ဆူးငှက် ၁၉၈၈ခု၊ ဒီဇင်ဘာ ၁၃ ရက် —————————– ကျွန်တော်တို့ မုန့်ဟင်းခါး မှာသောက်နေစဉ်မှာပဲ စက်မှုတက္ကသိုလ် တက်ဆဲ တူတော်မောငက် အနားရောက်လာသည်။ ခင်သော်ဇင်က က အောင်မိုးဝင်းလာလေ၊ မုန့်ဟင်းခါးမှာလိုက်မယ်လေ ဟု ဆိုတော့ သူက ခေါင်းရမ်းပြီး “လေးဆန်း.. ဖိုးဖိုး ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဈေးသွားမလို့ ပြင်ရင်း အိပ်ရာထဲမှာ လဲသွားလို့၊ အမေကြီးက နှိပ်ပေးနေတယ်၊ သတိလစ်သွားတာလားမသိဘူး၊” ဟု ပြောသည်။ ကျွန်တော်လည်း မုန့်ဟင်းခါးပန်းကန်ကို ထားခဲ့ပြီး အိမ်သို့ ပြန် လိုက်သည်။ နောက်က ခင်သော်ဇင်လည်း ဗိုက်ကြီး တကားကားနှင့် ပြန်လိုက်လာသည်။ အိမ်ရောက်တော့ အခန်းထဲမှာ အဘက ပက်လက်၊ အမေက အဘ ဇက်ကို အသာနှိပ်နေ၏။ အဘ၏ ပါးစောင်တစ်ဖက်က သွားရေကျနေလို့ တဘက်နှင့် သုတ်လိုက်ပြီး ကျွန်တော်က အဘ အဘ…
Read MoreCategory: ဆောင်းပါး
အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) ၏ ဆိုးကျိုးများ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတို့၏ နေထိုင်မှုပုံစံသည် ယခင်ကထက် ပိုမိုအလုပ်များလာပြီး အချိန်ကို တန်ဖိုးထားအသုံးချရသည့် လူနေမှုဘဝသို့ ပြောင်းလဲလာသည်။ ထိုသို့သော အခြေအနေများကြောင့် အချိန်ကုန်သက်သာပြီး အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) သည် မိသားစုတိုင်း၏ နေ့စဉ်စားသောက်မှုတွင် ပိုမိုနေရာယူလာသည်။ စူပါမားကက်များ၊ အဆင်ပြေစတိုးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့်ပင် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် လူကြီးလူငယ်မရွေး၊ ကလေးများပင် မကြာခဏ စားသုံးနေကြသည်။ သို့သော် “အလွယ်တကူ ရနိုင်ခြင်း” နှင့် “ကျန်းမာရေးအတွက် ကောင်းခြင်း” သည် အမြဲတမ်း တူညီသော အရာမဟုတ်ပေ။ အစားအစာများကို စက်မှုနည်းပညာဖြင့် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ရာတွင် အရသာ၊ အရောင်၊ အနံ့၊ သက်တမ်းနှင့် ရောင်းချနိုင်မှုကို ဦးစားပေးထားသည့်အတွက်…
Read Moreသူတို့အိမ် အခန်း (၁၇၂)
ဆူးငှက် တောင်ဥက္ကလာဖိနပ် ———————- စကားမစပ် ကျွန်တော့်အိမ်သို့ ရန်ကုန်က ဆရာစိန်ခင်မောင်ရီတို့ ဗီဒီယို ရိုက်ကူးရေးအဖွဲ့ လာရောက်တည်းကြပြီး အပြန်တွင်မင်းသား ဆရာသုမောင်က သူ့ဇနီး မအေးဘုံအတွက် တောင်ဥက္ကလာထုတ် အမျိုးသမီးစီး ခွာမြင့်ဖိနပ် ဝယ်ယူအားပေးခဲ့ကြောင်း ရေးသားခဲ့သည်။ ကျွန်တော့်အိမ်က စာအုပ်ဆိုင်မှာ တောင်ဥက္ကလာ အမျိုးသမီးစီးဖိနပ်များ ရောင်ချဖြစ်ခြင်းကို ပြောချင်ပါသေးသည်။ ကျွန်တော့်သားအကြီး တစ်ခါလည်ကျော်တော့ သားအမိသားအဖ ၃ယောက်သား ရန်ကုန်သို့ အလည်အပတ်သွားကြသည်။ ရန်ကုန်ရောက်တော့ ခင်သော်ဇင့်အဒေါ်ရှိရာ ရွှေဘုံသာလမ်း ရဲအရာရှိရိပ်သာမှာ တည်းကြသည်။ ထိုသို့ ရန်ကုန် ရောက်တုန်း ရောက်ခိုက် ရန်ကုန်ရှိ ကျွန်တော့် အမျိုးများရှိရာ တောင်ဥက္ကလာ ၇ရပ်ကွက်သို့ အလည်သွားကြသည်။ သူတို့က ဖိနပ်လုပ်ငန်းရှင်ဖြစ်သည်။ အဓိကထုတ်လုပ်တာက ဖိနပ်အမျိုးမျိုးဖြစ်၏။ ပုံစံတွေက အတော်လှပ ခေတ်မီသည်။ အသက် အရွယ် အမျိုးမျိုးအတွက် ပုံစံအမျိုးမျိုး ခွာအနိမ့်အမြင့် အမျိုးမျိုး အရောင်အသွေး…
Read Moreကြက်သားမှုန့်၊ ဟင်းချိုမှုန့်များ စားသုံးခြင်းနှင့် ကျန်းမာရေး
