သွေးချိုဓာတ်ကို သဘာဝကျကျ ထိန်းချုပ်နိုင်မည့် နေထိုင်စားသောက်မှုပုံစံ

မန္တလာ ဆရာမျိုး သွေးချိုရောဂါ (Diabetes Mellitus – ဆီးချိုရောဂါ) သည် ယနေ့ခေတ်တွင် လူကြီးလူငယ်မရွေး တွေ့ရှိလာရသော နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် အစားအသောက်ပုံစံပြောင်းလဲလာခြင်း၊ လှုပ်ရှားမှုနည်းလာခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် (Blood Glucose – သွေးချိုဓာတ်) မြင့်တက်လာသူများ ပိုမိုများပြားလာသည်။ သွေးချိုဓာတ် မြင့်နေသည်ကို အချိန်မီမထိန်းချုပ်နိုင်ပါက နှလုံး၊ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြောနှင့် သွေးကြောများကို ထိခိုက်စေနိုင်သည့်အတွက် နေ့စဉ်ဘဝတွင် ကျန်းမာသောနေထိုင်မှုပုံစံကို လိုက်နာခြင်းမှာ အလွန်အရေးကြီးသည်။ သွေးချိုဓာတ်ကို လျှော့ချရန်အတွက် ပထမဆုံးလုပ်သင့်သည်မှာ သကြားဓာတ်များသော အစားအသောက်များကို လျှော့စားခြင်းဖြစ်သည်။ အချိုရည်များ၊ အချိုမုန့်များ၊ ချောကလက်များ၊ ကိတ်မုန့်များ၊ Bubble Tea များ၊ Energy Drink များနှင့် သကြားထည့်ထားသော အဖျော်ယမကာများသည် သွေးချိုဓာတ်ကို အချိန်တိုအတွင်း မြင့်တက်စေနိုင်သည်။ “Sugar-free”…

Read More

KTV၊ Hi ခန်းနှင့် လူငယ်

မန္တလာ ဆရာမျိုး လူငယ်ဘဝသည် စူးစမ်းလိုစိတ်အပြည့်ရှိသည့်အရွယ်၊ သူငယ်ချင်းများနှင့် ပျော်ရွှင်လိုသည့်အရွယ်၊ အသစ်အဆန်းများကို စမ်းသပ်ကြည့်လိုသည့်အရွယ်ဖြစ်သည်။ ပညာရေးနှင့် အလုပ်အကိုင်ဖိအားများကြားတွင် အပန်းဖြေချင်ခြင်းသည်လည်း သဘာဝကျပါသည်။ KTV (Karaoke Television -ကာရာအိုကေသီချင်းဆို အပန်းဖြေနေရာ) များသို့ သူငယ်ချင်းများနှင့် သွားရောက်ပျော်ပါးခြင်းကိုယ်တိုင်က လူငယ်တစ်ဦးကို မကောင်းသူဖြစ်စေခြင်း မဟုတ်ပါ။ သို့သော် ပိတ်ထားသောအခန်းများ၊ ညနက်ချိန်အထိ ပျော်ပါးမှု၊ အရက်နှင့် အခြားမူးယစ်စေသောပစ္စည်းများ အလွယ်တကူဝင်ရောက်လာနိုင်သည့် ပတ်ဝန်းကျင်တို့ ပေါင်းစပ်လာသောအခါ လူငယ်များအတွက် သတိထားသင့်သည့် အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်။ ယနေ့လူငယ်အချို့ကြားတွင် KTV၊ Club၊ Bar နှင့် “Hi ခန်း” ဟု အများခေါ်ဝေါ်နေကြသော ပျော်ပါးရာနေရာများသည် သူငယ်ချင်းအချင်းချင်းတွေ့ဆုံရာ၊ မွေးနေ့ပွဲကျင်းပရာ၊ စိတ်ဖိစီးမှုဖြေဖျောက်ရာ နေရာများအဖြစ် ရှိနေကြသည်။ ပြဿနာမှာ ထိုနေရာကို သွားခြင်းတစ်ခုတည်းမဟုတ်ဘဲ ထိုပတ်ဝန်းကျင်တွင် မည်သည့်အရာများနှင့် ထိတွေ့လာနိုင်သလဲ၊ မည်သည့်ဆုံးဖြတ်ချက်များ ချမိနိုင်သလဲဆိုသည့်အချက် ဖြစ်သည်။…

