သူတို့အိမ် အခန်း (၁၅၆)

ဆူးငှက် ဇာတ်အဖွဲ့ကြီးလေလား.. —————————– ဤသို့ဖြင့် စာမေးပွဲ ပြီးသည်နှင့် ကျောင်းဆင်းပွဲအတွက် စတင်ပြင်ဆင်ကြပါပြီ။ သင်တန်းခန်းမကြီးထဲမှာ တီးလုံးတိုက် အကတိုက်ကြဖို့ နေရာချထားလိုက်ပါပြီ။ ကျွန်တော်တို့ ဇာတ်အဖွဲ့ကြီး စတင်ဖွဲ့စည်းလိုက်ပါပြီ။ တကယ်တော့ ကျောင်း သင်ခန်းစာတွေ လျွှတ်ချလိုက်ပြီးပါမှ ကိုယ်စီကိုယ်စီ အစွမ်းအစတွေ ထင်ထင်ရှားရှားပေါ်လာကြသည်။ အတော်များများက ဇာတ်ပိုးပါလာကြသူချည်းပဲလေ။ သင်တန်းသူထဲတွင် စဉ့်ကိုင်သူ၊ အမရပူရသူ၊ မတ္တရာသူ၊ ပျော်ဘွယ်သူ ၄ယောက်က အတော်တတ်ကြသည်ဟု ပြောရမည်။ အငြိမ့်သီချင်းတွေလည်း ရကြ၊ အကတွေလည်း ရကြရုံမက မန္တလေးအငြိမ့်များ၏ အငြိမ့်ခွင်များပင် သိနေကျွမ်းဝင်နေကြသည်။ သူတို့ ၄ယောက်တွင် ပျော်ဘွယ်သူမှ လွဲ၍ ကျန်သုံးယောက်က အသက်၂၀ကျော်မို့ အရွယ်အရ ရုပ်ရည်အရ အချိုးကျသည်။ ပျော်ဘွယ်သူက အသက် ၃၀ကျော်ကာ ကိုယ်ခန္ဒာက ဝသည့်ဘက်ရောက်သည်။ သို့သော် သူကလည်း မခေလှ၊ သူ့မြို့က အရပ်ဇာတ်ကတိုင်း ပြဇာတ်မင်းသမီးတဲ့။ သည်တော့…

Read More

သူတို့အိမ် အခန်း (၁၅၅)

ဆူးငှက် ဇတွေ ကိုယ်စီနဲ့မို့ ဝါသနာကို မတားကြပါနဲ့ ——————————————— ကျောင်းဆင်းပွဲက ဖေဖော်ဝါရီလမှ ဖြစ်သော်လည်း အဆောင်အလိုက် အစီအစဉ်တစ်မျိုးစီ တာဝန်ယူကြဖို့ အကြမ်းဖျဉ်း စီစဉ်ထားသည်။ ကျောင်းဆင်းပွဲ၏ ဖျော်ဖြေမှု ကဏ္ဍအတွက် ဆရာတစ်ယောက်က တာဝန်ယူထားသည်။ ထို့ပြင် အဆောင်ချင်းအလိုက် အလွန်တက်ကြွသူများက လက်တပြင်ပြင် ပါးစပ်တပြင်ပြင်ဖြစ်ကာ သူတို့မြို့သူတို့ရွာမှာ မင်းသားမင်းသမီး ဒါရိုက်တာ အဆိုတော် ပလေယာဆိုသူတွေလည်း အပြိုင်းအရိုင်းပေါ်လာသည်။ ထိုအခါ ဆရာကြီးက တာဝန်ပေးသော်လည်း ကျွန်တော်က နောက်သို့ပဲ ရို့နေလိုက်သည်။ ဘာ့လို့လဲဆိုတော့ သူတို့မှာ နယ်ကလာကြသည့် အပြင် ဤသို့သော အခွင့် အရေးက ရခဲမျှဖြစ်သည်။ ထို့ကြောင့် ကျောင်းဆင်းပွဲအတွက် တာဝန်ခံဆရာ ဦးဆောင်၍ ပထမဆုံး အစည်းအဝေးထိုင်ကြတော့ ကျွန်တော်က နောက်လိုက်အနေနှင့်ပဲ ချေုာင်ကပ်နေလိုက်သည်။ ထို့ပြင် သူတို့က သူတို့ရပ်ရွာက ဘုရားပွဲ ကျောင်းပွဲတွေမှာ အမှန်တကယ် စင်တင်…

