ဆူးငှက် ရောက်ဖူးချင်သော ရန်ကုန် ——————————- ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလိုလိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင်…
Read MoreCategory: ဆောင်းပါး
အခန်း (၁၁၇)
ဆူးငှက် တက္ကသိုလ်အပြန် ပညာလည်းမစုံ၊ ကြင်ယာလည်း မစုံ —————————————————————– စောစောက ကျွန်တော်ပြောသည့် အထဲတွင် “သမီးရည်းစားလည်းမကျ၊ ဘာမှလည်းမဖြစ်” ဟူသော စကားပါခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၄နှစ်၄မိုးသာ ကုန်ရော တက္ကသိုလ်မှာ ပြည်တော်အပြန် ပညာလည်းစုံ ကြင်ယာလည်း စုံသည့်ကိန်း မဆိုက်ခဲ့ကြပုံကို တင်စားသည့် စကားဖြစ်သည်။ တကယ်တော့ ထိုစကားက ကျွန်တော်နှင့် ပို၍ ကိုက်ညီသည်။ သိကြသည့်အတိုင်း တက္ကသိုလ်ပထမနှစ် ဖရက်ရှာဝဲလ်ကမ်း ကတည်းက ခြေတိုအောင် ချောင်းပေါက် မတတ် ကြိုးပမ်းခဲ့သည်ကလည်း ဘာမှမဖြစ်ခဲ့။ ထိုသို့ မဖြစ်ခဲ့ပြီးနောက် ကျွန်တော်လည်း ကျောင်းတက်ခြင်း က်စ္စ အားမစိုက်တော့ဘဲ စာအုပ်တွေချည်း ဖတ်ဖြစ်တော့၏။ အဲဒီ စာအုပ်တွေကပဲ နောက်ဇာတ်လမ်း တစ်ပုဒ် အစပျိုးခြင်းဖြစ်ခဲ့ရသည်။ ပုံမှန်အားဖြင့် မုန့်ဖိုးထဲက လစဉ် မိုးဝေနှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ဝယ်သည်။ ထို့ပြင်…
Read Moreသူတို့အိမ် အခန်း (၁၁၆)
ဆူးငှက် အလွတ်ကျက် ဖြေဆိုခဲ့ရတဲ့ ပုစ္ဆာတွေ ———————————– ဘာလိုလိုနှင့် တက္ကသိုလ်၏ ၄နှစ်သက်တမ်းက ကုန်ပါပြီ။ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ခက်ခက်ခဲခဲ ဖြေဆိုလိုက်ရပါ၏။ အတန်းကမမှန် စာက မလိုက်နိုင်တော့ သချာၤကို အလွတ်ကျက် ဖြေခဲ့ရသည်။ လူတွေ့နှုတ်ဖြေမှာလည်း ဘာထူးမှာလဲ။ ပြင်ပစာစစ်အဖြစ် ဆရာဦးဘမင်းနှင့် တွေ့ရသည်။ ဆရာဦးဘမင်းဆိုတာ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နက္ခတ္တသင်္ချာပညာရှင်ဖြစ်သည်။ အမေရိကန်က မဟာသိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး မြန်မာပြည်ပြန်ရောက်ပြီး မကြာမီ အလုပ်မှ နှုတ်ထွက်ကာ “လှိုင်း” အမည်ဖြင့် တေးသံသွင်းဆိုင် ဖွင့်လှစ်ထားသည်။ ဆရာဦးဘမင်းနှင့်အတူ နောက်ထပ်ပညာရှင် တစ်ဦးမှာ မိုးလေဝသပညာရှင် ဆရာကြီးဦးဌေးအောင်ဖြစ်သည်။ ဆရာကြီးဦးဌေးအောင်က ထိုစဉ်ကတည်းက နာမည်ကျော် တရားပြဆရာကြီးဖြစ်နေပါပြီ။ ကျွန်တော့်ကို ဆရာကြီးဦးဌေးအောင်း စာမေးပွဲ ဖြေနိုင်လား ဟု လောက်သာ မေးကာ ဆရာဦးဘမင်းကိုပဲ မေးစေသည်။ ဆရာဦးဘမ်းက သင်္ချာနှင့် ပတ်သက်သော ပုစ္ဆာတစ်ပုဒ်မေး၏။…
Read Moreသူတို့အိမ် အခန်း (၁၁၅)
ဆူးငှက် အစဉ်အလာများနှင့် မန္တလေးသင်္ကြန် ——————————— ၁၉၃၀ ဝန်းကျင်မှ စ၍ အလှပြယာဉ်များ၊ အလှပြ အက မဏ္ဍပ်များ၊ အတီးအမှုတ် အဆို အက များဖြင့် စည်ကားခဲ့သော မန္တလေးသင်္ကြန်သည် ရန်သူမျိုး၅ပါးဘေး၊ ရောဂါကပ်ဘေးတို့ကြောင့် နောက်ဆုတ် အရှိန်လျော့သည်ပဲ ရှိခဲ့သည်။ အေးချမ်းသည်နှင့် နလံထူကာ နောက်ခြေတစ်လှမ်းဆုတ်သည်နှင့် အဆမတန် ရှေ့သို့ တဟုန်ထိုး အားမာန်ချီ အောင်လံလွှင့်ခဲ့သည်။ မြန်မာပြည် နိုင်ငံရေး၏ အချိုးအကွေ့အဖြစ် လူမျိုးရေးအဓိကရုဏ်းဖြင့် လှည့်စားသော်လည်း တစ်ပြည်လုံး အတိုင်းအတာနှင့် အုံကြွခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလ သင်္ကြန်ကိုပင် အရုပ်အလျော့မခံပဲ ဆင်နွှဲခဲ့သည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်မှ မန္တလေးသည် မြို့လုံးကျွတ်နီးပါး အနောက်ဘက်ကမ်း စစ်ကိုင်း မင်းဝံတောင်ရိုးသို့ စစ်ခိုလှုံကြရမှ သင်္ကြန် အပျော်ကို မန္တလေးမှာ ခေတ္တခဏ ရပ်နားခဲ့ကြ၏။ ဟော.. ၁၉၄၅ခုနှစ်…