မန္တလာ ဆရာမျိုး ကြက်သားမှုန့်၊ ဟင်းချိုမှုန့်၊ အရသာမှုန့်များသည် မြန်မာ့မီးဖိုချောင်များတွင် အလွန်အသုံးများလာသော အရသာဖြည့်ပစ္စည်းများ ဖြစ်ပါသည်။ ဟင်းတစ်ခွက်ကို အရသာပိုကောင်းစေရန်၊ ဟင်းရည်ချိုချိုလေး ဖြစ်စေရန်၊ အသားအရသာ ပိုထွက်စေရန် အသုံးပြုကြသည်။ သို့သော် “အရသာကောင်းစေသည်” ဆိုခြင်းနှင့် “ကျန်းမာရေးအတွက် ကောင်းသည်” ဆိုခြင်းမှာ မတူပါ။ အဓိကသတိထားရမည့်အချက်မှာ ဆားဓာတ် Sodium များခြင်း ဖြစ်သည်။ WHO က လူကြီးတစ်ဦးအတွက် တစ်နေ့တာ ဆားစားသုံးမှုကို ၅ ဂရမ်ထက်နည်းစေရန် အကြံပြုထားသည်။ ၎င်းသည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမပြည့်တပြည့်ခန့်သာ ဖြစ်သည်။ ကြက်သားမှုန့်၊ ဟင်းချိုမှုန့်ဆိုတာ ဘာလဲ ကြက်သားမှုန့်ဟု ခေါ်သော်လည်း အများစုမှာ ကြက်သားအာဟာရပြည့်ဝသော အစားအစာမဟုတ်ပါ။ အဓိကအားဖြင့် ဟင်းလျာ၏ အရသာကို တိုးစေသော အရသာဖြည့်ပစ္စည်း ဖြစ်ပါသည်။ အထုပ်များတွင် ပါဝင်လေ့ရှိသည်များမှာ ဆား၊ MSG၊ သကြား၊ ကြက်သားအနံ့အရသာ၊…
Read Moreအိမ်တော်ရာ ၁၄ခန်းဇရပ်ထဲက အာဇာနည်နေ့
ဆူးငှက် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတယ်။ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်မှာ လက်နက်အားကိုးနဲ့ လုပ်ကြံ သတ်ဖြတ်မှုအပေါ် တစ်နိုင်ငံလုံးက ယူကြုံးမရ ဖြစ်ကြရတယ်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ နိုင်ငံဟာ လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော် အဖြစ် ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်။ တစ်ဆက်တည်းပဲ ကိုယ်ကျိုးစွန့် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်တိုင် လွတ်လပ်ရေးကို မြင်တွေ့မသွားကြရခြင်းအပေါ် သူတို့ကျေးဇူး၊ သူတို့စိတ်ဓာတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇူလိုင်လ ၁၉ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေ တစ်ပြည်လုံး ကျင်းပခဲ့ကြတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ ၁၉၄၈ခုနှစ်ကနေ ၁၉၈၀ကျာ်ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက်အတွင်းမှာ တည်ရှိတဲ့ မဟာလောကရံသီ အိမ်တော်ရာစတီ…
Read Moreဒေါ်အောင်ဆန်းစုကြည် နှင့် အာဇာနည်ပန်းခွေ
MT(VOM) ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်နှစ် (သူ့အသက် ၁၅ နှစ်အရွယ်) မှာ မိခင်ကြီး ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာကတည်းက မြန်မာနိုင်ငံကနေ လိုက်ပါထွက်ခွာသွားခဲ့တာပါ။ အဲဒီနောက်ပိုင်း အင်္ဂလန်မှာ အခြေချပြီး အိမ်ထောင်ပြု၊ သားသမီးတွေမွေးပြီး ၁၉၈၈ ခုနှစ်အထိ နိုင်ငံရပ်ခြားမှာပဲ နှစ်ပေါင်း ၂၀ ကျော်ကြာ အမြဲတမ်း နေထိုင်ခဲ့ပါတယ်။ အဲဒီ နိုင်ငံခြားမှာ နေထိုင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်) ရောက်တိုင်း မြန်မာနိုင်ငံကို သီးသန့်ပြန်လာပြီး ပန်းခွေချတာမျိုး တကြိမ်မှ မရှိခဲ့ပါဘူး။ ဒါဆို အဲ့ဒီကာလတွေမှာ ဗိုလ်ချုပ်မိသားစုကိုယ်စား ဘယ်သူတွေ တက်ရောက်ခဲ့လဲ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရောက်နေတဲ့ နှစ်တွေ (အထူးသဖြင့် ၁၉၆၀ ကနေ ၁၉၈၈ မတိုင်ခင်အထိ) မှာ အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစု…
Read Moreသူတို့အိမ် အခန်း (၁၇၂)
