မန္တလာ ဆရာမျိုး သတိမပြုမိသော ကျန်းမာရေးအန္တရာယ် ယနေ့ခေတ် လူနေမှုဘဝတွင် ပလပ်စတစ် (Plastic – ပလတ်စတစ်) သည် နေရာတိုင်းတွင် တွေ့မြင်ရသော ပစ္စည်းတစ်မျိုးဖြစ်လာသည်။ စျေးဝယ်သည့်အခါ အသုံးပြုသော အိတ်မှအစ၊ ရေသန့်ဘူး၊ အစားအသောက်ဘူး၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ အစားအသောက်ထုပ်ပိုးပစ္စည်းများအထိ ပလပ်စတစ်ကို နေ့စဉ်မပြတ် အသုံးပြုနေကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဟင်းရည်၊ ဆီပြန်ဟင်း၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်ပူ၊ ကော်ဖီပူ၊ ပဲပြုတ်၊ အသားဟင်း စသည့် ပူပူနွေးနွေး အစားအသောက်များကို ပလပ်စတစ်အိတ်ထဲ တိုက်ရိုက်ထည့်ပေးခြင်းသည် သာမန်မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ လူအများစုက တစ်ခါတလေထည့်တာပဲ ဘာမှမဖြစ်နိုင်ဘူးဟု ထင်မြင်ကြသော်လည်း သိပ္ပံပညာရှင်များကမူ ပလပ်စတစ်အမျိုးအစား၊ အပူချိန်၊ အသုံးပြုသည့်အချိန်နှင့် အစားအသောက်၏ အမျိုးအစားပေါ် မူတည်၍ ပလပ်စတစ်ထဲရှိ ဓာတုပစ္စည်းအချို့သည် အစားအသောက်ထဲသို့ ရွှေ့ပြောင်းဝင်ရောက်နိုင်ကြောင်း (Chemical…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၁၈၄)
ဆူးငှက် တောင်လေးလုံး နှင့် ဟင်းလေးချက် ———————————– တောင်လေးလုံးကျောင်းပေါက်ရောက်တော့ စက်ဘီးလေးရပ်ပြီး အဝင်ပေါက် ဘယ်ဘက်ဘေးက တမာပင်လေး အရိပ်မှာ ထိုးလိုက်သည်။ အသံကြားလို့ ဆရာတော်ဦးပညာ ၏ ညီ ဖြစ်သူ ကိုစိန်ထွန်းက ကျောင်းဆောင်ပြတင်းက ခေါင်းပြူကြည့် ရင်း “ဟာ.. ကိုဆူး.. လာဗျ၊ နောင်တော်က ဒီမှာ ဆွမ်းဘုန်းပေးနေတာ၊ ဝင်ခဲ့ပါ..” ဟု ခေါ်သည်။ ကျွန်တော်က လက်အုပ်ချီကာ ကျောင်းထဲ ဝင်၍ ဆွမ်းဘုန်းပေးနေသော ဆရာတော်ကို ကန်တော့သည်။ ဆရာတော်က ရတယ်၊ ရတယ်။ ဆူးငှက် သက်သက်သာသာ နေ၊ ထမင်းစားပြီးမှ ပြန် ဖြည်းဖြည်းပေါ့၊ ဟင်းလေးချက်တွေ ရှိတယ်။ ဦးဝင်းတင် ထောင်ဝင်စာဖို့ ကိုမောင်မောင်ခင်နဲ့ သူကြိုက်တဲ့ ဟင်းလေးချက် ထည့်ပေးလို့ အများကြီးချက်ထားတာ ဟု ဆရာတော်က ဆွမ်းကို လက်စသတ်ရင်း မိန့်သည်။…
Read Moreသူတို့အိမ် အခန်း (၁၈၃)
ဆူးငှက် ကျပ်ကျပ်တည်းတည်း ကာလများ ———————————– ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ၁၉၉၀နောက်ပိုင်း တအိအိနှင့် အငှားလျော့နည်းလာသည်။ ယခင်က တစ်နေ့လျှင် ဦးရေ ၁၀၀ကျော် စာအုပ်ရေ ၂၀၀နီးပါး ငှားနှုန်းရှိခဲ့ရာမှ ဦးရေ က ၅၀ပင် မကျော်တော့၊ တစ်ခါတရံ ဦးရေ ၂၀ နှင့် ၃၀ကြားပင် ကျဆင်းသွားတော့သည်။ ငှားနှုန်းနည်းလို့ ဝင်ငွေနည်း၊ ဝင်ငွေနည်းလို့ စာအုပ်သစ်မတင်နိုင်၊ စာအုပ်သစ် မတင်နိုင်လို့ ငှားနှုန်းကျ၊ ငှားနှုန်ကျလို့ ဝင်ငွေနည်း သံသရာက ပုံမှန်သာမက ပို၍ပင် မြန်ကာ နည်းကာ လည်ပတ်တော့ ဆိုင်မပြုတ်ရုံသာ ကျန်တော့၏။ မနည်း တောင့်ခံထားရသည်။ မိခင်ကြီးကလည်း အသက်၈၀ကျော် ၉၀ ဝန်းကျင်မို့ ဆေးဝါး နှင့် အာဟာရ လိုအပ်သည်။ ဒါတောင် မိခင်ကြီးက ရောဂါအခံမရှိ။ ကျွန်တော့် ကလေး၂ယောက်ကလည်း အိမ်အနီးက ၁၂…
