ဆူးငှက် ရေခဲဝတ်နှင့် သရင်းကြီးရွက် ——————————- သရက်ကုန်း လယ်တောအိမ်လေးမှာ အမေက ပျော်သည်။ ဒါတောင် သည်မိန်လေးသို့ စတင် ပြောင်းရွှေ့သည့် နေ့က မိုးတွေစွေနေတော့ ပြွန်တစ်လုံးဘက်က ဝင်သည့် လမ်းလေးမှာပင် ဗွက်ထကာ လမ်းတွေချော်နေ၏။ ကြံတိုင်းအောင် ကိုအောင်မင်း၏ ဗင်နတီကားလေးက အိမ်ဘက်ချိုးသည့် လမ်းပေါ်မှာပင် ကားက စလစ်ဖြစ်နေသည်။ ဘာမှမဝေးသည့် ပေ၁၀၀လောက်မှာပင် ကားက ရှေ့မရောက်နိုင်တော့။ လယ်မြေထဲတွင် ကျောက်အနည်းငယ်နှင့် ခင်းထားသည့် လမ်းမို့ မိုးရွာတာနှင့် စရနယ်ဖြစ်ကာ အစေးပေါက်တော့သည်။ သည်တော့ အိမ်ရှေ့ရောက်သည်နှင့် အမေ့ကို ကိုသန်းဦးက ပွေ့ခေါ်ကာ အိမ်ထဲပို့ရ၏။ သည်တွင်ပဲ အိမ်အဝင်မှာ ကိုသန်းဦးချော်လဲတော့ အမေ့ကို မထိအောင် သူက အနာခံလိုက်ရသေးသည်။ ကိုသန်းဦးပွေ့ထားသော အမေက အလန့်တကြားနှင့် လက်ထောက်လိုက်သောအခါ ညာဘက်လက်က အဆစ်လွဲသလား၊ အရိုး အက်သွားသလား မသိ အနည်းငယ်ကောက်သွားတော့သည်။…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၂၁၃)
ဆူးငှက် စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာ ———————————————- တကယ်တော့ အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူဖို့ဆောင် ပြီးစီးသဖြင့် အောင်ပင်လယ်ကန် ဟု အမည်သမုတ်ခဲ့သည်။ အောင်ပင်လယ်ကန်သည် အလျားတာ သုံးထောင်၊ လယ်ပယ်သုံးသောင်း ကို သုံးသီးစား စိုက်ပျိုးနိုင်သည်ဟု ဆို၏။ မင်းရှင်စော ဆည်တော်မူခဲ့သော အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့တွင် နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိ ဘုရားအနီး ယာယီတဲနန်း၌ စံမြန်းတော်မူပြီး ထပ်မံ ဆည်ဖို့ ပြုပြင်တော်မူ ပြန်သည်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရ ရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက…
Read Moreဗန်းမော်ဒေသ အေးချမ်းဖို့ KIA နောက်ဆုတ်ပေးပြီးနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အားစိုက်ပေးဖို့ ရှမ်းနီပါတီမေတ္တာရပ်ခံ
စက်တင်ဘာ – ၅ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်းမော်ဒေသမှာအခြေစိုက်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ဗန်းမော်ဒေသ အေးချမ်းဖို့ KIA နောက်ဆုတ်ပေးပြီးနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အားစိုက်ပေးဖို့ ရှမ်းနီပါတီမေတ္တာရပ်ခံလိုက်ပါတယ်။ လတ်တလောဖြစ်နေတဲ့ ဗန်းမော်ဒေသကတိုက်ပွဲတွေနဲ့ ဗန်းမော်နဲ့ရွှေကူကြား အစိုရသင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို သိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
