ဆူးငှက် အဆင်ပြေလောက်သတဲ့ ————————- ထင်သည့်အတိုင်းပါပဲ၊ နောက်ရက်ရောက်တော့ ခင်ခင်အောင်က ရုံးမှာ ကိုသန်းဦးကို ရှာသတဲ့၊ အဘက လာခဲ့ပါ၊ အဆင်ပြေအောင် ညှိပေးပါမယ်တဲ့ ဟူလို။ ထို့ကြောင့် ကိုသန်းဦးက ကျွန်တော်နှင့် ဒိတ်ကဖေးမှာ တွေ့သောအခါ “အဆင်ပြေလောက်တယ်ဗျ၊ ခင်ခင်အောင်နဲ့ တွေ့ပြီးပြီ၊ သွားကြရအောင်၊ သေချာရင် တစ်ခါတည်း စရံပေးလိုက်ရအောင်၊ ကိုဆူးလည်း အဲ့ဒီနေရာကို ကြိုက်ရဲ့လား” တဲ့။ ကျွန်တော်က ဦးသြဘာတပည့်၊ အထူးပြောစရာမရှိ။ ကျွန်တော်ကြိုက် သည်။ သစ်ပင်ရှိသည်၊ ရေရှိသည်၊ ငှက်လေးတွေရှိသည်။ ပတ်ဝန်းကျင်ကလည်း အေးချမ်းသည်။ အနောက်မှာ ရေနီမြောင်း၊ အရှေ့မှာ အောင်ပင်လယ်နှင့် ရန်ကင်းတောင်၊ တောင်မှာ ယဉ်ပျံထန်းတော၊ မြောက်မှာ နန်းရှေ့အနှိတ်တော်၊ ကိုင်း.. ဘာလိုသေးလဲ၊ အဲ့သည်နေရာ မြေလေးဖို့ တဲလေးထိုး နေရုံပေါ့၊ ညအတွက်က ၆ဗို့ဘက်ထရီလေး…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၂၀၇)
ပြွန်တစ်လုံး အရှေ့ဘက်မှာ —————————— “ဟာ.. ခင်ခင်အောင်” တဲ့။ စက်ဘီးစီးလာသူကလည်း သူ့နံမည် ခေါ်သံကြားမှ ရုတ်ခနဲ လှည့်ကြည့်ပြီး “ ဟာ.. ဦးသန်းဦး၊ ဘယ်လာကြတာလဲ” တဲ့။ စက်ဘီးစီးလာသူက ဖြေရင်း ပြောရင်း ထီးတစ်ဖက်နှင့် စက်ဘီးပေါ်က ဆင်းသည်။ ကိုသန်းဦးကလည်း ဆိုင်ကယ်ရပ်သည်။ “နင်က ရုံးသွားတာလား၊ နင်တို့ အိမ်က ဘယ်နားမှာလဲ” ဟု မေးသည်။ “ဦးသန်းဦးကလည်း ကျွန်တော်တို့ အိမ်က ဒီအရှေ့နားတင်လေ၊ မဝေးဘူး၊ ပြွန်တစ်လုံးနားမှာ၊ ဦးသန်းဦးက ဒီဘက်ဘာလာ ရှာတာလဲ” ဆိုတော့ ကိုသန်းဦးက “ဒါက ဒို့အစ်ကိုပဲ ဆိုပါတော့၊ မြေကလေး အိမ်ကလေးရှာနေတာ၊ ဒီဘက်မှာများ အဆင်ပြေမလားလို့ လာကြည့်ကြတာ” ဟုပြောလိုက်သည်။ ထိုအခါ အမျိုးသမီးက “ကျွန်တော်တို့ဘက် ကြည့်ပါလား၊ မြေရောင်းစရာတွေ အများကြီးရယ်၊…
Read Moreနေ့စဉ်ကျန်းမာနေဖို့ မခက်ခဲတဲ့ အလေ့အကျင့် ၅ ခု
မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ နေ့တိုင်း အားကစားခန်းမသွားရမယ်၊ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ စားချင်တာတွေကို အကုန်ရှောင်ရမယ်လို့ မဆိုလိုပါဘူး။ နေ့စဉ်ဘဝထဲမှာ လွယ်လွယ်ကူကူ လိုက်နာနိုင်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို မှန်မှန်လုပ်ပေးနိုင်ရင်တောင် ရေရှည်ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ပထမဆုံးက စားသောက်ပုံကို ဂရုစိုက်ဖို့ပါ။ ဆီအလွန်များတဲ့ အစားအစာ၊ အလွန်စပ်တဲ့အစားအစာ၊ အချိုနဲ့ အငန်လွန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အထူးသဖြင့် အစာအိမ်မကောင်းသူ၊ ရင်ပူရင်ဆာဖြစ်တတ်သူတွေမှာ အလွန်စပ်တဲ့အစားအစာတွေက မအီမသာဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ အစပ်စားတာတစ်ခုတည်းကြောင့် Gastritis (အစာအိမ်ရောင်ခြင်း) ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အစာအိမ်ရောင်ခြင်းမှာ H. pylori ပိုးဝင်ခြင်း၊ အကိုက်အခဲပျောက်ဆေးအချို့ကို မကြာခဏသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း စတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ စားတဲ့အခါလည်း “ဘာမစားရဘူး” ဆိုတာကိုပဲ အာရုံစိုက်နေမယ့်အစား “ဘာတွေကို ပိုစားသင့်သလဲ” ဆိုတာ စဉ်းစားတာ…
Read Moreသူတို့အိမ် အခန်း (၂၀၆)
ဆူးငှက် ရတနာပုံခေတ်မှ အစ၊ ကိုလိုနီခေတ်အလယ် —————————————————- တကယ်တော့ နန်းရှေ့ ရေစစ်ကန်ဆိုသည်မှာ မင်းတုန်းမင်း၏ ရတနာပုံနေပြည်တော် ရွှေမြို့တော်၏ အပြင်မြေမြို့ရိုးကြီး၏ အရှေ့ဘက် ကက်ရက်မှာ တည်ရှိသည်။ မန္တလေးကို မြေမြို့ရိုးကြီး ဝန်းရံကာ တံခါး ၅၇ပေါက်ရှိသည်။ ရှင်ဘုရင်စံတော်မူသည် ရွှေနန်းတော်တည်ရှိရာကို တစ်ဖက် တာ၆၀၀ (၁မိုင် ၂ဖာလုံ ၅၅ကိုက်) စီရှိသော မြို့ရိုး ၄ဖက်နှင့် ကာရံထားပြီး တံခါး ၁၂ရပ်ရှိသည်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက်ပေါင်း ၅၄ကွက်နှင့် ဖွဲ့စည်းထား၏။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ထားသည့်အပြင် ဘေးပတ်လည်မှာလည်း ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသော ကန်များအပြင် သဘာဝအင်းများ မြောင်းများ ချောင်းများလည်း ရှိသောကြောင့် ရွှေမြို့တော်၏ လူနေရပ်ကွက် ပတ်လည်မှာလည်း မြေမြို့ရိုးကြီး တာဖို့ခဲ့သည်မှာ ရွှေမြို့တော် တည်စ ၁၂၂၀ခုနှစ် ကတည်းက…
Read Moreသူတို့အိမ် အခန်း (၂၀၅)
ဆူးငှက် အရပ်ကူပါ လူဝိုင်းပါ ———————- ကျွန်တော် မြေလေးတစ်ကွက် ဝယ်မယ်ဆိုတော့ ကိုအောင်မင်း (ကိုမောင်မောင်မြင့်) က အိမ်လခ တစ်နှစ်စာ အစား ငွေ၃သိန်း ကူညီသည်။ သူတို့ ဇနီးမောင်နှံက သူတို့ ကြီးကြပ် တာဝန်ယူရသည့် သောက်ရေသန့်နှင့် ရေသန့်ရေခဲ လုပ်ငန်းအတွက် တံဆိပ်လိုဂိုတွေ အရောင်တွေ၊ ကားစတစ်ကာ ဒီဇိုင်းတွေ၊ ဗူးဒီဇိုင်းတွေ၊ စမ်းသပ်ထုတ်လုပ်သည့် အခြားပစ္စည်းအတွက် ဗူးဒီဇိုင်းတွေ စသည်ဖြင့် ကျွန်တော်က ကူညီလုပ်ကိုင်ပေးသောကြောင့် ဆုချသည့် သဘောလည်း ဖြစ်သည်။ ကြားကာလ ကလည်း ကျွန်တော့်ကို လုပ်အားခ သဘော ပေးပါသေးသည်။ ထို့နောက် ကိုမြင့်ဆွေ (ဆရာ နီမင်းဆွေ) က ၃သိန်း ကူညီသည်။ အခု မြစ်ကြီးနား ဥတ္တရလမင်းစာပေ ဦးသန်းဆွေ ကလည်း ၁သိန်းကူညီသွားသည်။ …
Read Moreစည်သွပ်ဘူးအစားအစာနှင့် ကျန်းမာရေး
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် အလုပ်များပြားခြင်း၊ ခရီးသွားလာရခြင်းနှင့် အစားအစာများကို အချိန်ကြာမြင့်စွာ သိမ်းဆည်း ထားလိုခြင်းတို့ကြောင့် စည်သွပ်ဘူးအစားအစာများကို နေရာအနှံ့ အသုံးပြုလာကြသည်။ ငါးသေတ္တာ၊ အသားဘူး၊ နို့ဆီဘူး၊ ပဲဘူး၊ သစ်သီးဘူး၊ ဟင်းသီးဟင်းရွက်ဘူးနှင့် အသင့်စားဟင်းလျာဘူးများသည် ဝယ်ယူရလွယ်ကူပြီး ချက်ပြုတ်ချိန်ကိုလည်း သက်သာစေသည်။ သို့သော် စည်သွပ်ဘူးအစားအစာများသည် ကျန်းမာရေးအတွက် အမြဲတမ်း မကောင်းဟု ယူဆခြင်းနှင့် ဘူးထဲတွင် ထည့်ထားသမျှ အစားအစာတိုင်းကို စိတ်ချစွာ စားသုံးနိုင်သည်ဟု ထင်ခြင်းတို့သည် နှစ်မျိုးစလုံး မမှန်ကန်ပါ။ စည်သွပ်ဘူးအစားအစာ၏ ကျန်းမာရေးအကျိုးသက်ရောက်မှုမှာ အစားအစာအမျိုးအစား၊ ပါဝင် ပစ္စည်းများ၊ ထုတ်လုပ်ပုံ၊ ဘူး၏အခြေအနေနှင့် စားသုံးသည့်ပမာဏတို့အပေါ် မူတည်နေသည်။ စည်သွပ်ဘူးပြုလုပ်ရာတွင် အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ပြီး ဘူးအတွင်းသို့ ထည့်ကာ လေလုံအောင် ပိတ်၍ သတ်မှတ်အပူချိန်ဖြင့်…
Read Moreရုပ်ရည်ကြည့်ကောင်းနေဖို့ အလှပြင်ခြင်းထက် အရေးကြီးသော နေ့စဉ်အလေ့အကျင့်များ
မန္တလာ ဆရာမျိုး လူတိုင်းက မိမိကိုယ်ကို ကြည့်ကောင်းချင်ကြသည်။ ကြည့်ကောင်းခြင်းဟုဆိုရာတွင် မျက်နှာလှပခြင်း၊ အသားအရေကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ခြင်းတို့ကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာ၊ လန်းဆန်းတက်ကြွသော မျက်နှာအမူအရာ၊ သန့်ရှင်းသပ်ရပ်သော အသွင်အပြင်နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လာသည့်အခါမှ လူတစ်ယောက်၏ အလှသည် ပိုမိုပေါ်လွင်လာခြင်းဖြစ်သည်။ ထို့ကြောင့် ရေရှည်ကြည့်ကောင်းနေလိုသူတစ်ဦးအတွက် ဈေးကြီးသော အလှကုန်များ၊ အဝတ်အစားများထက် နေ့စဉ်နေထိုင်မှုပုံစံက ပို၍အရေးကြီးသည်။ အခြေခံအကျဆုံးအချက်တစ်ခုမှာ ကိုယ်ခန္ဓာအတွက် လိုအပ်သည့် ရေဓာတ်ကို လုံလောက်စွာရရှိစေခြင်းဖြစ်သည်။ သို့သော် “ရေများများသောက်လေလေ ကောင်းလေလေ” ဟူ၍ မယူဆသင့်ပါ။ လူတစ်ဦးနှင့်တစ်ဦး အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနှင့် ကျန်းမာရေးအခြေအနေတို့ မတူကြသဖြင့် ရေလိုအပ်ချက်လည်း မတူနိုင်ပါ။ ပူပြင်းသောရာသီတွင် ချွေးထွက်များသူများ၊ လေ့ကျင့်ခန်းပြုလုပ်သူများသည် ရေပိုမိုလိုအပ်နိုင်သည်။ ရေဓာတ်လုံလောက်ခြင်းသည် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများအတွက်…
Read Moreသတိမပြုမိသော ကျန်းမာရေးအန္တရာယ်
မန္တလာ ဆရာမျိုး ယနေ့ခေတ် လူနေမှုဘဝတွင် ပလပ်စတစ် (Plastic ပလတ်စတစ်) သည် နေရာတိုင်းတွင် တွေ့မြင်ရသော ပစ္စည်းတစ်မျိုးဖြစ်လာသည်။ စျေးဝယ်သည့်အခါ အသုံးပြုသော အိတ်မှအစ၊ ရေသန့်ဘူး၊ အစားအသောက်ဘူး၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ အစားအသောက်ထုပ်ပိုးပစ္စည်းများအထိ ပလပ်စတစ်ကို