Read More

သူတို့အိမ် အခန်း (၁၈၈)

ဆူးငှက် စာရေးဆရာတဲ့လား လက်မတထောင်ထောင် ———————————————– ၁၉၉၀ခုနှစ် ကျော် ၊ ထိုကာလက ဝတ္ထုတိုရွှေခေတ် အရှိန်ကောင်းဆဲ ကာလ။ ရန်ကုန်အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းကြီးတွေ အပြိုင်အဆိုင် ထုတ်ဝေကာ မဂ္ဂဇင်းတိုင်းလိုလိုကလည်း မန္တလေးဝတ္ထုတိုတွေ မပါလျှင်ပင် မဂ္ဂဇင်းအင်္ဂါ မမြောက်သကဲ့သို့ အယ်ဒီတာ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် မန္တလေးသို့ တခုတ်တရ တက်လာကြပြီး ဝတ္ထုတိုသမားတွေဆီ စာမူများ တလေးတစား တောင်းနေချိန် ဖြစ်၏။ ထိုအခါ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ‘ငါကွ စာရေးဆရာ’ ဟုဆိုကာ လက်မ တထောင်ထောင်နှင့်၊ ငါမှ စာမရေးလျှင် မြန်မာစာပေလောကကြီး ပျက်စီးတော့ မယောင်ယောင်၊ ငါ့စာ တစ်ပုဒ်တစ်လေမျှ မပါရင် ထိုထိုဤဤ မဂ္ဂဇင်း စာပေအဆင့်အတန်း မမီသယောင်၊ သွေးနားထင် ရောက်နေချိန် ဖြစ်၏။ ထို့ကြောင့်လည်း ကိုယ်နှင့် ကိုယ့်နီးစပ်ရာ စာပေသမား…

Read More

ထိုင်း-မြန်မာ အနာဂတ်ခရီးနှင့် တော်လှန်ရေးအလှည့်အပြောင်း

MT(VOM) ​မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဆိုတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ​၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရစ ကတည်းက မြန်မာ-ထိုင်း နယ်စပ်ဟာ တရုတ်ဖြူ (KMT) ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ပြဿနာတွေနဲ့ စတင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ကစပြီး စစ်အစိုးရတွေလက်ထက် ကနေ ဒီ​နေ့အထိ နယ်စပ်ကုန်သွယ်ရေး၊ သယံဇာတထုတ်ယူမှုတွေအထိ အမြဲတမ်း အပြန်အလှန် လိုအပ်ချက်တွေနဲ့ ချိတ်ဆက်နေခဲ့တာပါပဲ။ ၁၉၈၈ အရေးတော်ပုံအပြီးမှာတော့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေဟာ တိုင်းရင်းသားနယ်စပ်တွေနဲ့ ထိုင်းဘက်ခြမ်းကို တောခိုခဲ့ကြရပြီး၊ အဲဒီတုန်းက ထိုင်းနိုင်ငံ၊ တခ်ခရိုင်မှာ ဖွင့်လှစ်ခဲ့တဲ့ ကြိုဆိုရေးစခန်းကနေတစ်ဆင့် ဥပဒေဘောင်အတွင်း ပြန်လာဖို့ ညှိနှိုင်းခဲ့ရတဲ့ သမိုင်းမှတ်တိုင်တွေလည်း ရှိခဲ့ဖူးပါတယ်။ ​ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့ ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ…