Read Moreအမြတ်များများပေးမယ်ဆိုတဲ့ နောက်ကွယ်က ထောင်ချောက် ( Ponzi Scheme)
မန္တလာ ဆရာမျိုး “ငွေတစ်သိန်းထည့်ရင် တစ်လကို နှစ်သောင်းအမြတ်ရမယ်” “ဘာမှလုပ်စရာမလိုဘူး၊ ငွေထည့်ထားရုံပဲ” “ဘဏ်တိုးထက် အများကြီးကောင်းတယ်၊ အရင်းလည်း အာမခံတယ်” “အခုဝင်မှ ဒီအမြတ်နှုန်းရမယ်၊ နောက်ကျရင် မရတော့ဘူး” ဒီလိုစကားမျိုးတွေကို လူမှုကွန်ရက်ပေါ်မှာဖြစ်စေ၊ မိတ်ဆွေအသိအကျွမ်းတွေကြားမှာဖြစ်စေ ကြားဖူးကြပါလိမ့်မယ်။ အချို့က Online Investment၊ Trading၊ Crypto၊ ရွှေရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြံမြေ၊ စီးပွားရေးလုပ်ငန်း စသည့်နာမည်မျိုးစုံသုံးပြီး လူတွေကို ငွေထည့်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် တကယ်အမြတ်ထွက်နေတဲ့ စီးပွားရေးလုပ်ငန်းမရှိဘဲ နောက်မှဝင်လာသူတွေရဲ့ ငွေကို အရင်ဝင်ထားသူတွေအတွက် “အမြတ်” အဖြစ် ပြန်ပေးနေတယ်ဆိုရင် ဒါဟာ Ponzi Scheme လို့ခေါ်တဲ့ ငွေကြေးလိမ်လည်မှုပုံစံတစ်မျိုး ဖြစ်နိုင်ပါတယ်။ Ponzi Scheme ရဲ့ အဓိကလှည့်ကွက်က ရိုးရိုးလေးပါ။ ဥပမာ မောင်အောင်က ငွေ ၁၀ သိန်းထည့်တယ်ဆိုပါစို့။ လစဉ် ၁၀ ရာခိုင်နှုန်းအမြတ်ပေးမယ်လို့…
Read Moreသူတို့အိမ် အခန်း (၂၁၂)
အိမ်ကလေးအကြောင်း ဟပ်(ပ)တိုင်း —————————————– ကျွန်တော်က နေစရာ အိမ်ကလေးတစ်လုံးကို မြေပိုင်လေး တစ်ကွက်ပေါ် ပိုင်ဆိုင်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားရပုံကို အတ္တကြီးစွာ အားမနာပါးမနာ ဆက်တိုက်ရေးသားဖြစ်နေတော့ ထိုစဉ်ကာလ အကြောင်းအရာအချို့ကို သိသိနှင့် ချန်ထားခဲ့ရသည်။ တကယ်တော့ ထိုအကြောင်းအရာများက အမှတ်တရရှိလှသည့် အတွေ့အကြုံများဖြစ်ပါ၏။ အခု သရက်ကုန်းလယ်ကွင်းထဲက လယ်တောအိမ်လေးမှာ မိခင်ကြီး အပါအဝင် မိသားစုအားလုံး ပြောင်းရွှေ့ပြီး နေထိုင်နေပြီမို့ အသားမကျသေးသော်လည်း အမောပြေ အပန်းပြေ နားနားနေနေရှိစဉ် တောဘဲသံ တောကြက်သံ ချိုးကူသံ ကျွဲခလောက်သံ နွားခြူသံ နွာပေါက်လေး၏ ဘူးဘူးဘဲဘဲသံ အရှေ့နား ကြက်ခြံက ကတော်ကတော်ကြက်အစာတောင်းသံများတွင် နွားချေးရနံ့သင်း ကွင်းဖြတ်လေညင်းခံရင်း အိမ်ရှာ မြေရှာစဉ်ကာလက မှတ်မှတ်ရရ ကိစ္စအချို့ကို ပြောပြပါဦးမည်။ မပြောမဖြစ်…
Read Moreသူတို့အိမ် အခန်း (၂၁၁)
ဆူးငှက် ကျွန်တော် သူ့နံမည်ကို သိသည် ———————————- သစ်ဆိုင်က ပြောလိုက်သော မန်နေဂျာ၏ နံမည်ကို ကြားလိုက်ကတည်းက သိသလိုလို ဖြစ်နေသည်။ စဉ်းစားလိုက်တော့လည်း သတိရလာ၏ ကျွန်တော် ဖိနပ်ကုန်ထုတ် သ/မတွင် အမှုထမ်းစဉ်က ဖိနပ်လုပ်သားများ၏ အလုပ်သမား အစည်းအရုံး အမှတ် ၄၆တွင် အမှုဆောင် ကော်မီတီဝင်အဖြစ် တာဝန်ယူရဖူးသည်။ ထိုစဉ်က မြို့နယ် ပါတီယူနစ် က လူကြီးအချို့နှင့်လည်း ဆက်စပ် ခင်မင်ရသည်။ ယခု နံမည်ကို ထိုစဉ်ကတည်းက ကြားဖူးခဲ့သည်။ အရင်းအနှီး အသိအကျွမ်းကြီးတော့ မဟုတ်။ ယူနစ် ကော်မီတီဝင်ထဲက ရင်းနှီးတာဆိုလို့ ရွှေလောင်းထဲက ကျောင်းဆရာကြီး တစ်ဦးရှိသည်။ ကျောက်ဆည်က တစ်ယောက်ရှိသည်။ ဒီလောက်ပါပဲ။ သစ်ဆိုင်ကပြောသည့် နံမည်ကို သတိထားမိတာက ထိုသူသည် ယူနစ်ကော်မီတီဝင်အဖြစ်သာမက သမိုင်းသုတေသီတစ်ဦး အနေနှင့်လည်း ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)…
Read Moreသူတို့အိမ် အခန်း (၂၁၀)
ဆူးငှက် မြေပြီးတော့ ရေ ———————- မြေဖိုးငွေချေပြီး ကျန်ငွေ ၄သိန်းလောက်နှင့် သွပ်မိုး ကပ်ကာအိမ်လေး ဆောက်ပေးပါဆိုတော့ အင်ဂျင်နီယာ ကိုသန်းဦးလည်း ခေါင်းကုပ်ရချေပြီ။ အဘယ့်ကြောင့် ဆိုသော် ဝင်းလေးကို ထရံကာသည်ကပင် ၃သောင်းခွြလောက် ကုန်ကျနေပြီ။ တစ်ဆက်တည်းပင် ရေအတါက်လည်း အဝီစိတွင်း တူးရဦးမည်။ ကျွန်တော်က “ကိုယ့်လူ အဝီစိတွင်းကို နောက်မှ တူးလို့ မဖြစ်ဘူးလားဗျာ၊ လိုတဲ့ရေကို ရှေ့က ရေမြောင်း၊ တောင်ဘက်ကရေမြောင်းတွေက ယူလို့ မရဘူးလား” ဟု ကိုသန်းဦးကို ဈေးဆစ်တော့ “လုပ်ငန်းသုံးအတွက်တော့ ရတာပေါ့၊ ဒါပေမယ့် လူသုံးအတွက်က ဒီမြောင်းရေနဲ့ ဘယ်ဖြစ်မလဲဗျ၊ သောက်ဖို့ သုံးဖို့ ချက်ဖို့ ပြုတ်ဖို့ လျှော်ဖို့ ဖွပ်ဖို့ ရှိတယ်လေ၊ ရေက တစ်လက်စတည်း တူးထားမှ အဆင်ပြေမှာဗျ” ဆိုတော့ တူးစေပေါ့။ ဟုတ်သည် နောက်တော့…
Read Moreငွေလွှဲစနစ်တွေ အဆင်ပြေလာသလောက် လိမ်လည်မှုလမ်းကြောင်းတွေကိုလည်း ပိုတင်းကျပ်စွာ စောင့်ကြည့်ဖို့လိုပြီ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် ငွေလွှဲ၊ ငွေလက်ခံ၊ ဈေးဝယ်၊ ဘေလ်ပေးချေမှုများကို ဖုန်းတစ်လုံးတည်းဖြင့် လုပ်ဆောင်နိုင်လာခြင်းသည် နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။ Mobile Wallet များသည် လူအများ၏ နေ့စဉ်ဘဝကို လွယ်ကူစေသလို အချိန်ကုန်သက်သာစေပြီး ငွေကြေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီစေသည်။ သို့သော် စနစ်တစ်ခုသည် လူကောင်းများအတွက် လွယ်ကူလာလေလေ၊ လူလိမ်များကလည်း အဲဒီလွယ်ကူမှုကို ဘယ်လိုအလွဲသုံးစားလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမည့်အရေး ပိုကြီးလာသည်။ အထူးသဖြင့် ယနေ့အများပြည်သူကြား “ကျားဖြန့်” ဟု