(ကုန်သွယ်ရေးကွင်းဆက်၊ နိုင်ငံတော်တာဝန်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး) ဒေါက်တာဖိုးဖြူ (ဥပဒေရေးရာ ဘောဂဗေဒပညာရှင်) ၁။ ကုန်ဈေးနှုန်းတက်တာကို ဘယ်လို နားလည်မလဲ? နယ်စပ်မှာ စားသုံးဆီတင်ထားတဲ့ ကားတစ်စီး ရပ်နေတယ်။ ကုန်သည်က လိုင်စင်ရဖို့ စောင့်နေတယ်။ ကားသမားက သယ်ယူခနဲ့ လမ်းအခြေအနေကို တွက်ချက်နေတယ်။ အဲဒီအချိန် ရန်ကုန်က အိမ်ရှင်မတစ်ယောက်က ဈေးထဲမှာ မေးခွန်းထုတ်နေတယ်— “နယ်စပ်မှာ ကုန်တွေ ဖမ်းနေတာ ဈေးသက်သာဖို့လား၊ ငါတို့ ပိုပေးဝယ်ရဖို့လား? ဒီမေးခွန်းက သိပ်ကျယ်ပြန့်ပါတယ်။ ကုန်ဈေးနှုန်းတက်တာဟာ ကုန်သည်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ တရားမဝင်ကုန်သွယ်မှု၊ ဈေးကစားမှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုစတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် မူဝါဒတစ်ခုကို ချမှတ်ရင် ကုန်ပစ္စည်းစီးဆင်းမှု မှန်မမှန်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘယ်လောက်ထိခိုက်မလဲဆိုတာနဲ့ ချိန်ထိုးတိုင်းတာဖို့ လိုပါတယ်။ ၂။ ကုန်သွယ်ရေးကွင်းဆက်ဆိုတာ ဘာလဲ?…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၂၅၃)
ဆူးငှက် မန္တလေးသူ မန္တလေးသားတိုင်း အလွမ်း ————————————— ဗုံလေးလုံးသံစဉ်ကို အခက်အခဲများကြားက ထုတ်လုပ်ဖြန့်ချိလိုက်ပြီးနောက် အစ်မကြီးဒေါ်ခင်စောဦးလည်း သဘောကျ ကျေနပ်သွားသည်။ ထိုစဉ်ကာလ မင်္ဂလာဆောင်တိုင်းက အိုရီယမ်တယ်ဟောက်စ်မှာ ချည်းမို့ မင်္ဂလာဆောင် ဝင်တိုင်း အိုရီယမ်တယ်ဟောက်စ်ကို လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါ်ခင်စောဦးနှင့် တွေ့ကာ စကားတွေ ပြောဖြစ်ကြသည်။ ပြောဖြစ်ကြတာတွေကလည်း အတိတ်မန္တလေး အလွမ်းချည်း ဖြစ်ပါ၏။ ထိုစဉ်အခါ ကျွန်တော်တို့တတွေ နှမြောတသ အလွမ်းဆုံးမှာ မန္တလေးသင်္ကြန်ဖြစ်သည်။ ကျွန်တော်တို့က ကျုံးပတ်လည်ရှိ ရေပက်သင်္ကြန်ကို မခံစားနိုင်ကြ။ အတိတ်က မြို့လုံးပတ်လည် စည်ကားခဲ့သော အကသင်္ကြန် အလှသင်္ကြန် ဂီတသင်္ကြန်ကို တမ်းတကြသည်။ လွမ်းဆွတ်ကြသည်။ ထိုစဉ်ကာလ ရင်ခုန်ခဲ့ရသော သင်္ကြန်သီချင်းတွေကို ကြားယောင်ကြသည်။ သင်္ကြန်အကတွေ သင်္ကြန်ဂီတတွေကို တူးဆွကြသည်။ ထိုနံရောအခါ အစ်မဒေါ်ခင်စောဦးက အတိတ်သင်္ကြန်ကို ပြန်လည်…
Read Moreသူတို့အိမ် အခန်း (၂၅၂)