Read More

သူတို့အိမ် အခန်း (၁၅၄)

ဆူးငှက် ၃လကြာ သင်တန်း၏ ကာလ တဝက်ကျော် အကြာ —————————————————– ရန်ကင်းတောင်ခြေရှိ သမဝါယမ သင်တန်းကျောင်းတွင် စိတ်မပါ လက်မပါ တက်ရောက်ရာတွင် ပမ၁လခွဲလောက်ကတော့ ကင်မရာလွယ်ကာ ပိုက်ဆံရှာပြီး ဖာသိဖာသာပဲ နေခဲပသည်။ အဆောင် ၄တွင် အတူတေကြသည့် သင်တန်းသားများ ထဲက ခုတင်ချင်းကပ်ရက်တွင် မကွေးတိုင်းသ/မ က ကိုသန့်ဇင်ရှိသည်။ သူက လူကြီးဆန်သည်။ ထို့နောက် ၂ခုတင်ကျော်က ဆင်ပေါင်ဝဲသား ကိုဇော်လွင်ရှိသည်။ သူက ကျွန်တော့်ကို အတော်ခင်သည်။ နံမည်ကိုပင်မခေါ်၊ ညီရေ.. ညီရေ.. ဟုပဲခေါ်သည်။ ထို့နောက် သူ့ခုတင်နှင့် ခြေချင်းဆိုင်မှာ မကွေးသား ကိုဇော်လင်းရှိသည်။ သူက မင်းသား၊ ဆံပင်အရှည်မှာ လှိုင်းထနေပြီး အရပ်ရှည်ရှည်နှင့် ရုပ်ချောသည်။ ဝတ်တာ စားတာ သပ်ရပ်သည်။ အဆောင်တွင် ကျွန်တော်က ထို၃ယောက်နှင့် ပဲ တွဲဖြစ်သည်။ နောက်တော့…

Read More

သူတို့အိမ် အခန်း (၁၅၃)

  ဆူးငှက် ၁၀တန်း ဘောဂဗေဒ စာအုပ် ဖတ်ဖူးလို့သာ ————————————————– တစ်ခါတရံ မထင်မှတ်သော ပြဿနာတစ်ရပ်ကို ရင်ဆိုင်ရတော့မည် ဆိုလျှင် တွေဝေ စိုးရွံ့ စဉ်းစားမနေဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် မတုံ့မဆိုင်း ထိပ်တိုက်တွေ့လိုက်တာက အင်အားတစ်ရပ်ကို ရုတ်ချည်း ရလိုက်ကာ သတ္တိတွေက အလိုလိုရရှိလာတတ်သည်။ အခုလည်း အခမ်းအနားမှူးက ကျွန်တော့်နာမည် ခေါ်လိုက်တာ သေချာတာနှင့် ထိုင်နေရာက ချက်ချင်းထပြီး ရှေ့ခုံက ကိုဇော်လင်းထိုးထည့်ပေးသည့် မှတ်စုစာအုပ်ကိုပင် စောင့်ဆိုင်း မယူဆောင်တော့ဘဲ စင်မြင့်ဆီသို့ ရဲရဲဝံ့ဝံ့ ခပ်သွက်သွက် တက်လိုက်သည်။ ပြောစရာတွေ အများသား ဟူသော ဟန်ကိုယ့်ဖို့ ဖြစ်ပါ၏။ သို့သော် ခေါင်းထဲမှာ ဘာမှ မရှိသေး။ စကားပြောခုံရှေ့ ရောက်တော့ ပြောချလိုက်မဟေ့ ဟူသော ပုံစံမျိုးဖြင့် မိုက်ကို ခပ်တည်တည် ပြင်သည်။ အမှန်က စကားစရှာခြင်းဖြစ်၏။ ထိုစဉ်မှာပဲ…

Read More

သူတို့အိမ်  အခန်း (၁၅၂)

