နေ့စဉ်ဘဝမှာ ကျန်းမာနေဖို့ လွယ်ကူတဲ့ အလေ့အကျင့် ၅ ချက်

မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ အစားအသောက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းရမယ်၊ Gym မှာ နာရီပေါင်းများစွာ လေ့ကျင့်ရမယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ ကျန်းမာရေးကောင်းခြင်းဟာ နေ့စဉ်ဘဝမှာ လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို မှန်မှန်လုပ်နိုင်ခြင်းနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ အထူးသဖြင့် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရမျှတစွာစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း ဆိုတဲ့ အချက် ၅ ချက်ကို နေ့စဉ်ဘဝမှာ အလေ့အကျင့်ဖြစ်အောင် လုပ်နိုင်ရင် ကျန်းမာရေးအတွက် အခြေခံကောင်းတစ်ခု ရရှိလာနိုင်ပါတယ်။ ပထမဆုံးက အိပ်စက်ခြင်း (Sleep) ဖြစ်ပါတယ်။ လူကြီးအများစုဟာ တစ်ညကို ၇ နာရီမှ ၉ နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန်တစ်ခုတည်းကိုသာ အာရုံစိုက်တာထက် နေ့တိုင်း အိပ်ချိန်၊ နိုးချိန်ကို အတတ်နိုင်ဆုံး မှန်မှန်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။…

Read More

အခန်း (၂၀၂)

  ဆူးငှက် ငွေငန်းက အစ်ကိုကြီး —————————     မုံရွာက ကျွန်တော်တို့ ဆွေမျိုးဖြစ်သည့် ဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းတို့အကြောင်း အရင်က ကျွန်တော် ရေးဖူးခဲ့ ပါသည်။ သူတို့က ငွေငန်းဆေးဆိုးပန်းရိုက်နှင့် ယက်ကန်းရုံပိုင်ရှင် ဖြစ်သည်။ သားသမီး ၇ဦးရှိရာ အကြီးဆုံးကိုမြင့်ဆွေက ကျွန်တော်တို့ ဆွေမျိုးများထဲတွင် ကနဦးဆုံး တက္ကသိုလ်ဘွဲ့ဖြစ်သည်။ သူ တက္ကသိုလ်ကျောင်းသား ဖြစ်မှ ကျွန်တော်က မြင်ဖူးသည်။ သူက မန္တလေးတက္ကသိုလ်တွင် ၁၉၆၃ခုနှစ်မှ ၁၉၆၇ခုနှစ် အောက်တိုဘာအထိ အောင်မင်္ဂလာဆောင် အခန်း ၁၁၁ တွင် အဆောင်နေ ရူပဗေဒ ကျောင်းသား။ ကျွန်တော်က ဒက္ခိဏဝံ ဦးပဏ္ဏဝံကျောင်းက မူလတန်းကျောင်းသား မျှသာ။     စနေတနင်္ဂနွေနေ့လိုမျိုး ကျောင်းပိတ်ရက်တွင် ကိုမြင့်ဆွေက စိုင်ပြွန်ဝင်းထဲရှိ အဒေါ်ဖြစ်သူ ဒေါ်ဒေါ်အုန်းရင်နှင့် ဦးကြီးချိုတို့ထံ လာလည်သည်။ ဝင်းထဲမှာလည်း…