သိကြသည့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် ဖုန်းခေါ်လိမ်ခြင်း၊ Social Media မှတစ်ဆင့် လိမ်လည်ခြင်း၊ အတုအယောင်ရင်းနှီးမြှုပ်နှံမှု၊ လောင်းကစား၊ ချေးငွေ၊ အလုပ်အကိုင် အမည်ခံလိမ်လည်မှု စသည့်နည်းလမ်းပေါင်းစုံကို အသုံးပြုလာကြသည်။ သို့သော် လိမ်လည်မှုတစ်ခု ဖြစ်မြောက်ဖို့ “လိမ်တတ်ခြင်း” တစ်ခုတည်း မလုံလောက်ပါ။ လိမ်လည်ရရှိလာသည့်ငွေကို လက်ခံရန်၊ နောက်တစ်ဆင့်လွှဲရန်၊…
Read Moreသူတို့အိမ် အခန်း (၂၀၉)
ဆူးငှက် အမှတ်မှားခဲ့သည် ———————- တကယ်တော့ ကျွန်တော်သည် “သူတို့အိမ်” ကို ရေးသားရာတွင် အကိုးအကား ဒိုင်ယာရီ မှတ်တမ်း မရှိပါ။ အတတ်နိုင်ဆုံး မိမိမှတ်ဉာဏ်ကိုသာ အားကိုးပါသည်။ ထိုအထဲမှ စာရွက်စာတမ်း၊ ပြေစာ၊ ဓာတ်ပုံတို့၏ အထောက်အထားဖြင့် ကျားကန် ခိုင်မတ်စေပါ၏။ သည်တွင် သရက်ကုန်းက မြေကွက်လေး သွားကြည့်ပြီး ငွေချေမည့်နေ့ကို စဉ်းစားသောအခါ အတော် စဉ်းစားယူရသည်။ အတော်ကသိကအောင့်နိုင်သည်မှာ ရက်နှင့် လကိုမှတ်မိပြီး ခုနှစ်က ဒွဟဖြစ်နေသည်။ ထို့ကြောင့် အတော်စဉ်းစားပြီး ၁၉၉၉ ခုနှစ် ဇူလိုင်လ ၉ ရက်ဟု ရေးလိုက်သည်။ တကယ်တော့ မဟုတ်။ မနေ့ကမှ ဓာတ်ပုံ အဟောင်းအိတ်ကို မွှေလိုက်တော့ ခုနှစ် အမှန်ကို သိလိုက်ရသည်။ ရက်နှင့် လကမမှား၊ ခုနှစ်က…
Read Moreလမ်းသွားလမ်းလာ သတိထားစရာများ
ယနေ့ခေတ် လူနေမှုဘဝမှာ အလုပ်သွားအလုပ်ပြန်၊ ဈေးသွားဈေးပြန်၊ ကျောင်းသွားကျောင်းပြန်၊ လမ်းလျှောက်သွားလာခြင်း၊ ဘတ်စ်ကားစီးခြင်း၊ Taxi သို့မဟုတ် App မှတစ်ဆင့် အငှားယာဉ်ခေါ်ယူစီးနင်းခြင်းတို့ဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ လူအများစုအတွက်တော့ ဒီလိုသွားလာခြင်းတွေဟာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့ ခိုးယူမှု၊ လုယက်မှု၊ လိမ်လည်မှုနဲ့ ကိုယ်ထိလက်ရောက် အန္တရာယ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် လမ်းဘေးမှာ ဖုန်းကိုင်ပြီး စကားပြောနေချိန်၊ ဖုန်းကြည့်ရင်း လမ်းလျှောက်နေချိန်၊ လက်ကိုင်အိတ်ကို လမ်းမဘက်ခြမ်းမှာ လွယ်ထားချိန်၊ ဆိုင်ကယ် သို့မဟုတ် ကားပေါ်က ဆင်းတက်နေချိန်တွေဟာ မိမိရဲ့အာရုံစူးစိုက်မှု လျော့နည်းနေတတ်တဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲဒီလိုအချိန်တွေကို အခွင့်ကောင်းယူပြီး ဖုန်း၊ အိတ်၊ ရွှေဆွဲကြိုးနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယူသွားနိုင်ပါတယ်။ ဒါကြောင့် “ကိုယ့်ဆီမှာတော့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး”…
Read More