Read Moreသူတို့အိမ် အခန်း (၁၁၄)
ဆူးငှက် အလှကိုယ်စီ ခြယ်သကြမည် ————————————- ဆောင်းနှင်းပါးပါးလွင့်စ၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲ သတိရလိုက်ကြသည်။ အခုမှ တပေါင်းလပြည့် ကျော်ကာ ရှိသေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေး ဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ တိတ်တခိုး ဝင်လာသည်ချည်းပင်။ လွန်ခဲ့သော နှစ် ၄၀၏ ရှေ့ပိုင်း နှစ်ကာလများမှာကတော့ အခုလို နွေရနံ့လေး ရလာသည်နှင့် နှစ်စဉ်ဆင်နွှဲနေကျ အသင်းကြီးများကလည်း အသင်းတည်ရာ အိမ်၌ ဖြစ်စေ၊ အသင်းတိုက်၌ ဖြစ်စေ၊ လူစုကြပြီး ဘယ်သီချင်းတွေ စပ်ကြမည်။ ဘယ်လို အလိုက်၊ ဘယ်လို အသွား၊ ဘယ်လို စာသားတွေ ရေးဖွဲ့ကြမည်။ အလှပြယာဉ်ကို ဘယ်သို့ဘယ်ပုံ ပြင်ဆင် ခြယ်သကြမည် ဆိုတာ တိုင်ပင်ကြ၏။ နှီးနှောကြ၏။ မကြာမီ မန်္တလေးမြို့၏ ရပ်ကွက်အသီးသီး၊ ဝင်းအသီးသီးမှာ…
Read More“အသံချဲ့စက် ဥပဒေ အသက်ဝင်ဖို့ လိုပြီ”
သွေး (စစ်ကိုင်း) မနက်ခင်းတိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နိုးထချင်သူတွေအတွက် ဆူညံသံတွေက တကယ့်ကို အနှောင့်အယှက် ဖြစ်ပါတယ်။ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ ကျေးလက်မှာပဲ ဖြစ်ဖြစ် ဘဝရပ်တည်ရှင်သန်ရေး အတွက် အလုပ်, လုပ်ကိုင်ရသူတွေဟာ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင် နိုးထဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဖို့နဲ့ နိုးထကြည်လင်ဖို့ကို ဖျက်ဆီးပစ်နေတာက ဆူညံသံတွေ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုဘဝ အေးချမ်းမှုကိုပါ ထိခိုက်စေတာကို သိတိပြုရမှာပါ။ ‘ကျောပူတာထက် နားပူတာကို မခံနိုင်ကြသူတွေ’ ကျွန်မတို့ ဝန်းကျင်မှာ ပိုမိုများပြားလာနေပါတယ်။ မြို့ပြမှာရော ကျေးလက်တောရွာ အနှံ့မှာပါ ကျယ်ကျယ်လောင်လောင် ဖွင့်နေတဲ့ အသံချဲ့စက်သံတွေ၊ ဆောင်းဘောက်စ် တဒိန်းဒိန်းသံတွေ နားမခံနိုင်အောင် ဖြစ်နေရပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ဒီဆူညံသံ တွေကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ နားကောင်းခြင်း မနားရ ဖြစ်နေကြရသလို စာကျက်နေရတဲ့ ကျောင်းသူ ကျောင်းသားတွေ…
Read Moreရှီကျင့်ဖျင်၊ သုစိဒိဒ်နဲ့ ကမ္ဘာကြီးကို လှုပ်ခတ်စေတဲ့ “ထောင်ချောက်”
မျိုးတေဇာမောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၄၀၀ ကျော် ဂရိမှာ သမိုင်းပညာရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က သုစိဒိဒ် (Thucydides) တဲ့။ အဲဒီခေတ်က အင်အားကြီး စပါတာ (Sparta) နိုင်ငံနဲ့ အရှိန်အဝါ တက်လာတဲ့ အက်သင်း (Athens) နိုင်ငံတို့ ဘာလို့ သွေးချောင်းစီးအောင် စစ်ဖြစ်ခဲ့ကြလဲဆိုတာကို သူက သေချာ စောင့်ကြည့်ပြီး သမိုင်းကျမ်းတစ်စောင် ရေးခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းထဲမှာ ပါတဲ့ စကားတစ်ခွန်းကတော့ အခုခေတ်အထိ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ရေပန်းစားနေတုန်းပဲ။ အဲဒါကတော့ “အင်အားသစ်နိုင်ငံတစ်ခု ကြီးထွားလာပြီး လက်ရှိအင်အားကြီးနိုင်ငံက အဲဒီအပေါ်မှာ ကြောက်စိတ်ဝင်လာတဲ့အခါ စစ်ပွဲဆိုတာ ရှောင်လွှဲလို့ မရတော့ဘူး” ဆိုတဲ့ အချက်ပါပဲ¹။ ဒီအယူအဆကို အမေရိကန် နိုင်ငံရေးပါမောက္ခ ဂရေဟမ် အယ်လီဆန် (Graham Allison) က “သုစိဒိဒ် ထောင်ချောက်” (Thucydides…