ဆူးငှက် ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ —————————————— ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ အစီအစဉ်တွင် ဒေါ်သြဘာသောင်း၏ အမျိုးသမီး အခြေခံအက ပထမဆင့် ၂၅ကွက်နှင့် မြမန်းဂီရိ မဟာဂီတသီချင်း နန်းတွင်းယိမ်း၊ ဒုတိယအဆင့် ၂၅ကွက်ကို သြဘာသောင်း၏ ဘာဂီတင် သီချင်းနှင့် ကိုလိုနီခေတ် ယိမ်း၊ တတိယအဆင့် ၂၅ကွက်ဖြင့် သြဘာသောင်း အငြိမ့်ခန်းတွင် ခင်ဝင်းနွယ်က ပန်တျာတွင် သင်ရိုးတစ်ပုဒ်ဖြစ်သော ကဗျာညွန့် သီချင်းကို ယိမ်းအဖွဲ့နှင့် ဦးဆောင်ပြီး ကပြခဲ့သည်။ ထို့နောက် သြဘာသောင်း၏ အပျိုတော်မစွပ်စို သီချင်း၊ သြဘာသောင်းတင် ဘွဲ့ တေးထပ်၊ ပန်တျာသင်ရိုး နောက်တစ်ပုဒ်ဖြစ်သော စိန်ဗေဒါကြီး၏ အသက်ကလေးရယ် ရှည်စေလို သီချင်းဖြင့် ကပြသည့် ခေတ်ခန်းတပင်တိုင် အကဖြင့် ကပြခဲ့သည်။ ထို့နောက် ကဗျာလွတ် စတုတ္ထအဆင့် ၂၅ကွက်ဖြင့် မြို့မတူရိယာဘွဲ့ မြတ်မင်္ဂလာ တေးထပ် နှင့် ကဗျာလွတ်…
Read Moreအခန်း (၂၅၁)
ဆူးငှက် အမူးပြေတော့ ထန်းပင်မော့ကြည့်ကြသူများ ———————————————— အနုပညာပုံရိပ်ပွဲတော် ပြီးသည့်နောက် ထိုပွဲမှ အတွေ့အကြုံများနှင့် ဆန္ဒများက ပူနွေးနေဆဲဖြစ်သည်။ မင်္ဂလာဆောင် အခမ်းအနားရှိလို့ အိုရီယမ်တယ်ဟောက်စ်သို့ ရောက်တိုင်း အစ်မကြီးဒေါ်ခင်စောဦးနှင့် တွေ့သောအခါ ထိုအကြောင်းတွေ ပြန်လှန်ကာ တသသ ပြောဖြစ်ကြသည်။ ဒေါ်ခင်စောဦးက မိဘဘိုးဘွားသွေးပါတော့ မန္တလေးနှင့် မန္တလေး အနုပညာ ချစ်စိတ်က ခိုင်မာလှသည်။ ထို့ပြင် ဟိတ်ဟန်မရှိခြင်းနှင့် တတ်နိုင်သည့်ဘက်က ရိုးသားစွာ ကူညီဆောင်ရွက်ခြင်းက ပိုသေးသည်။ တခြားမကြည့်ပါနှင့် အနုပညာပုံရိပ်ပွဲတော်ကို အမျိုးသားဇာတ်ရုံတွင် ဇာတ်တိုက်နေစဉ်က ၂၆ဘီလမ်း ပေါ်တွင် အသစ်ဖွင့်လှစ်သည့် မြန်မာထမင်းဆိုင်တစ်ဆိုင်က ကျွန်တော်တို့ ကော်မတီ ၅ဦးခန့်ကို ဖိတ်ကြားပြိး ထမင်းကျွေးသည်။ ထမင်းကျွေးပြီး ဆိုင်ရှင်ဖြစ်သူတောင်းဆိုတာက ပွဲရက်တွင် သူ့ဆိုင်ကြော်ငြာဗီနိုင်းကို ဇာတ်စင်၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲပေးရမည်တဲ့။ သြော် သည်အခွင့်အရေးအတွက် ကော်မတီ၅ယောက်ကို ထမင်းကျွေး…
Read Moreသူတို့အိမ် အခန်း (၂၅၀)
ဆူးငှက် အခုထိ ဒုက္ခမငြိမ်းသေးပါလား —————————— ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်လေး၏ တောင်ဘက် ကန်ကောက်ရပ်ကွက်မှာ လူနေအိမ်အချို့ကို ဖျက်သိမ်းသည့် သတင်းက ဂျာနယ်များတွင် ပါလာခဲ့သည်။ ထိုဂျာနယ်ကို ဦးတက်တိုးက ဖတ်ရသောအခါ အတော်စိုးရိမ်ပူပန်သွား၏ ထို့ကြောင့် ထိုဂျာနယ်တိုက်ကတဆင့် ကျွန်တော့် ဖုန်းနံပတ်ကို တောင်းသတဲ့။ ဂျာနယ်တိုက်က မန္တလေးရှိ ထွန်းဦးစာပေကို မေးပေးသတဲ့။ ထွန်းဦးစာပေက ဖုန်းနံပတ်ရလို့ ကျွန်တော့်ကို ချက်ချင်း ဆက်လိုက်တာပါဟု ဦးတက်တိုးက ပြောသည်။ သူက ကျွန်တော်တို့ ရပ်ကွက်မှတ်လို့ “ ဒီကောင်လေးလည်း အခုထိ ဒုက္ခမငြိမ်းသေးပါလား၊ ငါလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ” ဟု စိုးရိမ်တကြီးဖြစ်ကာ ဖုန်းနံပတ်ကို မရမကပြန်ရှာပြီး ကျွန်တော့်ထံ အကျိုးအကြောင်း မေးမြန်းသည်ဟု ဦးတက်တိုးက ပြောသည်။ ကျွန်တော်က ကျွန်တော်တို့…