Read More

Social Media ကို ပညာရေးတွင် အသုံးချရေး

မန္တလာ ဆရာမျိုး ယနေ့ခေတ်သည် Digital Age (ဒစ်ဂျစ်တယ်ခေတ်) ဖြစ်သည်။ လူတို့၏ ဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေးတို့တွင် နည်းပညာ၏အခန်းကဏ္ဍ ကြီးမားလာသကဲ့သို့ ပညာရေးနယ်ပယ်တွင်လည်း သိသာထင်ရှားစွာ ပြောင်းလဲလာသည်။ အထူးသဖြင့် Social Media (လူမှုကွန်ရက်မီဒီယာ) သည် လူငယ်များ၏ နေ့စဉ်ဘဝနှင့် ခွဲခြားမရလောက်အောင် နီးကပ်လာပြီဖြစ်သည်။ Facebook, YouTube, TikTok, Telegram နှင့် အခြားလူမှုကွန်ရက်များကို လူငယ်အများစု နေ့စဉ်အသုံးပြုနေကြသည်။ ထို့ကြောင့် Social Media ကို ပညာရေး၏ရန်သူတစ်ခုအဖြစ်သာ မြင်နေမည့်အစား လူငယ်များ ရှိနေပြီးသားနေရာသို့ ပညာရေးကို ယူဆောင်သွားနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသင့်လာပြီဖြစ်သည်။ ယခင်က ပညာသင်ယူခြင်းဆိုသည်မှာ ကျောင်း၊ စာသင်ခန်း၊ ဆရာနှင့် စာအုပ်တို့ကို အဓိကအခြေခံခဲ့ရသည်။ သိလိုသည့်အကြောင်းအရာတစ်ခုရှိလျှင် စာကြည့်တိုက်တွင် စာအုပ်ရှာဖတ်ရသည်။ ဆရာထံ မေးမြန်းရသည်။ သင်တန်းတက်ရသည်။ ယနေ့တွင်တော့…

Read More

ကုလသမဂ္ဂ သံတမန်စစ်မြေပြင်

MT(VOM) ​ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီဟာ နိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ​ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုချက်အရ မဲခွဲရွေးချယ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေဟာ ဒီကော်မတီထဲမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။​သူတို့ရဲ့…

Read More

မသိသူထံမှ ‘Hi’ တစ်လုံး ရောက်လာသောအခါ

မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြပြီး Viber, Messenger, Telegram စသည့် ဆက်သွယ်ရေး App များကို နေ့စဉ်အသုံးပြုနေကြသည်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အလွန်အဆင်ပြေသကဲ့သို့ လူမသိသူမသိများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်လာသည်။ နည်းပညာ၏ အကျိုးကျေးဇူးများ များပြားသလောက် ယင်းနည်းပညာကို အသုံးချ၍ လူများကို လိမ်လည်ငွေကြေးရယူသူများလည်း တစ်နေ့တခြား များပြားလာနေသည်။ တစ်နေ့တွင် Viber မှ မသိသောဖုန်းနံပါတ်တစ်ခုက “Hi” “မင်္ဂလာပါ” “စကားပြောလို့ရမလား” “မိတ်ဆွေဖြစ်ချင်လို့ပါ” “ဒီနံပါတ်ကို မှားပို့မိတာပါ” “မိတ်ဆွေတစ်ယောက်ရဲ့ နံပါတ်ထင်လို့ ဆက်သွယ်မိတာပါ” ဟု စာတစ်ကြောင်း ရောက်လာနိုင်သည်။ ကြည့်လိုက်လျှင် ဘာမှထူးခြားပုံမရ။ သာမန်နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်သည်။ မိမိကလည်း လူမှုရေးအရ “Hi” ဟု ပြန်ဖြေလိုက်မိနိုင်သည်။ သို့သော် ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှုအချို့သည် ထိုကဲ့သို့ ဘာမျှမထူးခြားသော…

Read More

သူတို့အိမ် အခန်း (၂၀၁)