Read Moreသူတို့အိမ် အခန်း (၁၁၃)
ဆူးငှက် ဆောင်းယွန်းယိုင်နွေ ————————– ‘….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….’ မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလိုကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီး ဦးစက ဒီရာသီကို သူ၏ ‘ဘုံပျံနေနန်း’ ပတ်ပျိုးကြီး၌ ‘ဆောင်းယွန်းယိုင်နွေ’ ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။ မနက် လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီ တော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက် အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် ‘လေဝန်းရစ်ကာခွေ’ လာသည်။…
Read Moreသူတို့အိမ် အခန်း (၁၁၂)
ဆူးငှက် ကျောင်းသားစိတ်နှင့် အလိုက်မသိခဲ့ပုံများ ————————————————– တက္ကသိုလ်ရောက် ကျွန်တော့် သူငယ်ချင်းများက ကျွန်တော်နှင့် သာမက ကျွန်တော့် မိသားစု ကျွန်တော့် ဆွေမျိုးများ ကျွန်တော့် အသိုင်းအဝန်းနှင့်ပါ ရင်းနှီးကြသည်။ ကျွန်တော့် အိပ်ရာပေါ် ဝင်ထိုင်ကြပြီး ကျွန်တော့် ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးကြသည်။ ထို့ကြောင့် ညရောက်လျှင် ညဈေးတန်းသွားကြ ဘုရားပွဲသွားကြ အငြိမ့်ကြည့်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနှင့် တရုံးရုံးဖြစ် နေကြသည်။ တစ်ခုပါပဲ၊ ကျွန်တော်က သူများဝင်းထဲနေရသည်လေ။ ဝင်းပိုင်ရှင်က မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလေ။ သူတို့မှာ သူတို့ အတိုင်းအတာနှင့် လုံခြုံရေးက အရေးပါသည်။ ထို့ကြောင့် ဝင်း၏ တံခါးမကြီးများကို ည ၈နာရီကျော်တာနှင့် ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သူငယ်ချင်းများနှင့် တရုံးရုံး ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းက မသင့်တော်ပေ။ ထိုစဉ်ကာလက ရပ်ရွာအေးချမ်းမှုသည်…
Read Moreသူတို့အိမ် အခန်း (၁၁၁)
ဆူးငှက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တဲ့ ———————————————– ကျွန်တော်တို့ တက္ကသိုလ် တက်သည့် ကာလအတွင်း ၁၉၇၆ခုနှစ် မတ်လ ၂၃ရက်နေ့က သခင်ကိုယ်တော်မှိုင်း ရာပြည့် ကိစ္စပြီးကတည်းက အာဏာပိုင်အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင်လည်း လှုပ်ခတ်မှုများရှိခဲ့သည်။ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ ၁ရက်နေ့အထိ ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တတိယအကြိမ် ပါတီညီလာခံက ပါတီဗဟိုကော်မီတီဝင် ၄၁ဦးကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသည့် ဗဟိုကော်မီတီဝင် အများစုမှာ လက်ဝဲစွန်းသည့် အရပ်သား နိုင်ငံရေးသမားကြီးများ ဖြစ်သည်။ ထို့နောက် တပ်မတော်အရာရှိ ၄၂ဦးပါဝင်သည့် ဗဟိုကော်မီတီဝင်အသစ် ၇၄ဦးကို ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၇၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်သော ကွင်းဆက်များကို ဖော်ထုတ်အရေးယူခဲ့ရာ တစ်ပြည်လုံး အတိုင်းအတာအရ ပညာရှင်များအပါအဝင် ဝန်ထမ်းများ ကျောင်းသားများအထိ အဖမ်းအဆီး ခံကြရသည်။ ဤသို့ဖြင့် ၁၉၇၄ခုနှစ်…
Read More