ဆူးငှက် ကျွန်တော့် သတင်းထောက် မိတ်ကပ်ဆရာ ———————————————- ကျွန်တော်တို့ ရပ်ကွက်လေးနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေမှာ ဦးတက်တိုးက သူတို့မင်းသားထံ လက်ရောက် စာပို့ ပြီးပြီ။ ထူးသည်နှင့် မင်းသား ပီအက်အိုက တဆင့် ကျွန်တော်တို့ထံ အကြောင်းကြားနိုင်ဖို့ လမ်းကြောင်းလည်း ပေးခဲ့ပြီဟု သိရသည်။ ထို့ကြောင့် ထို့အကြောင်းကြားချက်ကို စောင့်ရုံပဲရှိသည်။ မသေချာ မရေရာသော အနာဂတ်အတွက် သပြေပင်လေးတွေ ရေလောင်းတိုင်း အိပ်မပျော်သောကြောင့် အတွေးတွေ ရောက်ရက်ခတ်တိုင်း ခံစားနာကျဉ်ရသည်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ရပ်ကွက်လေးထဲမှာ သွားမြဲလာမြဲ ဖြစ်သော်လည်း အပြင်ရောက်တိုင်း သတင်းက သည်းသည်း လှုပ် နေသည်။ အရေးကြီးတာက အပြင်မှာ ပြောဆို နေကြသလို တရားဝင်စီမံကိန်း ဖြစ်သွားပြီလား။ တကယ်တမ်း ကျွန်တော်တို့ သိထားတာက မြေယာဆိုင်ရာ တာဝန်ရှိသူတစ်ဦး ပူးပေါင်းစီစဉ်မှုဖြင့် အာဏာရှိ ပုဂ္ဂိုလကြီးတစ်ယောက်၏ ကိုယ်ပိုင်…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၂၂၇)
ဆူးငှက် ဝမ်းအပ်နှင့် ပြန်ခဲ့တယ် ———————— ရန်ကုန်က မနက်ထွက်သည့် ရထားကို ၂၅နာရီကျော် တအိအိစီးပြီးမှ မန္တလေးရောက်သည်။ နောက်ရက် မနက် ၁၀နာရီနီးပါးမှာ အိမ်သို့ရောက်တော့ အမေက သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာထဲမှာပဲ အိပ်နေသည်။ မမခင်ဝင်းတို့က အမေ့ဘေးမှာပဲရှိနေကြသည်။ ခင်သော်ဇင်ကတော့ မီးဖိုခန်းထဲမှာပေါ့။ ကလေးတွေက ကျောင်းသွား ကြသတဲ့။ ကျွန်တော်လည်း ရောက်တာနှင့် ၃ညဆက်တိုက် အိပ်ရေးပျက်တာမို့ မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညနေ နေဝင် မီးထွန်းမှ နိုးတော့သည်။ ကလေးတွေလည်း ကျောင်းက ပြန်ရောက်ကြပြီ။ မြစ်ဖြစ်သူ ကျော်မင်းဦးလည်း ရှိနေသည်။ အမေက အိပ်ဆဲ၊ တစ်ခါလား နိုးလာ သတိရပြီး ကျွန်တော့်ကို မေးသတဲ့။ မြေးဖြစ်သူ ရွှေစင်ဇော်ဝင်းက လေးဆန်း ရှိတယ် အမေကြီး…
Read Moreဂျွန်ဒျူဝီအတွေးအခေါ်၊ တရုတ်ပညာရေးနဲ့ မြန်မာပြည်အတွက် အတုယူစရာ
MT(VOM) ဆရာကြီး John Dewey ရဲ့ “ပညာရေးဆိုတာ အနာဂတ်အတွက် ပြင်ဆင်တာမဟုတ်ဘူး၊ ဘဝကိုယ်တိုင်ဟာ ပညာရေးဖြစ်တယ်” ဆိုတဲ့ အယူအဆနဲ့ပဲ စလိုက်ရအောင်။ သူက စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်နေတာထက် လက်တွေ့လုပ်ဆောင်ရင်း သင်ယူတဲ့ Learning by Doing နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ အဓိကထားခဲ့တာပါ။ ၁၉၁၉ ကနေ ၁၉၂၁ ကြား Dewey တရုတ်ပြည်မှာ ဟောပြောပွဲတွေ လုပ်ခဲ့တုန်းက ဒီအတွေးအခေါ်ဟာ တရုတ်ပညာရှင်တွေကြား အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ နောက်ပိုင်း မော်စီတုံးရဲ့ ပညာရေးအယူဝါဒပေါ်မှာပါ သွားသက်ရောက်တာတွေ့ရပါတယ်။ မော်စီတုံးက ပညာရေးဆိုတာ ရာထူးတက်ဖို့ မဟုတ်ဘူး၊ လူထုကြီးကို အကျိုးပြုရမယ်လို့ ယူဆခဲ့တာကိုး။ ဒါကြောင့် Dewey ရဲ့ လက်တွေ့သင်ယူရေးကို မာ့ခ်စ်ဝါဒနဲ့ ပေါင်းစပ်လိုက်ပြီး “စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ရေး” ရယ်၊ “လုပ်အားပေးရင်း…
Read Moreအခန်း (၂၂၆) အဆက်
ဆူးငှက် ရန်ကုန်ကို ချက်ချင်းလာခဲ့ပါတဲ့ ———————————— နန်းရှေ့က ဆရာတော်ထံမှောက် ကျွန်တော်ရောက်တော့ ဆရာတော်က မိန့်သည်။ ဒီမနက်ပဲ ရန်ကုန်က ဒကာကြီး (ဦးတက်တိုး) က ဖုန်းဆက်သတဲ့။ သရက်ကုန်းအဖွဲ့က စာရေးဆရာကို မီရာ ရထားနဲ့ ရန်ကုန်ကို အမြန်ဆုံးလိုက်ခဲ့ပါတဲ့။ အရေးကြီးပါသတဲ့။ ထို့ကြောင့် ချက်ချင်း လိုက်သွားကြပါ။ ဘာ့ကြောင့် ဆိုသည်ကိုလည်း ဒကာကြီးးက မပြောပါတဲ့။ အရေးကြီးလို့နေမှာ လိုက်သွားပါဟု ဆရာတော်က မိန့်သည်။ ကျွန်တော် ခေါင်းကုပ်ရပြီ။ အမေကလည်း နေ့လား ညလား အခြေအနေ၊ အမေ့ဘေးမှာ ကျွန်တော်ရှိချင်သည်။ ရန်ကုန်ကလည်း ကျွန်တော့်ကို ချက်ချင်း လိုက်ခဲ့ပါတဲ့ဟု ဆိုသည်။ ကျွန်တော်က အခြေအနေကို ဆရာတော့်ထံ လျှောက်တော့ ဆရာတော်ကလည်း ဆုံးဖြတ်ရခက်နေသည်။ နောက်တော့ အမေ့အခြေအနေက ရက်ပိုင်းအတွင်း လိမ့်လိမ့်လဲလဲတော့ မဖြစ်နိုင်သေး၊ ရန်ကုန်က…
Read Moreဆယ်ကျော်သက်နဲ့ စိတ်ရိုင်း
စက်တင်ဘာ ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ မြန်မာနိုင်ငံက ဆယ်ကျော်သက် အရွယ်တွေကြားမှာ အသေးအဖွဲ စကားများကြရုံ၊ မကျေနပ်ရုံမျှနဲ့ သွေးထွက်သံယို ဖြစ်တဲ့အထိ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ရိုက်နှက်ရမ်းကားမှုတွေ အလွယ်တကူ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။ လူမြင်ကွင်းမှာတောင် အုပ်စုဖွဲ့၊ ပြောင်ပြောင်တင်းတင်း ရမ်းကားရဲတဲ့အထိ ဖြစ်လာကြတာပါ။ လက်ရှိ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ကျောင်းသား လူငယ်တွေကြားမှာ အချင်းချင်း အနိုင်ကျင့်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာနေပါတယ်။ ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးဖြစ်စဉ်ကို ပြောရမယ်ဆို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်က ဖြစ်စဉ်ကို ပြောရမှာပါ။ အသက် ၁၅ နှစ်အရွယ် Grade-8 ကျောင်းသားနှစ်ယောက် အချင်းချင်း ရန်ဖြစ်ရာကနေ…