ဆူးငှက် စာပေသမား ထမ်းဆောင်ရမယ့် တာဝန် —————————————- သြဂုတ်လ ၁၂ ရက်မှာ သဘောထား တင်ပြ တောင်းဆိုချက်တွေ ထုတ်ပြန်အပြီး၊ စာပေနှင့် အနုပညာရှင်များအဖွဲ့ သပိတ်စခန်းဖွင့်တာ၊ စာပေနှင့်အနုပညာရှင်များ စစ်ကြောင်းထွက် ဆန္ဒပြတာတွေကို သက်ဆိုင်ရာ စစ်ကြောင်းကြီးများရဲ့ သံဃာတော် များ ဦးဆောင်မှုနဲ့ လှုပ်ရှားခဲ့ကြသည်။ သို့သော် စာရေးဆရာ၊ အနုပညာရှင်များ၏ ပခုံးပေါ် ကျရောက်လာသော တာဝန်ကို ဒီထမ်းဆောင်မှုဟာ လုံလောက်ပါရဲ့လား။ သြဂုတ်လကုန်ခါနီး ဆန္ဒပြ အရှိန် အဟုန်မြင့်မားဆဲ ကာလမှာပင် ကျွန်တော်တို့ ခေါင်းချင်းဆိုင်ကြပြန်ပါသည်။ ဒီအချိန် ရန်ကုန်ဗဟိုပြုပြီး တစ်ပြည်လုံး အတိုင်းအတာအရ သတင်းမှန်များ တိကျစွာ အလျင်အမြန် ထုတ်ပြန် ချိတ်ဆက်နိုင်ရေး နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ မူဝါဒရေးရာ ထုတ်ပြန် ကြေညာရေးများက အရေးအကြီးဆုံး ဖြစ်နေပါပြီ။ ကောလာဟလ သတင်း တေနှင့်…
Read Moreဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာ နေပြည်တော် ဆွေးနွေးပွဲကနေ ဘာတွေရနိုင်မလဲ
နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကို VOICE OF MYANMAR (VOM) သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တာတွေအပြင် ဒီအလုပ်ရုံဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် ဘာတွေပြုပြင်ပြောင်းလဲ နိုင်မလဲဆိုတာ အပါအဝင် စတဲ့မေးခွန်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ ဒီကနေ့ကျင်းပတဲ့ပွဲဟာ ကျနော်တို့နိုင်ငံအရေးအတွက်…
Read Moreကုလသမဂ္ဂညီလာခံ ခန်းမထဲက ထိုင်ခုံလေးတခုံ
MT(VOM) ကုလသမဂ္ဂ (UN) ဆိုတာ နိုင်ငံတကာ သံတမန်တွေ ဝတ်ကောင်းစားလှတွေဆင်ပြီး နိုင်ငံရေးကစားကြတဲ့ ဇာတ်ခုံကြီးတစ်ခုပါပဲ။ သာမန်လူတွေအမြင်မှာတော့ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းလေးတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီလေးဟာ ကမ္ဘာ့အာဏာကြီးနိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ကုလသမဂ္ဂ သံတမန်အရည်အချင်းစစ် ကော်မတီရဲ့ အလုပ်လုပ်ပုံ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ (Rules of Procedure) အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ…
Read Moreသူတို့အိမ်အခန်း (၁၇၁)
ဆူးငှက် ပေါက်ကွဲေ တော့မည့် မီးတစ်စ ——————————- ပြည်သူအတွင်း အများဆုံး လည်ပတ်နေသည့် ငွေစက္ကူများကို တရားမဝင်တော့ကြောင်း ရုတ်တရက်ကြေညာလိုက်အပြီး ၁၉၈၇ခု စက်တင်ဘာလအတွင်း တစ်ပြည်လုံးရှိ ကောလိပ်နှင့် တက္ကသိုလ်အသီးသီးတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြကာ လှည်းတန်းလမ်းဆုံ တွင်လည်း အုံကြွမှုဖြစ်ခဲ့ပြီး ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံးကို လူထုကဖျက်စီ်ခဲ့သည်။ ထိုနေ့ည ၈နာရီတွင် စာမေးပွဲဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်များအား ၆-၉-၁၉၈၇ နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံမှ ကြေငြာလိုက်သည်။ ထိုကျောင်းများအား ၂၆-၁၀-၁၉၈၇ နေ့တွင် ပြန်ဖွင့်၊ စာမေးပွဲဆက်ဖြေခိုင်းပြီး ပိတ်လိုက်ပြန်သည်။ ၁၉၈၇ခု စက်တင်ဘာ ၂၂ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ၄၅ကျပ်တန်နှင့် ၉၀ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်များ စတင်ထုတ်ဝေ။ ၁၉၈၇ခု အောက်တိုဘာ ၂၇ရက်တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ပြီး နိုင်ဝင်ဘာလဆန်း၌ စစ်တွေ ကောလိပ် တွင်…
Read More