Read Moreသူတို့အိမ် အခန်း (၂၅၀)
ဆူးငှက် အခုထိ ဒုက္ခမငြိမ်းသေးပါလား —————————— ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်လေး၏ တောင်ဘက် ကန်ကောက်ရပ်ကွက်မှာ လူနေအိမ်အချို့ကို ဖျက်သိမ်းသည့် သတင်းက ဂျာနယ်များတွင် ပါလာခဲ့သည်။ ထိုဂျာနယ်ကို ဦးတက်တိုးက ဖတ်ရသောအခါ အတော်စိုးရိမ်ပူပန်သွား၏ ထို့ကြောင့် ထိုဂျာနယ်တိုက်ကတဆင့် ကျွန်တော့် ဖုန်းနံပတ်ကို တောင်းသတဲ့။ ဂျာနယ်တိုက်က မန္တလေးရှိ ထွန်းဦးစာပေကို မေးပေးသတဲ့။ ထွန်းဦးစာပေက ဖုန်းနံပတ်ရလို့ ကျွန်တော့်ကို ချက်ချင်း ဆက်လိုက်တာပါဟု ဦးတက်တိုးက ပြောသည်။ သူက ကျွန်တော်တို့ ရပ်ကွက်မှတ်လို့ “ ဒီကောင်လေးလည်း အခုထိ ဒုက္ခမငြိမ်းသေးပါလား၊ ငါလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ” ဟု စိုးရိမ်တကြီးဖြစ်ကာ ဖုန်းနံပတ်ကို မရမကပြန်ရှာပြီး ကျွန်တော့်ထံ အကျိုးအကြောင်း မေးမြန်းသည်ဟု ဦးတက်တိုးက ပြောသည်။ ကျွန်တော်က ကျွန်တော်တို့ ရပ်ကွက်မဟုတ်ပါကြောင်း၊ တောင်ဘက်က ရပ်ကွက်ဖြစ်ပါကြောင်း၊…
Read Moreသူတို့အိမ် အခန်း (၂၄၉)
ဆူးငှက် ကျွန်တော့် အလုပ်အကိုင်တွေ ———————————— ကျွန်တော့် ကံက အလုပ်အကိုင်နှင့် ပတ်သက်လျှင် မပျော် ၇နှစ် ဟု ပြောရမလို ဖြစ်သည်။ ဘွဲ့ရပြီး ပထမဆုံးဝန်ထမ်း အဖြစ် တာဝန်ယူအလုပ်ဝင်သောအခါ နဂိုက ပျော်သည်၊ နောက်တော့ အခြေအနေအရ အလုပ်က နှုတ်ထွက်လိုက်တော့ လုပ်သက်က ၇နှစ်ကြာသည်။ ထို့နောက် ဒေါ်ဒေါ်လူထုဒေါ်အမာ၏ လူထုကြီးပွားရေး စာအုပ်တိုက်တွင် အမှုထမ်းခဲ့သည်။ အလွန်ပျော်ပါ၏။ ၁၀နှစ်ကြာခဲ့သည်။ ထို့နောက် မီဒီယာကြီး တစ်ခု၏ မန္တလေးရုံးခွဲ တာဝန်ခံ ဖြစ်ခဲ့သည်။ ၂၀၀၄ခုနှစ် မှာ အလုပ်စတင် ဝင်ပြီး ၂၀၁၁ခုနှစ်မှာ အလုပ်က အနားယူလိုက်တော့ ၇နှစ်ကြာသည်။ ထို့နောက် သဘာဝအမည်ရှိ ဓာတ်ပုံမဂ္ဂဇင်းကို အယ်ဒီတာချုပ်တာဝန်ဖြင့် လုပ်ကိုင်ခဲ့သည်။ ကိုယ့်လူ၊ ကိုယ့်ရုံးခန်း၊ ကိုယ့်ခြေ ကိုယ့်လက်မို့ အစစ အဆင်ပြေပါ၏။ သို့သော်…
Read Moreအခန်း (၂၄၈)
