တက္ကသိုလ်ဆိုတာ ———————- ဘာလိုလိုနှင့် တက္ကသိုလ်ရောက်တာ ၄နှစ်ပြည့်လုပြီ။ ကိုယ်ယူသည့် သင်္ချာဘာသာရပ်နှင့် ပတ်သက်၍မူ ဘာမှ မတတ်သေး။ ထို့အတူ ပထမနှစ်က ရည်မှန်းခဲ့သော မာစတာတန်း ဆိုသည်မျာကတော့ ဒုတိယနှစ်ကတည်းက ရေစုန်မျောကာ ကျောက်စိုင်ကျောက်စွန်းတွေနှင့် တိုက်လို့ အစိတ်စိတ်အမွှာမွှာကွဲကျေသွားပါပြီ။ ဒါဖြင့် အမောင် ကျောင်းသား ဘာရသနည်းဟု ဆိုလျှင် အပေါင်းအသင်း ရပါသည်။ အမြော်အမြင် ရပါသည်။ အတွေးအခေါ် ရပါသည်။ ဆင်ခြင်တုံတရား ရပါသည်။ တက္ကသိုလ်တွင် တိုက်ရိုက်သင်ကြားခွင့် မရသော်လည်း ရှေ့မျိုးဆက်နှင့် ဝန်းကျင်ကြောင့် စာဖတ်လိုအား တိုးမြင့်လာသည်နှင့် အမျှ ဖတ်ခဲ့ရသည့် စာများကြောင့် ထိုအမြော်အမြင်၊ ထိုအတွေးအခေါ်၊ ထိုဆင်ခြင်တုံတရားတို့က ပိုမို အရာထင် အသုံးဝင်လာပါသည်။ သည်နေရာတွင် ကြုံဖူးသည့် အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါ၏။ ကျွန်တော်တို့ ကျောင်းပြီးခါနီးတွင် စာလည်းဖတ်သော နိုင်ငံရေးအတွေ့အကြုံလည်းရှိသော ဝန်ထမ်းလူပျိုကြီး တစ်ယောက်က…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၁၀၉)
ဆူးငှက် အချစ်လားဟေ့ ဝင်ခဲ့လေကွယ် နာမည်ကြီးလိုက်ပုံ ——————————————————– တတိယနှစ် ကျောင်းပိတ်လို့ပြန်လာတော့ အီကိုကျောင်းသား သန်းလွင်က ရန်ကုန် တက္ကသိုလ် အသိုင်းအဝန်း မှာ ထုတ်ဝေသော ကဗျာစာအုပ်လေးတွေပါလာသည်။ ကျွန်တော်က ထိုစာအုပ်လေးတွေကိုကြည့်ပြီး အားကျနေသည်။ ဒီမှာက လှုပ်လို့ကို မရ။ အထူးသဖြင့် တောကျောင်းဘုန်းကြီး၏ ကဗျာတွေကို ကြိုက်လှသည်။ ပေါ့ပေါ့ပါးပါးနှင့် ခိုက်လှသည်။ တောကျောင်းဘုန်းကြီး ဆိုတာ ရန်ကုန်တက္ကသိုလ်က စီနီယာကြီးတဲ့။ မနှစ်က (၁၉၇၇ ခုနှစ်) မှာ ကျောင်းပြီးသွားပြီတဲ့။ သူက အခု မင်းလူ ဆိုတဲ့ ကလောင်နာမည်နဲ့ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေ စာတွေ ရေးနေပြီတဲ့။ သန်းလွင်က ပြောပြတော့ မင်းလူကို ကျွန်တော် ဖတ်ဖူးတာပေါ့။ သူ့ရဲ့ ပန်းကျောင်း ဝတ္ထုက နာမည်ကြီးပဲလေ။ ၁၉၇၇ ကတည်းက ထွက်တာ။ သန်းလွင်ကတော့…
Read Moreသူတို့အိမ် အခန်း (၁၀၈)
ဆူးငှက် ဒိုင်ယာရီ မရှိပါ။ တိုတိုထွာထွာ စာရွက်များသာ —————————————— ကျွန်တော် ယခု သူတို့အိမ် အခန်းဆက် ဆောင်းပါးရှည်ကို ရေးတော့ မိတ်ဆွေ ဆရာတစ်ယောက်က ဒိုင်ယာရီ ရေးခဲ့တာလား၊ ဒါမှ မဟုတ် မှတ်စုစာအုပ်ရှိလို့လားဟု မေးသည်။ တကယ်တော့ ကျွန်တော့်မှာ ဒိုင်ယာရီလည်း မရှိပါ။ သီးသန့် မှတ်စုစာအုပ်လည်းမရှိပါ။ ဒိုင်ယာရီကို ရေးဖို့ ကြိုးပမ်းဖူးပါသည်။ တစ်လလောက်တော့ ရေးဖြစ်ပါသေး၏။ နောက်တော့ မနက်ကျောင်းသွား၊ ကျောင်းရောက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ကျောင်းပြန်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အိမ်ရောက်၊ ထမင်းစား၊ တစ်ရေးအိပ်၊ ရေချိုး၊ ညစာစား၊ လက်ဖက်ရည်ဆိုင် ထိုင်ဟူသော ပရိုဂရမ်ကလွဲလို့ ထူးထူးထွေထွေ မရှိ။ ထို့ကြောင့် ဆက်မရေးဖြစ်တော့ပေ။ သည်လိုနှင့် နောက်တစ်နှစ် ဒိုင်ယာရီ စာအုပ်လေးတွေ အသစ်ထွက်လာတော့ ရေးချင်ပြန်သည်။ ဇန်နဝါရီ ၁ရက်တော့ ရေးဖြစ်သည်။ ထိုနည်း လည်းကောင်း…
Read Moreသူတို့အိမ် အခန်း (၁၀၆)
ဆူးငှက် တက္ကသိုလ်မှာ စာပေနှင့် ဝေး ———————————– ကျွန်တော်တို့ မန္တလေးတက္ကသိုလ်တွင် ဘူမိဗေဒက ကျောက်ရိုင်းနံရံကပ်စာစောင်ကို ပုံမှန်နီးနီး ဖွင့်လှစ်ကာ ရူပဗေဒ၊ မြန်မာစာ၊ သမိုင်းနှင့် အခြားဌာနများကလည်း နံရံကပ်စာစောင် ထုတ်လုပ်ခဲ့ဖူးကြသည်။ သင်္ချာဌာနကတော့ မရှိခဲ့ဖူးပါ။ ထို့အတူ ကျွန်တော်တို့ အတန်းက နီးစပ်သလောက်လည်း စာပေကို နင်လားငါလား ဝါသနာပါလှသူလည်း မတွေ့မိပါ။ (ကျွန်တော်တို့နှင့် တစ်မေဂျာတည်း၊ တစ်နှစ်တည်းတွင် ညနေပိုင်းသင်တန်းမှာ နောင်တွင် နာမည်ကျော် စာရေးဆရာမ နုနုရည် (အင်းဝ) ဖြစ်မည့် ကျောင်းသူရှိနေပါပြီ။ သို့သော် အတန်းမတူသောကြောင့် မရင်းနှီးခဲ့ရပေ)။ ကျောင်းက သူငယ်ချင်း များတွင်လည်း စာပေနှင့် ပတ်သက်၍ ရူးရူးသွပ်သွပ်မရှိဟု ထင်ရသော်လည်း လူငယ်ပီပီ အချစ်က ရိုက်ပုတ် ထိုးနှက်လိုက်လို့ ဒဏ်ရာလေးတွေ ကိုယ်စီရလာတော့ ဝေဒနာကို ကြေညာချင်သောအခါ ကိုယ်တွင်းအောင်း ငုတ်လျှိုးနေသော စာပေပိုးက ရွထလာကြတော့သည်။…
Read Moreအခန်း (၁၀၅)
ဆူးငှက် သူငယ်ချင်းများနှင့် တစ်နွယ်ငင် တစ်စင်ပါ ———————————————– တက္ကသိုလ်သို့ ရောက်ရှိသော်လည်း မူလတန်း အလယ်တန်း အထက်တန်းအထိ ကျောင်းအတူ တက်ခဲ့သူများလည်း ပါသောကြောင့် ကွန်တော်အချင်းချင်း မိသားစုမျာအထိ ရင်းနှီးကြသည်။ ထိုအခါ တက္ကသိုလ်ရောက်မှ ရင်းနှီးသူများ ကလည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိသားစုများနှင့်လည်း ရင်းနှီးကြသည်။ ထိုမျှမက သူငယ်ချင်းများ၏ သူငယ်ချင်းများနှင့်လည်း ရင်းနှီးလာကြသည်။ အလယ်တန်းကတည်းက ရင်းနှီးခဲ့သော ဥယျာဉ်တန်းသား သူငယ်ချင်း သန်းလွင်နှင့် သူ့အိမ်ကိုယ့်အိမ် သူ့အိပ်ရာ ကိုယ့်အိပ်ရာ အချိန်မရွေး ဝင်ထွက်နေရာ သူ့သူငယ်ချင်း ချမ်းသာရ ထုံးကုန်းသား မောင်မြင့်နှင့်လည်း ရင်းနှီးလာသည်။ ထို့နောက် မောင်မြင့်နှင့် တစ်ရပ်တည်းသား ကိုအုန်းကြိုင်နှင့်လည်း ရင်းနှီး လာသည်။ သူတို့က ကျွန်တော်နှင့် သာမက ကျွန်တော့ ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးလာကြသည်။ အလားတူ တက္ကသိုလ်ရောက်မှ သိကျွမ်းရသော…
Read Moreသူတို့အိမ် အခန်း (၁၀၄)