နေ့စဉ်မပြတ် အသုံးပြုနေကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဟင်းရည်၊ ဆီပြန်ဟင်း၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်ပူ၊ ကော်ဖီပူ၊ ပဲပြုတ်၊ အသားဟင်း စသည့် ပူပူနွေးနွေး အစားအသောက်များကို ပလပ်စတစ်အိတ်ထဲ တိုက်ရိုက်ထည့်ပေးခြင်းသည် သာမန်မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ လူအများစုက “တစ်ခါတလေထည့်တာပဲ ဘာမှမဖြစ်နိုင်ဘူး” ဟု ထင်မြင်ကြသော်လည်း သိပ္ပံပညာရှင်များကမူ ပလပ်စတစ်အမျိုးအစား၊ အပူချိန်၊ အသုံးပြုသည့်အချိန်နှင့် အစားအသောက်၏ အမျိုးအစားပေါ် မူတည်၍ ပလပ်စတစ်ထဲရှိ ဓာတုပစ္စည်းအချို့သည် အစားအသောက်ထဲသို့ ရွှေ့ပြောင်းဝင်ရောက်နိုင်ကြောင်း (Chemical migration ဓာတုပစ္စည်း…
Read Moreသူတို့အိမ် အခန်း (၂၀၃)
ဆူးငှက် ၁၀သိန်းနှင့် ငါးကြင်းခေါင်း ရှာပုံတော် —————————————– တကယ်တော့ ကိုမြင့်ဆွေဆီ ဖုန်းဆက်စဉ်က ကျွန်တော့် ခေါင်းထဲတွင် ကိန်းဂဏန်းနှင့် ပတ်သက်၍ ၂မျိုးထဲပဲရှိသည်။ ကိုအောင်မင်းက ကူညီမည်ဆိုသော ၃သိန်းနှင့် မြို့သစ်ထဲမှာဆိုလျှင် မြေလေးတစ်ကွက် ရနိုင်သော ၁၀သိန်း ဟူသည့် ဂဏန်း၂လုံးပဲ ဖြစ်သည်။ ထို့ကြောင့် ကိုမြင့်ဆွေက သူကူညီမည်၊ မင်းဘယ်လောက် လိုသလဲ ပြောပါဟု ဆိုသောအခါ ထိုဂဏန်း၂လုံးပဲ ခေါင်းထဲရှိနေတာမို့ မရဲတရဲ အားနာပါးနာနှင့် ရှေ့မျက်နှာ နောက်ထားကာ နှုတ်ဖျားမှ ဂဏန်းတစ်လုံးကို အထစ်ထစ်အငေါ့ငေါ့ အသံထွက်လိုက်မိသည်။ “၃သိန်းလောက်ပါ အစ်ကို” ဟူလို။ သည်တော့ ကိုမြင့်ဆွေက “အေး အဲ့ဒီ၃သိန်း မင်းလက်ထဲကို အမြန်ရောက်ပြီသာ အောက်မေ့လိုက်တော့၊ ဘာမှ စိတ်ပူမနေနဲ့ ဟုတ်လား” ဟု ဆိုတော့မှ ရင်ထဲက အလုံးကြီး ကျသွားတော့၏။…
Read Moreလူ့ဘောင်သစ်ဆီသို့ မျှော်ရည်ခြင်း
MT(VOM) တကယ်လို့ ညဉ့်နက်သန်းခေါင်ယံမှာ လမ်းမတွေပေါ် လျှောက်သွားရင်း လေထဲမှာ လွင့်မျောနေတဲ့ တော်လှန်ရေး သီချင်းသံကို ကြားရရင်၊ ဒါမှမဟုတ် လက်ကိုင်ဖုန်း မျက်နှာပြင်ငယ်လေးတွေပေါ်မှာ အရင်းရှင်စနစ်ရဲ့ အက်ကြောင်းတွေကို လှောင်ပြောင်သရော်ထားတဲ့ စာသားတွေကို ဖတ်ရရင် ၊ တူတံစဉ် ၊ ကြယ်နီ ၊ Anarchy အမှတ်တံဆိပ် wallpaper တွေ တွေ့ရရင် မအံ့သြ လိုက်ပါနဲ့။ကမ္ဘာကြီးဟာ တစ်ခါပြန်ပြီး နိုးထလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် နိုးထမှုကတော့ စက်ရုံအလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင်တွေအောက်က မဟုတ်ဘဲ၊ နည်းပညာခေတ်ရဲ့ အယ်လ်ဂိုရီသမ် (Algorithm) တွေကြားက ဖြစ်ပါတယ်။ ဒီအချက်ကိုပဲ Gen Z Socialism (ဂျင်န်ဇီး ဆိုရှယ်လစ်ဇင်) လို့ ခေါ်ရမယ် ထင်ပါတယ်။ သမိုင်းဆိုတာ အဆောက်အဦးတစ်ခုလိုပါပဲ။ အုတ်မြစ်မရှိဘဲ အမိုးကို ဆောက်လို့မရသလို၊ မာ့က်စ်နဲ့ လီနင်တို့ရဲ့…
Read More