရေးကြီးသည်။ ထိုသတင်းရင်းမြစ် အချက်အလက်မှန်ကန်ပါမှ သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်စသော မဟာဗျူဟာအပိုင်း နည်းဗျူဟာ အပိုင်း မှန်ကန်နိုင် ပါမည်။ ကျွန်တော်က ဆီမီးခွက်လေးမျှသော ဘာမဟုတ်သည့် မြေလေးအတွက် ဟိုစာတင် သည်စာတင်လေးမျှ လုပ်ရတာကို ကြီးကြီးကျယ်ကျယ် မဟာဗျူဟာတွေ နည်းဗျူဟာတွေ ချပြနေရကောင်းဟု အပြစ်တင်ကြလိမ့်မည်။ သို့သော် ထို မဖြစ်စလောက် အသေးအမွှားလေး၏ ကိုယ်တွေ့မှသည် ကြီးကြီးကျယ်ကျယ် စဉ်းစားကြည့်မိခြင်း ဖြစ်ပါ၏။ ကုန်ကြမ်းဟု ဆိုရမည့် မြေပြင် သတင်းအချက်အလက် အမှန်မရှိပါပဲ ဘယ့်နှယ် ဦးတည်လုပ်ဆောင်ရမည့် လမ်းကြောင်းဟူသော ကုန်ချောအမှန်အကန် ရနိုင်ပါ့မလဲ။ ကျွန်တော်တို့ အလုပ်ကလေးတွင် ကိုယ်တိုင် သွားရောက်၍ နဖူးတွေ့ ဒူးတွေ့လုပ်ဆောင်ခဲ့ရသည်ကိုပင် အပြင်မှာကျ…
Read Moreအနီရောင်စည်းကိုဖြတ်ကျော်ခြင်း
(စာအုပ်မိတ်ဆက်) MT(VOM) အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။ သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။ အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ…
Read More