Read Moreဆင်းရဲခြင်းလွတ်ကင်းအောင် (၁)
MT(VOM) ဆင်းရဲနွမ်းပါးမှု ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်တော့ ရောဂါဆိုးကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရောဂါဟာ ကုသလို့မရတဲ့ အရာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ (UN) က သတ်မှတ်ထားတဲ့ LDC (Least Developed Countries – ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ) စာရင်းထဲ ရောက်သွားခဲ့ပေမဲ့ အောက်ခြေကနေ ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် စာရင်းကနေ ရာထူးတိုး (Graduated) သွားနိုင်ခဲ့တဲ့ နိုင်ငံတချို့ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ LDC ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်ပါမယ်။ပြီးမှ LDC စာရင်းထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို အသေးစိတ် သုံးသပ် တင်ပြသွားပါမယ်။ LDC (ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ) ဆိုတာ ဘာလဲ။ LDC ဆိုတာ Least Developed Countries ရဲ့ အတိုကောက်ဖြစ်ပြီး…
Read Moreသူတို့အိမ် အခန်း (၁၈၂)
ဆူးငှက် လူငယ်တွေကို မြေတောင်မြှောက်ပေးသည့် လူထုမောင်နှံ ————————————————————– ဦးလေးလှ(လူထုဦးလှ)နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့က လူငယ်တွေကို မြေတောင်မြှောက်ပေးသည်က အစဉ်အလာလို ဖြစ်သည်။ ကြီးပွားရေး စာအုပ်တိုက်ကို စတင်ထူထောင်သည်မှာ ၁၉၃၈ ဇူလိုင်လဖြစ်သည်။ ကြီးပွားရေး လစာအုပ်တိုက် မထူထောင်မီ ၁၉၃၄ ခုနှစ်လောက် ကတည်းက ကြီးပွားရေး မဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ က ထုတ်ဝေနေပါပြီ။ ထိုခေတ် ထိုအခါက ထုတ်ဝေသော ကြီးပွားရေး မဂ္ဂဇင်းသည် လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက ထိုခေတ် ထိုအချိန် အခြားမဂ္ဂဇင်း စာစောင်များမှာ ပါလေ့ရှိသော မိန်းကလေးလှလှနှင့် မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေသော ထီး ပေါက်နေသော စည်ရှေ့မှာ မားမားရပ်နေသော လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနှင့်…
Read Moreသူတို့အိမ် အခန်း (၁၈၁)