ဆူးငှက် တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာ ————————————————- ကျွန်တော်က အမိတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံသစ်များထက် အဆောက်အအုံဟောင်းများကို စိတ်ဝင်စားသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက်အသုံးပြုခြင်းဖြင့် ဤတက္ကသိုလ်၏ သမ္ဘာ၊ ရင့်ကျက်မှုနှင့် ဖြတ်သန်းမှုကို သိသာစေသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်း ပြုပြင်ရာတွင်ပင် သစ်လွင်တောက်ပမှုအစား တည်ငြိမ် ခံ့ငြားမှု မူလအသွေးကို မထိခိုက်စေလိုပေ။ ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး မျက်နှာစာကို ရေညှိတက်နေသည့် မူလ အသွေးအတိုင်း ထားစေလိုသည်။ ကျန်သည့်အပိုင်းများကိုသာ ပြုပြင် မွန်းမံစေလို၏။ မျက်နှာစာ၏ ရေညှိတက် အသွေးက တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာကို ပြဆိုသည်ဟု ရေးခဲ့ဖူးသည်။ မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်က သက်တမ်းအရင့်ဆုံးဖြစ်သည်။ ဒုတိယ သက်တမ်းအရင့်ဆုံးက မန္တလေး တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်က ၁၉၂၀ခုနှစ်…
Read Moreသူတို့အိမ် အခန်း (၁၀၃)
ဆူးငှက် မန္တလေး တက္ကသိုလ်က ပင်မဆောင် —————————————- ကျွန်တော်သည် အိမ်နှင့် စနေနေ့ည အကောင်းကြိုက်ကဖေး လက်ဖက်ရည်ဝိုင်းမှာသာ ပြင်င စာအကြောင်း ပေအကြောင်း ဖတ်ဖြစ် နားထောင်ဖြစ် ပြောဖြစ်သည်။ တက္ကသိုလ်ရောက် သူငယ်ချင်းများနှင့်တော့ မပြော ဖြစ်ပေ။ ထို့အတူ ကျောင်းက ချိုကြီး ကဖေး လက်ဖက်ရည်ဆိုင်မှာလည်း မပြောဖြစ်ပေ။ ကျောင်းက သူငယ်ချင်းများထဲတွင် အ.ထ.က ၁၄ က ပြောင်းလာသော ကိုမြင့်ဆွေနှင့်တော့ တစ်ခါတရံ ပြောဖြစ်သည်။ သူက ငြိမ်းကျော် ပရိသတ်ဖြစ်သည်။ ထို့ပြင် မိုးဝေမဂ္ဂဇင်းကိုလည်း လစဉ်ဖတ်သည်။ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာရော မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာ ဖြစ်သည့် ပင်မဆောင်ကြိးက လှေကားထစ်တွေပေါ်မှာရော ထိုင်ရင်း စာအကြောင်း ပေအကြောင်း၊ ဝတ္ထုအကြောင်း ကဗျာအကြောင်း ပြောချင်သည်။ တက္ကသိုလ်နောက်ခံ ဝတ္ထုရှည်ကြီးတွေထဲက ဇာတ်လိုက်တွေလိုပေါ့။ သို့သော် ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလ…
Read Moreသူတို့အိမ် အခန်း (၁၀၂)