Read More

အသက်ကို ကာကွယ်ပေးမည့် အလွယ်ကူဆုံး အလေ့အကျင့်

မန္တလာ ဆရာမျိုး မြန်မာနိုင်ငံတွင် ဆိုင်ကယ်သည် နေ့စဉ်ဘဝအတွက် အရေးကြီးသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်သည်။ အလုပ်သွားရန်၊ ကျောင်းတက်ရန်၊ စျေးဝယ်ရန်နှင့် ခရီးတိုများ သွားလာရာတွင် ဆိုင်ကယ်ကို အများဆုံး အသုံးပြုကြသည်။ သို့သော် အသုံးပြုသူများ များပြားလာသည်နှင့်အမျှ လမ်းမတော်တဆမှုများလည်း ပိုမိုများပြားလာနေပြီး ယင်းမတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှု၊ မသန်စွမ်းဖြစ်မှုနှင့် မိသားစုများ၏ စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့သော ဆိုးကျိုးများကို လျှော့ချနိုင်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ အရည်အသွေးပြည့်မီသော Helmet (ဦးထုပ်) ကို မှန်ကန်စွာ ဆောင်း၍ ဆိုင်ကယ်စီးခြင်း ဖြစ်သည်။ ဦးနှောက်သည် လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လှုပ်ရှားခြင်း၊ စဉ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်တို့ကို ထိန်းချုပ်ပေးသည်။ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားသောအခါ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိပါက ဦးနှောက်ဒဏ်ရာ၊ သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ ကိုယ်လက်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ်…

Read More

သူတို့အိမ် အခန်း (၁၈၇)

ဆူးငှက်   “ပြည်သူချစ်သော အနုပညာသည်များ” ၂၅ နှစ်ပြည့် —————————————————- ၁၉၈၉ခုနှစ် မေလ မှာ တောင်လေးလုံးတွင် ကျင်းပသော “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲက မှတ်မှတ် ရရ ဖြစ်လှသည်။ နန်းတော်ရှေ့ဆရာတင်သား ရွှေနန်းတင်၊ မြို့မငြိမ်းသား ဦးရွှန်းမြိုင်(မြို့မ)တို့လည်း တက်ရောက်ကာ အမှတ်တရ စကားပြောကြ၏။ စာတမ်းတွေ ဖတ်ကြ၊ ပြောကြ၊ ဟောကြနှင့် ကျေးဇူးရှိသော စာအုပ်ကောင်းတစ်အုပ်ကို မည်သို့မည်ပုံ စိတ်ကူးရ ပြုစုထုတ်ဝေမှုနှင့်ပတ်သက်၍လည်း စာရေးသူ ဒေါ်ဒေါ်ကိုယ်တိုင်က မှတ်မှတ်ရရ ပြောပြသည်။ အခမ်းအနားလေး ဆိုငြား အမြုတေပမာ သိပ်သည်းလှတဲ့ အနှစ်ချည်း မို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ့် တူရင်းချာကြီးများ ဖြစ်သော ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့၏။ အမှတ်တရ စကားတွေ၊ ကျွန်တော်သည် ယနေ့တိုင် မှတ်သားမိဆဲ ဒေါ်ဒေါ့်စကားတစ်ခွန်း…

Read More

“တရားမဝင်အကွက်ရိုက် ရောင်းချမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဂရန်တွေချပေးလိုက်မယ်ဆိုရင် ကုမ္ပဏီဘက်က ကန့်ကွက်ခွင့်မရှိပါဘူး” ဆိုတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ တွေ့ဆုံခြင်း

မန္တလေး- သြဂုတ်- ၆-၂၀၂၆ VOM သြဂုတ်လ ၅ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင်က အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က စီမံကိန်းလယ်ယာမြေပေါ်ဆောက်လုပ်ထားတဲ့ နေအိမ်ဖျက် သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ အဲလိုတွေ့ဆုံပြီးတဲ့နောက်မှာ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းနဲ့ Voice Of Myanmar အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူမိသူတွေ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနဲ့…