ဆူးငှက် ဒေါ်ဒေါ်က မျက်ချည်မပြတ် စောင့်ရှောက်တယ် —————————————————— ဒေါ်ဒေါ်လူထုဒေါ်အမာက ကျွန်တော်တို့၏ လူမှုရေး စီးပွားရေး၊ စားဝတ်နေရေး ကိစ္စတွေ အပေါ် မျက်ချည် မပြတ် ဂရုတစိုက် ရှိလှ၏။ ၁၉၉၆ ကာလ ကျွန်တော် ကျန်းမာရေးချူချာပြီး တိုက်သို့ လာတာ မမြင်မတွေ့ရလျှင် ချက်ချင်း အိမ်သို့ လိုက်လာပြီး အိုဗာတင်း နှင့် သီးနှံတွေ ယူလာပေးသည်။ အိမ်မှာ ကျွန်တော့် အမေနှင့် တွေ့တော့လည်း မိခင်ကြီး၏ အသက်နှင့် ကျန်းမာရေးကို မေးမြန်းကာ ရင်းရင်းနှီးနှီး စကားတွေပြော အားပေးသည်။ တစ်ခါကများ တရှောင်ရှောင် ဖြစ်နေသော ကျွန်တော့် ကျန်းမာရေးကို အားမရတော့ သမီးကြီး ပါမောက္ခ ဒေါက်တာသန်းရင်မာနှင့် ပြစေသည်။ ထိုမျှမက စိတ်အထူးကု ဆရာဝန်နှင့်ပါ ပြသပေးပါ၏။ ကျွန်တော့် ကျန်းမာရေးသာမက မိခင်ကြီးအပါအဝင်…
Read Moreသူတို့အိမ် အခန်း (၁၈၀)
ဆူးငှက် ရွှေဝတ်ရည်မှသည် လူထုသို့ ——————————— ရွှေဝတ်ရည်မဂ္ဂဇင်းမှာ စီစစ်ရေးအခက်အခဲ၊ ပုံနှိပ်တိုက် အခက်အခဲများဖြင့် ၃လမှ တစ်ကြိမ်၊ ၅လမှ တစ်ကြိမ်သာ ထုတ်ဝေနိုင်ပြီး အမှတ်စဉ် ၈ အပြီးမှာ ရပ်နားလိုက်ရသည်။ သည်အချိန်မှာပဲ ကျွန်တော် လူထုကြီးပွားရေး စာအုပ်တိုက်၏ အယ်ဒီတာစာပွဲသို့ ရောက်ခဲ့ပါ၏။ အယ်ဒီတာစာပွဲမှာ ကျွန်တော့် အရင် ရောက်နှင့်နေတာက ဆရာကျော်ရင်မြင့် ဖြစ်သည်။ ကျွန်တော်ရောက်တော့ ကိုကျော်စိုးဝင်းက ရန်ကုန်ပြောင်းနှင့်ပြီ။ ကျွန်တော်က သူ့လက်စ အလုပ်တွေ ဆက်လုပ်ရသည်။ ဆရာကျော်ရင်မြင့်ကတော့ ဦးလေးလှစာပွဲက စာမူများ ပြန်စုစည်းတာ၊ ရှာဖွေတာ၊ ထိန်းသိမ်းတာနှင့် ဒေါ်ဒေါ့် အလုပ်တွေကို အများဆုံး ကူရသည်။ အထူးသဖြင့် ဒေါ်ဒေါ့် ရေးပြီးသော လက်ရေးစာမူများကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက်ရိုက်ပြီး မဂ္ဂဇင်းတိုက်တွေပို့တာ၊ လက်ခံဖိုင်တွဲတာ၊ မှတ်တမ်းတင်တာတွေ တာဝန်ယူသည်။ လူထု အယ်ဒီတာစာပွဲမှာ ကျွန်တော့်ကို…
Read Moreကျောက်ကပ်ကို ထိခိုက်စေသော နေ့စဉ်အလေ့အကျင့်များ
မန္တလာ ဆရာမျိုး လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတိုင်းသည် ကိုယ်စီတာဝန်များဖြင့် အရေးပါကြသည်။ ထိုအင်္ဂါများအနက် ကျောက်ကပ်သည် အရွယ်အစားအားဖြင့် လက်သီးဆုပ် တစ်ဆုပ်ခန့်သာရှိသော်လည်း လူတစ်ဦး အသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ရန် မရှိမဖြစ်အရေးကြီးသော လုပ်ငန်းများကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးနေသည့် ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးတွင် ကျောက်ကပ်နှစ်လုံးရှိပြီး ခါးနောက်ဘက်၊ ကျောရိုး၏ ဘေးတစ်ဖက် တစ်ချက်တွင် တည်ရှိကြသည်။ လူအများက ကျောက်ကပ်ကို ဆီးဖြစ်ပေါ်စေသည့် အင်္ဂါတစ်ခုအဖြစ်သာ သိရှိထားတတ်ကြသော်လည်း ကျောက်ကပ်၏ လုပ်ငန်းတာဝန်များသည် ထိုထက်များစွာ ကျယ်ပြန့်သည်။ ကျောက်ကပ်သည် သွေးထဲရှိ ခန္ဓာကိုယ်အတွက် မလိုအပ်တော့သော စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးခြင်း၊ ပိုလျှံနေသော ရေနှင့် ဆားဓာတ်များကို ဆီးမှတစ်ဆင့် ဖယ်ရှားပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ မျှတနေစေရန် ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းချုပ်ရာတွင် ပါဝင်ခြင်း၊ သွေးနီဥများ…
Read Moreသူတို့အိမ် အခန်း (၁၇၉)
ဆူးငှက် အယ်ဒီတာဘဝ ပထမဆုံးစာမေးပွဲ —————————————- ဆရာမောင်သစ်လွင်(လူထု) က မဂ္ဂဇင်းစာအုပ်ကို အဖုံးမှစ၍ တစ်မျက်နှာချင်း လှန်ကာ သေချာကြည့်သည်။ ဆရာကိုယ်တိုင် ရေးသားသော ပြောပါရစေ ခေါင်းစည်းတပ်သည့် အယ်ဒီတာ့ အာဘော်ကိုလည်း သေချာပြန်ဖတ်သည်။ ထို့နောက် ကဗျာများကို တစ်မျက်နှာချင်း လှန်ဖတ်သည်။ ဆရာက အယ်ဒီတာအဖွဲ့တွင် ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်း ရောက်လာတော့ ကဗျာအယ်ဒီတာများဖြစ်သည့် ဆရာမောင်သင်းပန် နှင့် ဆရာကိုငြိမ်း(မန္တလေး) အပြီးသတ် ရွေးပေး ထားသော ကဗျာများနှင့် ဆရာကိုယ်တိုင် ရွေးချယ်ထားသော ဆောင်းပါး ဘာသာပြန်နှင့် ဝတ္ထုစာမူများကို ချထားပေးသည်။ ကျန်သည့်ကဏ္ဍများအတွက် ကျွန်တော်တို့ စိတ်ကြိုက်ဖန်တီးခွင့် ပေးထားသည်။ ဖလင်မရိုက်မီ ဒီဇိုင်း ကိုပင် မကြည့်တော့။ မင်းတို့ကို စိတ်ချပြီးသား ဟု ဆိုသည်။ အခုလည်း ကျွန်တော်တို့ လက်ရာ မဂ္ဂဇင်းစာအုပ်ကို တစ်မျက်နှာချင်း စိမ်ပြေနပြေကြည့်နေတော့…
Read Moreသူတို့အိမ် အခန်း (၁၇၈)
ဆူးငှက် ဗိုလ်ချုပ်အောင်ဆန်းလမ်း လက်ဆည်ကန်ရပ်က လူထုတိုက် —————————————————————– တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ ၁၉၇၀ကျော်ကာလ ဝန်းကျင်ကပေါ့။ ထို့နောက် ကျွန်တော်က ဆောင်းပါးလေးတွေရေးဖြစ်တော့ ဆရာညီပုလေးကတဆင့် စာရေးဆရာ အသိုင်းအဝန်းနှင့် ရင်းနှီးလာသည်။ ဤသို့ဖြင့် လက်ဆည်ကန်ရပ်က လူထုတိုက်သို့ မကြာခဏ ရောက်ဖြစ်သည်။ ဆရာညီပုလေးက မထင်မှတ်ဘဲ ခရီးရှည်ထွက်သွားချိန်နောက် ကိုယ်တိုင်က ပန်းချီလေး ဒီဇိုင်းလေး မတောက်တခေါက် ဝါသနာပါ၊ မဖြစ်စလောက် ရေးချွတ်ဖြစ်တာ သိတော့ အစ်မဒေါ်တင်ဝင်း(လူထု)နှင့် ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) တို့က လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အချို့၏ စာအုပ်အပြင်အဆင်ပိုင်း (ထိုစဉ်က ကွန်ပြူတာစီပြီး စာမူအချောများကို ကပ်ကြေးဖြင့်ညှပ်၊ တစ်ဖက်ချောဂျပ်ပေါ် ကော်ဖြင့် ကပ်ကာ Lay Out ဆင် ဖလင်ရိုက်ရသည်) ကို တာဝန်ပေးသည်။…
Read More