ဆူးငှက် ပထမနှစ်က ရည်မှန်းချက် ဒုတိယနှစ် မကုန်ခင် ပျက် —————————————————– ဘာလိုလိုနှင့် တက္ကသိုလ် တတိယနှစ်ရောက်ခဲ့သည်။ ပထမနှစ်ကတည်းက ချမှတ်ခဲ့သည့် ရည်ရွယ်ချက်က ဒုတိယနှစ် စာမေးပွဲ မဖြေမီပင် ပျက်ခဲ့ပါပြီ။ ထိုရည်ရွယ်ခက်က နောက်ဆုံးနှစ်မှာ မာစတာ ဝင်အောင်ကြိုးစားမယ်၊ မာစတာပြီးအောင် တက်ပြီး ကျောင်းမှာပဲ ဆရာပြန်လျှောက်မယ် ဟူသော ရည်ရွယ်ချက်လေ။ ပထမနှစ်တုန်းကတော့ ကောင်းချီကောင်းရဲ့နဲ့။ ဒုတိယနှစ်စမှာလည်း ဟုတ်သလိုလို။ နောက်တော့..၊ ကျောင်းကိုပင် မှန်အောင် မတက်တော့။ တကယ်တော့ ကျွန်တော်က သင်္ချာကို ဝါသနာမှ မပါဘဲ။ ဝါသနာမပါသော ဘာသာကို အောင့်အည်း စိတ်ဝင်စားလို့မှ မရတာ။ စိတ်မဝင်စားတော့ မလိုက်နိုင်၊။ မလိုက်နိုင်တော့ အတန်းမတက်ချင်၊ အတန်းမတက်တော့ ပိုမလိုက်နိုင်၊ ဤသို့ဖြင့် ဂျာအေး သူ့အမေရိုက်တော့သည်။ နားးမလည်တာမှ ဘယ်လိုမှကို နားမလည်တော့တာ..။ စာမေးပွဲကိုပင် မနည်း အောင်ဖို့…
Read Moreသူတို့အိမ် အခန်း (၁၀၁)
ဆူးငှက် သီချင်းရေးပြီး ကျောင်းမတက်ဖြစ်တော့ ထင်တဲ့အတိုင်းပါပဲ။ ဂီတပဒေသာအတွက် တီးလုံးတိုက်နေကြပြီ၊ အကတိုက်နေကြပြီ ဆိုတာ ကြားရပြီးနောက် သုံးလေးရက်တွင်း ကျွန်တော့်ကို လှည့်ပတ်ရှာနေပြီ ဆိုတာလည်း ဆက်တိုက် ကြားလာရပြီ။ အိမ်ကို သွားရှာတော့ ကျောင်းသွားတယ်တဲ့။ ကျောင်းမှာလည်း မရှိဘူး။ ကျွန်တော်တို့ ထိုင်နေကျ ချိုကြီးကဖေး သွားရှာတော့လည်း အဲဒီဆိုင်က မအေးမာက အဲဒီအုပ်စု မလာတာ နှစ်ပတ်လောက်ရှိပြီလို့ ဖြေသတဲ့။ နောက်ဆုံး ကျွန်တော့်ကို သူငယ်ချင်းက ဘယ်လို သတင်းအနံ့ ရသွားလဲ မသိ။ ကျောက်သွေးတန်း ရွှေမောင်းတိုက်ကို လာရှာသည်။ ဘယ်လိုမှ မရှောင်နိုင်ဘဲ တွေ့တာနဲ့ ပြာပြာသလဲ နှုတ်ဆက်သည်။ ကျွန်တော့်သီချင်းကို အဖွင့်သီချင်းအဖြစ် ရွေးထားလို့ သီချင်းတိုက်နေပြီ ဆိုတာ ပြော၏။ ထို့နောက် သူ့ဆိုင်ကယ်နှင့် သီချင်းတိုက်သည့် နန်းရှေ့ပန်တျာကျောင်းသို့ ကျွန်တော့်ကို အမြန် ခေါ်သွားသည်။သူ့ခမျာ ကျွန်တော့်ကို တွေ့တာ…
Read Moreသူတို့အိမ် အခန်း (၁၀၀)
ဆူးငှက် စာပေ၊ ပန်းချီ၊ ဂီတ နှင့် မယ်မယ်ရရ မရှိခဲ့ပုံ ——————————————- ကျွန်တော် ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါသည်။ ကြီးလာတော့ စာပေ ဝါသနာပါသည်။ သို့သော် ထို ၂ခုစလုံးက တီးမိခေါက်မိရုံသာ။ ပန်းချီသာ ဝါသနာပါသည် ကူးဆွဲသည့် အဆင့် သာသာဖြစ်သည်။ ကိုယ့်ဖာသာ ဖန်တီးပြန်တော့လည်း ဆီဆေးကိုပင် ဘာနှင့် ရေးရကောင်းမှန်းမသိ။ ထို့အတူ စာပေဝါသနာပါသည်။ စာအုပ်လေးတွေ ဟိုစပ်စပ် သည်စပ်စပ်သာ ဖတ်သည်။ ကျောင်းနံရံကပ်စာစောင်မှာပင်း ဖြစ်ဖြစ်မြောက်မြောက် မဟုတ်လှ။ ယခုထိကိုပင် ကိုယ်ဝါသနာပါသော စာပေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော်လည်း မိမိ၏ စာပေအဆင့်က တယ်မဟုတ်လှ၊ အရာမဝင်လှ။ နေ့ဖို့ညစာပင် အနိုင်နိုင်။ ကိုင်း ထားပါတော့၊ နောက် ဝါသနာပါတာက ဂီတ။ သို့သော် ဂီတနှင့် ပတ်သက်၍မူ သီချင်း နားထောင်တတ်ရုံပင် ဖြစ်သည်။ အစအဆုံးရသည့် သီချင်းပင်လျှင်…
Read More