Read More

လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ စာဖတ်ကြပါစို့

မန္တလာ ဆရာမျိုး     “လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အင်အားအကြီးဆုံး လက်နက်မှာ ပညာဖြစ်ပြီး၊ ပညာရရှိရန် အကောင်းဆုံးလမ်းကြောင်းမှာ စာဖတ်ခြင်းဖြစ်သည်” ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ လူတစ်ယောက်၏ အသိပညာ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအမြင်တို့ကို တဖြည်းဖြည်း ပုံဖော်ပေးသည့် အရာမှာ စာအုပ်များဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက် (Social Media) နှင့် ဗီဒီယိုတိုများ၏ ဆွဲဆောင်မှုကြောင့် စာဖတ်သည့် အလေ့အကျင့်သည် တဖြည်းဖြည်း လျော့နည်းလာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။ သတင်းအချက်အလက်များ ရယူရန် လွယ်ကူလာသော်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အကျင့်ကတော့ လျော့နည်းလာ နေပါသည်။     စာဖတ်ခြင်းသည် စာမေးပွဲအောင်ရန်၊ ဘွဲ့ရရန် သို့မဟုတ် အလုပ်အကိုင်ကောင်းတစ်ခု ရရှိရန်အတွက်သာ မဟုတ်ပေ။ စာဖတ်ခြင်းသည် လူတစ်ယောက်၏ အတွေးအခေါ်ကို…

Read More

သူတို့အိမ် အခန်း (၁၈၆)

  ဆူးငှက်   ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆု ——————————————— ဒေါ်ဒေါ် လူထုဒေါ်အမာ ၏ စာအုပ်များအနက် ကျွန်တော် အကြိုက်ဆုံးစာအုပ်ကို ရွေးပါဆိုလျှင် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကို ရွေးပါမည်။ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်သည် စာရေးဆရာ၊ သတင်းစာဆရာမကြီး ဒေါ်ဒေါ် လူထုဒေါ်အမာရေးသား ပြုစုခဲ့သည့် စာအုပ်များတွင် အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်သည်။ ဒေါ်ဒေါ်၏ “ပြည်သူချစ်သော အနု ပညာသည်များ” စာအုပ်က ၁၉၆၄ခုနှစ် မေလမှာ ပထမအကြိမ် ထုတ်ဝေပြီး ထိုနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ခုနှစ် ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄မှာ စတုတ္ထအကြိမ်နှင့် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ္စမအကြိမ်အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ေ၀ ခဲ့ရသော စာအုပ်ဖြစ်သည်။ ပထမအကြိမ် ထုတ်သည့်…

Read More

သူတို့အိမ် အခန်း (၁၈၅)

  ဆူးငှက်           အလှူအတွက် အဆင်သင့်ဖြစ်ပြီ ———————————   အလှူမတိုင်မီ နောက်ဆုံးပြင်ဆင်မှု အနေနှင့် တပို့တွဲ လဆန်း၁၄ရက်နေ့မှာ တောင်လေးလုံး ကျောင်းတိုက်သို့ တစ်ခေါက်သွားကြသည်။ ဆရာတော်ဦးပညာက ဘုန်းကြီးဆွမ်းကပ်ရန်နှင့် ပရိတ်နာရေစက်ချဖို့ ပြင်ဆင်ထားသည်များ နှင့် ထမင်းကျွေးမည့် ဆွမ်းစားဆောင်နေရာများကို ပြသည်။ အလှူပွဲကျင်းပမည့် အောင်ခြင်းရှစ်ပါး ဓမ္မာရုံအတွင်း မောင်ရှင်လောင်း စင်နှင့်အတူ ခင်းကျင်း ပြင်ဆင်ထားပြီးပြီ။ အိုးသူကြီးချောင်ကို ဦးသောင်းစိန်က တာဝန်ယူထားသကဲ့သို့ ဆွမ်းကပ် ရေစက်ချ အလှူအခမ်းအနားများအတွက် ဆရာတော်၏ ညီများဖြစ်ကြသည့် ဦးစိန်ထွန်းနှင့် ဦးညွန့်မောင်တို့က တာဝန်ယူထားသည်။ ထို့ပြင် ဆရာတော်၏ တပည့် ဦးဇင်းဌေးကလည်း ဆရာတော့်ကိုယ်စား လိုအပ်သမျှ ဆောင်ရွက် ထားပြီးပြီ။   ဒီနေ့ တောင်လေးလုံး ကျောင်း တိုက်သု့ိ လာစဉ် ဆရာညိုထွန်းလူက…

Read More
✕
VOM News

FREE
VIEW