Read Moreမှက်ကိုက်ခြင်းကနေ သတိထားရမယ့် ရောဂါ (SFTS)
မန္တလာ ဆရာမျိုး မကြာသေးမီက ထိုင်းနိုင်ငံမှာ SFTS (Severe Fever with Thrombocytopenia Syndrome) လို့ခေါ်တဲ့ ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လူအများကြားမှာ စိုးရိမ်မှုတွေ ရှိလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်နိမိတ်ချင်းထိစပ်နေပြီး ခရီးသွားလာမှု၊ အလုပ်အကိုင်အတွက် သွားရောက်နေထိုင်မှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေ များပြားတာကြောင့် ဒီရောဂါက ဘာလဲ၊ ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုလက္ခဏာ တွေ ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။ SFTS ဆိုတာ (Severe Fever with Thrombocytopenia Syndrome) အဖျားပြင်းပြီး သွေးဥမွှားအရေအတွက် ကျဆင်းလာနိုင်တဲ့ ရောဂါလက္ခဏာစု လို့ ဆိုနိုင်ပါတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဓိကအားဖြင့် ရောဂါပိုးသယ်ဆောင်ထားတဲ့ မှက် (tick) ကိုက်ခြင်း ကနေ…
Read Moreသူတို့အိမ် အခန်း (၂၂၆)
ဆူးငှက် မီးစာကုန် ဆီခမ်းစ အမေ —————————– အိမ်ရောက်တော့ အမေ့အခြေအနေက မထူးခြား။ သတိတွေ ပိုမေ့လာသည်။ အစားအသောက်ကတော့ မပျက်လှ။ ထမင်းစားပြီးသားကိုပင် ငါ့ကို အငတ်ထားကြတာလား၊ ဘာမှမကျွေးကြဘူးဟု ဂျီကျတတ်သည်။ များသောအားဖြင့် ညကြီးသန်ခေါင်မှာပင် နေ့လယ်နေ့ခင်းမှတ်ပြီး တစ်အိမ်လုံး အသံမကြားရသည်ကို သူ့ကို ထားပစ် ခဲ့ကြတာလားဟု တကြော်ကြော် အော်နေသည်။ ထိုအခါ ကျွန်တော်က အမေ့အိပ်ရာဆီသွားကာ ချော့မော့ရသည်။ သူ့မြေးတွေ အသံမကြးလို့မေးတာဟု ပြောလျှင် အမေ ဒါက ညကြီးလေ၊ အမေ့မြေးတွေက အိပ်နေကြပြီ၊ အမေလည်း အိပ်တော့ဟု ချော့မော့ပြောရ၏။ သူက သူ့အနားမှာ တစ်ယောက်လောက်ရှိနေပြီး စကားတွေ ပြောနေစေချင်တာပေါ့။ နေ့လယ်နေ့ခင်းမှာပင် သူ့အနား အချိန်ပေး၍ မကပ်နိုင်သောအခါ ညအချိန် လူခြေတတ်တော့ သူ အိပ်မပျော်နိုင်တော့ဘဲ ပြောမိပြောရာ တွေ ပြောတာပေါ့။…
Read Moreသူတို့အိမ် အခန်း (၂၂၅)
ဆူးငှက် မြို့လယ်ခေါင်က ရုံးခန်းများ —————————- ထိုနေ့က စာတိုက်ကြီးကတဆင့် ပို့ရမည့်စာလည်း ပို့ပြီးပြီ။ ဦးတက်တိုး ပေးခဲ့သည့် လိပ်စာနှင့် စာများကို ထပ်မံပေးဖို့က ညမှာ ပို့မှ အဆင်ပြေမည် ဆိုသောကြောင့် တက္ကစီတစ်စီးနှင့် ည ၇နာရီလောက်မှာပဲ ပတ်ပို့ဖြစ်သည်။ လိပ်စာများ အရတော့ မြို့လယ်ခေါင် ဆူးလေဘုရားအနီး ဝန်းကျင်၊ တာမွေ အဝိုင်းအနီးနှင့် ကျွန်တော်မသိသော လူစည်ကားသည့် နေရာများမှာ ဖြစ်မည်။ အားလုံး ၅နေရာလောက် ဖြစ်မှာပေါ့။ ထူးခြားတာက စာပေးရမည့်နေရာတွေက လူနေအိမ်ခန်းတွေ မဟုတ်။ ဆိုင်ခန်းများ ဖြစ်သည်။ အများစုက ကွန်ပျူတာ စာစီစာရိုက် မိတ္တူဆိုင်များဆိုတာ မှတ်မနေ၏။ ထိုဆိုင်များရောက်လို့ စာပေးရမည့်သူနာမည်ပြောလိုက်တော့ အများစုက အပေါ်ထပ်သို့ချည်း ညွှန်သည်။ အပေါ်ထပ် တက်လိုက်သောအခါ အစိုးရရုံးတစ်ရုံးလို ပြင်ဆင်ထား၏။ ထိုအခန်းမှာ ရုံးထိုင်နေသူကို…
Read Moreသူတို့အိမ် အခန်း (၂၂၄)
ဆူးငှက် ရွှေတိဂုံ ခြေတော်ရင်းမှာ —————————- ရန်ကုန်ရောက်တော့ ညွှန်းထားသည့် ဘုန်းကြီးကျောင်းသို့ ၃ဦးသား သွားကြသည်။ ကျောင်းက ရွှေတိဂုံဘုရား အရှေ့မုခ်အနီး ဗဟန်းလမ်းမကြီး ဘေးမှာရှိသည်။ ကျောင်းအဝင်စမှာ ပီစီအို ဖုန်းဆိုင်လေးလည်း ရှိသည်။ ကျောင်းဝင်းက အကျယ်ကြီးတော့မဟုတ်။ ပင်မ ၂ထပ်ကျောင်းနှင့် အရံကျောင်းလေး ၂ကျောင်းသာရှိသည်။ အရံကျောင်းလေး ၁ကျောင်းမှာက အဝေးမှလာနေကြပုံရသည့် ကျောင်းသားတွေ နေကြသည်။ ၁၀တန်း (သို့မဟုတ်) တက္ကသိုလ်အဆင့် လောက် ဖြစ်မည်။ ထို့ပြင် ကျန် ကျောင်းလေး တစ်ကျောင်းမှာတော့ ပီစီအိုဖုန်းဆိုင်လေးမှာ အမြဲထိုင်တတ်သည့် မိန်းမပျိုလေး တစ်ယောက်နှင့် သူ့မိဘများ ဖြစ်ပုံရသော မိသားစုတို့ နေကြသည်။ ကျွန်တော်တို့က ရောက်သည်နှင့် ပင်မကျောင်းကြီးပေါ်တက်ကာ ဆရာတော်ကို ဝတ်ပြုပြီး နန်းရှေ့က ဆရာတော် ပေးလိုက်သည့် စာကို ဆက်ကပ်လိုက်၏။ ကျောင်းထိုင်ဆရာတော်က အသက်မကြီးလှသေး၊…
Read Moreသူတို့အိမ် အခန်း (၂၂၃)
ဆူးငှက် ကျောင်း၏ ဂေါစရဂဏ်လည်း ဖြစ်သည့် ရပ်ကွက်လေး ——————————————————- နန်းရှေ့က ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော် ဆွမ်းဘုန်းပေးနေသောကြောင့် ခဏစောင့်ရသည်။ ဆွမ်းဘုန်းပေး ပြီးတာနှင့် ဆရာတော်က ကျွန်တော်တို့ကို ခေါ်တွေ့သည်။ ဆရာတော်၏ သက်တော်မှာ မကြီးလှသေး။ ဟိတ်ဟန်လည်း မရှိလှ။ ရယ်ရယ်မောမောနှင့် စကားပြောဆိုသည်။ ကျွန်တော်နှင့်ကတော့ ၁၉၉၇ ဝန်းကျင်လောက်က တစ်ကြိမ် တွေ့ဖူး သည်။ ထိုစဉ်က မန္တလေးမြို့ခံလူငယ်များဦးစီးပြီး ၃၁လမ်းနှင့် ၈၄လမ်းထောင့်က ဓမ္မသာလာတွင် စာပေဟောပြောပွဲ ကျင်းပရန် စီစဉ်သည်။ ဆရာမကြီး ခင်ဆွေဦး၊ ဆရာမောင်စွမ်းရည်၊ ဆရာခင်မောင်ညို(ဘောဂဗေဒ) နှင့် ကျွန်တော်တို့ ဖြစ်သည်။ ဟောပြောပွဲကျင်းပမည့်ည မရောက်မီ နံနက်ပိုင်းတွင် ဆရာတော်က နံနက်စာကျွေးမွေးပြီး တွေ့ဆုံကြသည်။ သို့သော်ထိုဟောပြောပွဲက ညနေစောင်းတာနှင့် ခွင့်ပြုမိန့်မရသောကြောင့် မကျင်းပဖြစ်တော့ပေ။ အခု ကျွန်တော့်ကို…
Read More