    ဆူးငှက်     စံရွေးဆိပ်ကမ်း ——————— စံရွေးဆိပ်ကမ်းမှာ အရင်က အမရပူရဆိပ်ကမ်းဘူတာ အမည်နှင့် ဘူတာရုံလေးရှိသည်။ ဧရာဝတီမြစ်ကမ်းရှိ ဘူတာရုံလေးက အလွန်လှသည်။ သက်တော်ရှည် လက်ပံပင်ကြီးတွေအောက်မှာ အုတ်ကြွပ်မိုးနီ နှင့် အုတ်တိုက်နီ ဘူတာရုံလေးရှိသည်။ ဘူတာလေး၏ ဝန်းကျင်ကလည်း လူနေအိမ်အဆောက်အဦတွေမရှိ၊ လက်ပံပင်ကြီးတွေအောက်က မြေပြင်ကလည်း ကမ်းစပ်ပေမင့် ညီညာ ပြန့်ပျူးသည်။ နွေဦးပေါက်ဆိုလျှင် လက်ပံပွင့် တွေက ပင်လုံးရဲ၊ ပွင့်ကြွေတွေက မြေပြင်မှာထိရဲနှင့် လှနေတတ်သည်။ ဘူတာလေးကိုရှေ့ခပ်လှမ်းလှမ်းက ကြည့်လှင် ဟို နောက်မှာ ချောင်တွေသိန်းသန်း တောင်ခြေစိမ်းလန်းသည့် စစ်ကိုင်းတောင်ရိုးကို လက်ပံပင်ကြီးတွေ၏ ပင်စည်မြင့်ကြီးတွေ ဘောင်ခတ်ထားသည့် ပန်းချီကား တစ်ချပ်လို မြင်ရသည်။     ထိုမြင်ကွင်း၏ ညာဘက်ခြမ်းမှာက လက်ပံပင်တွေနှင့် အတူ မရန်းပင်တွေ တွေ့ရသည်။ ဘယ်ဘက်ခြမ်းမှာတော့ ကွေးသွားသည့် ရထားလမ်းက…

Read More

သူတို့အိမ် အခန်း (၂၀၀)

ဆူးငှက် အိမ်ငှား တစ်နှစ် ပြည့်တော့မည် ———————————- ကိုင်း.. မိတ်ကောင်း ဆွေကောင်းများနှင့် သွားလိုက် လာလိုက၊် စားလိုက် သောက်လိုက်၊ သီလိုက် ဆိုလိုက်နှင့် ကျီးဖိုနှင့် ကျီမလို သူတထူး အပေးအကမ်းကြောင့် မနက်စာဖူလုံလိုက် ညစာဖူလုံလိုက်နှင့် ရဲသိပ္ပံ တိုက်ခန်းလေးမှာ အငှားနေတာ ၈လပြည့်လုပြီ။ နောက် ၄လပဲ ကျန်တော့သည်။ ထိုအကြောင်း တွေးမိတိုင်း အပျော်မှန်သမျှ ထိုအန် ဖိတ်စင်ကာ လူလည်း ငိုင်ကျသွားတော့၏။ ထိုသို့ ခံစားနေရစဉ် တစ်မနက်တွင် ကိုအောင်မင်း (ကိုမောင်မောင်မြင့်) တစ်ယောက်တည်း သူ့ကားကို ကိုယ်တိုင်မောင်းပြီး တိုက်ခန်းလေးရှေ့ ရောက်လာသည်။ သူက ကားပေါ်ကဆင်းပြီး အမေ့ကိုနှုတ်ဆက် ခင်သော်ဇင့်ကို ရယ်စရာများနှင့် စ ပြောင်ကာ ကျွန်တော့်ကို သူနှင့် လိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း အရှေ့မြောက်က ပြန်လာပြီး ကင်မရာပြန်ကိုင်ကာ လက်သွေးနေသောကြောင့် အမရပူရဘက်က…

Read More

သူတို့အိမ် အခန်း (၁၉၉)

  ၆၆လမ်း၏ ဟိုမှာ သည်မှာ —————————–   ဘာလိုလိုနှင့် ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေးမှာ နေသားကျလာတာ ၆လကျော်ပါပြီ။ ထိုနေရာတစ်ဝိုက်သည် မန္တလေး၏ မူလနှင့် အသစ်တို့ နယ်နိမိတ်ဆက် ပုးတွဲနေသည့် နေရာဖြစ်သည်။ ၆၆လမ်းပေါ်က ကျွန်တော်တို့ တိုက်ခန်းလေးကို ဗဟို(သို့မဟုတ်) နယ်နိမိတ်ထား၍ လေ့လာကြည့်ပါဘိ။ ကျွန်တော့်တိုက်ခန်း မြောက်ဖက်ခြမ်း က အသစ်မန္တလေး ဖြစ်သည်။ ညနေစောင်းတာနှင့် သန်းခေါင်သန်းနွဲအထိ ညှော်နံ့၊ မီးခိုးနံ့၊ အကင်ပေါင်းစုံအနံ့၊ ဘာသာကွဲ စကားလုံး၊ အကျိုးအမြတ် ယမကာအမျိုးမျိုးနှင့် သီချင်းသံမျိုးစုံတို့ ရမက်ခိုးဝေနေသည်။     ကျွန်တော့် အိမ်တောင်ဘက်ခြမ်း ကတော့ သက်တော်ရှည် ဆတ်ကျောင်း၏ အလံတင် အလံချ ဗြူကယ်သံ၊ ဆိတ်ငြိမ်နေသည့် မူလလက်ဟောင်း ဝင်းခြံကြီးများ၊ သစ်ကြီးဝါးကြီးအရိပ်၊ ကတ္တရာလမ်းဘေး မှိုနတိုပင် ကလနားသပ် မြောင်းရေစပ်စပ်၊ ထနောင်းပင်ကြီး အောက်က…