ဆူးငှက် စာချုပ်တွေ စာရွက်စာတမ်းတွေ သိမ်းပြီ ——————————————- မှတ်မှတ်ရရ ထိုနေ့က ၂၀၀၉ခုနှစ် မတ်လ ၇ ရက်နေ့ ဖြစ်သည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးလည်း လိုက်ပါ၍ ရပ်ကွက်ရာအိမ်ခေါင်းနှင့် အဖွဲ့က မြေယာပိုင်ဆိုင်မှု အထောက်အထား စာချုပ်နှင့် စာရွက်စာတမ်း မူရင်းများကို တစ်အိမ်တက်ဆင်း သိမ်းယူကြသည်။ ကျွန်တော့်အိမ် ရောက်တော့ အဆင်သင့် ဖိုင်တွဲထားသည့် စာချုပ်နှင့် စာရွက်စာတမ်းများကို အုပ်ချုပ်ရေးမှူးလက်သို့ အပ်လိုက်၏။ အုပ်ချုပ်ရေးမှူးက အားနာအကြည့်ဖြင့် ကြည့်သည်။ ကျွန်တော်က အကျိုးရယ် အကြောင်းရယ် မမေးချင်တော့။ မောလှပြီ။ နောက်ဆုံး ဖယ်ပေးဖို့အထိ ကျွန်တော် ဆုံးဖြတ်ထားပြီးပြီ။ ဖယ်ပေးပြီး ဘယ်သွားနေမလဲ၊ ကျွန်တော်ကဖြင့် ဘယ်မှ နေစရာမရှိ။ လမ်းဘေးတစ်နေရာမှာပဲ မိုးကာတဲ ထိုး၍ နေရုံပေါ့။ “ဆူးငှက် – လမ်းဘေးမှာ…
Read Moreသူတို့အိမ် အခန်း (၂၄၇)
ဆူးငှက် အနှစ် ၁၅၀ ပြည့်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ —————————————– ကျွန်တော်တို့က မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေ ကျင်းပကြဖို့ တိုင်ပင်ကြ စီစဉ်ကြသောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာကို သတိရလှသည်။ မန္တလေဒ အနှစ်၁၀၀ပြည့်ကာလ အခါက လူထုသတင်းစာတိုက်ကို အားတက်သရော အကူအညီပေးနေသည့် ရျွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စု စသည့် ကလောင်ကို ကိုင်ဆောင်သည့် ကိုထွန်းလှိုင်က ရာပြည့်ပွဲ ကျင်းပရန် လှုံ့ဆော်သူ၊ စာအုပ်စာတမ်းပြုစုသူ၊ နောက်ကွယ်က အစစလှုပ်ရှားသူ ဖြစ်ကာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မြို့မိမြို့ဖများနှင့် ပူးပေါင်း ၍ မန်းရာပြပွဲကြီးကို ဦးဆောင်ခဲ့ကြသူများ ဖြစ်သည်။ ယခု မန္တလေး အနှစ်၁၅၀ပြည့်မှာ လူထုသတင်းစာ အယ်ဒီတာဖြစ်ခဲ့ပြီး မန္တလေးအကြောင်းတွေ အစဉ်တစိုက် ရေးသားခဲ့သူ ဆရာနတ်မောက်ထွန်းရှိန်က မန္တလေး အနှစ်၁၅၀ပြည့်ပွဲတော် ကျင်းပဖို့ လွန်ခဲ့သည့် ၁၀နှစ်ကတည်းက…
Read Moreသူတို့အိမ် အခန်း (၂၄၆)
ဆူးငှက် ကောဇာ ၁၃၇၁၊ ခရစ် ၂၀၀၉ ——————————– ခရစ်နှစ် ၂၀၀၀ကာလက ကမ္ဘာနှင့် ချီ၍ Y2K ဟုဆိုကြ လှုပ်ရှားကြသော်လည်း ကျွန်တော်တို့ ခေတ်ဟောင်း မန္တလေးသားများကမူ နောက် ၉နှစ်နေလျှင် မန္တလေး မြို့တည်နန်းတည် အနှစ် ၁၅ဝ ပြည့်တော့မည် ဆိုတာပဲ သတိထားမိကြသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးသားတိုင်း လိုလိုက ‘အုတ်ကျစ်ကျော်အေး မန္တလေး’၊ ‘အောင်ကျော်ချမ်းအေး မန္တလေး၊ ‘အင်ကြင်းကြာအုံ ရတနာပုံ’ ဟူသော ဆိုရိုးစကားများကို မွေးကတည်းက နှုတ်တက် ရနေကြ၍ ဖြစ်သည်။ ကျောင်းနေစ အရွယ် အေ ဘီ၊ စီ ဒီ နှင့် ဝမ်း၊ တူး၊ သရီး၊ ဖိုး နှုတ်ဖျားရောက်တော့ ၊ ‘ဝမ်းတူးတူးဝမ်း’ လို့ လူကြီးတွေက သင်လည်း အဲဒါဘာလဲဟင်ဟ ုမေးလျှင်…
Read More