Read More

အသက်ကို မရပ်တန့်နိုင်ပေမယ့် နုပျိုသော အသွင်အပြင်ကို ထိန်းသိမ်းပေးမည့် သိပ္ပံနည်းကျ လူနေမှုပုံစံများ

    မန္တလာ ဆရာမျိုး   “အသက်က ဘယ်လောက်ရှိပြီလဲ”   ဤမေးခွန်းသည် လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် လူအများ ပို၍စိတ်ဝင်စားလာကြသည့် မေးခွန်းတစ်ခု ရှိသေးသည်။ “ဘာကြောင့် အသက်တူသူ နှစ်ယောက်ထဲမှာ တစ်ယောက်က ပိုနုပျိုပြီး နောက်တစ်ယောက်က ပိုအိုနေသလို မြင်ရတာလဲ” ဟူသော မေးခွန်း ဖြစ်သည်။   ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အသက်ခြောက်ဆယ်ကျော်ရှိနေသော်လည်း လေးဆယ်ကျော်ခန့်သာ ထင်ရသူများ ကို တွေ့ဖူးကြသလို၊ အသက်လေးဆယ်မပြည့်သေးဘဲ မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ အသားအရေ မွဲခြောက်မှု များ၊ ကိုယ်ဟန်အနေအထား ယိုယွင်းမှုများကြောင့် အသက်ထက် ပိုကြီးသလို မြင်ရသူများကိုလည်း တွေ့ရတတ်သည်။ အချို့က “မျိုးရိုးကောင်းလို့” ဟု ပြောကြပြီး၊ အချို့က “ပိုက်ဆံရှိလို့ Skin Care ကောင်းကောင်း သုံးနိုင်တာ” ဟု…

Read More

အစား ပုံမှန် စားနေရင်း ပိန်လာတယ်၊ ဝလာတယ် ဆိုတာ သိုင်းရွိုက်ကြောင့်လား

      မန္တလာ ဆရာမျိုး   “အစားလည်း ပုံမှန်စားနေတာပဲ၊ ဒါပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်ကျနေတာလဲ။”   တချို့လူတွေမှာ ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလာတာနဲ့အတူ ရင်တုန်လာတယ်၊ လက်တွေတုန် တယ်၊ ချွေးထွက်များတယ်၊ ပူတာမခံနိုင်ဘူး၊ ညဘက်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်ကလည်း အရင်ထက် လှုပ်ရှားလွယ်၊ စိတ်တိုလွယ်လာတတ်ပါတယ်။   တချို့ကတော့ ဆန့်ကျင်ဘက်ပါ။ အစားပိုစားနေတာလည်း မဟုတ်ဘဲ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတယ်။ မနက်အိပ်ရာထကတည်းက အားမရှိသလို ခံစားရတယ်။ အမြဲပင်ပန်းနေတယ်၊ အိပ်ချင်တယ်၊ အအေးမခံနိုင်ဘူး၊ ဝမ်းချုပ်လာတယ်၊ အသားအရေခြောက်လာတယ်။   ဒီလက္ခဏာနှစ်မျိုးဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အကြောင်းရင်းကတော့ တစ်နေရာတည်းက ဖြစ်နိုင် ပါတယ်။ အဲဒါက သိုင်းရွိုက်ဂလင်း (Thyroid gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ သေးငယ်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ…

Read More
✕
VOM News

FREE
VIEW