ဆူးငှက်   စိတ်ဝင်စားလာသည့် ဘာသာရပ်တွေ ————————————– ကျွန်တော်က သင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့ ညနေအထိ သင်တန်းတက်ရင်း အဝေးက သင်တန်းသားတွေကို ဓာတ်ပုံရိုက်ပေးသည်။ သောကြာနေ့ညနေ အိမ်ပြန်ရင်း ဖလင်ဆေးကူး အပ်သည်။ တနင်္ဂနွေနေ့ ညနေကျ ဓာတ်ပုံတွေ ယူသွားပြီး အပ်သည်။ သင်တန်းမှာ ပို့ချသည့် ဘာသာရပ်များကို ရောက်စက စိတ်မဝင်စားသော်လည်း သင်တန်းချိန် တစ်ပတ်အတွင်း စိတ်ပါဝင်စားသည့် ဘာသာရပ်များလည်း ရှိလာသည်။ ထိုဘာသာရပ်များအနက် ကျောင်းအုပ်ကြီး ပို့ချသော စီမံခန့်ခွဲရေးဘာသာရပ်က ကျောင်းအုပ်ကြီး၏ အသင်အပြကောင်းခြင်းကြောင့် စိတ်ဝင်စားလာသည်။ ကျောင်းအုပ်ကြီးက သင်ခန်းစာတစ်ခုကို ပို့ချလျှင် စာသင်တာနှင့် မတူဘဲ အတွေ့အကြုံများကို ပြောပြနေရာမှ သုံးသပ်အဖြေထုတ်ပြသည်။ သူ့အချိန်ဆိုလျှင် ပျော်စရာကောင်းသည်။ ကျွန်တော့်ထက် အတန်းငယ်ခဲ့ဖူးသော ဆရာမလေးတွေကတော့ စာရင်းကိုင်ဘာသာ၊ သချာၤဘာသာနှင့် ပထဝီဘာသာတွေ သင်သည်။ သူတို့ သင်ခန်းစာတွေက စာရင်းကိုင်ကလွဲလို့…

Read More

သူတို့အိမ် အခန်း (၁၅၁)

ဆူးငှက် နှစ်စဉ်မပျက် ဌာနက ကထိန် —————————— ကျွန်တော်တို့ အလုပ်ရုံတည်ရှိသည့် အနောက်တောင်မြို့နယ်၏ သမဝါယမ ဦးစီးမှူးရုံးက စိန်ပန်းရပ်ကွက်မှာ တည်ရှိသည်။ စိန်ပန်းရပ်ကွက်ဆိုတာက တကယ့် ရွာနေပြည်ထိုင် မြန်မာအများစု ရှိကာ ရိုးရာ စက်မှုလက်မှုလုပ်ငန်း များဖြင့် စီးပွားရေး ကောင်းမွန်သောရပ်ကွက်ကြီးဖြစ်သည်။ ပြောကြစို့ဆိုလျှင် ရတနာပုံခေတ်ကတည်းက ကနောင် မင်းသားကြီး၏ စက်မှု နိုင်ငံတော် စီမံချက်ထဲက သင်္ဘောကျင်း ဂွမ်းဖတ်စက် စသည့် စက်ရုံများ တည်ရှိခဲ့သည့် စက်မှု အမွေခံရပ်ကွက် ဖြစ်သည်။ မန္တလေးဟူသည်လည်း ၁၂ရာသီ ပွဲလမ်းများ စဉ်ဆက်မပြတ် ကျင်းပရာတွင် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပကြသည့် ကထိန်ပွဲတော်သည် ရပ်ကွက်အသီးသီးတွင် ကျင်းပကြရုံမက ကျောင်းများ စက်ရုံအလုပ်ရုံများ ရုံများအထိ နှစ်စဉ်မပျက် ခင်းကျင်း လှူဒါန်းကြသည်။ ထိုသို့သော ကထိန်ပွဲများ ကျင်းပရာတွင် စိန်ပန်းရပ်ကွက်ရှိ အနောက်တောင်မြို့နယ်…

Read More

သူတို့အိမ် အခန်း (၁၅၀)

ဆူးငှက် သူ့စရိတ်နှင့်သူ လာကူညီသူ ——————————– ဦးဖေညွန့်က အရပ်ရှည်ပြီး ပိန်သလောက် အသံက အလွန်ကျယ်သည်။ မဟုတ်မခံစိတ်ရှိသူဖြစ်သလို အရာရာ ခေါင်းငုံ့မခံသူလည်း ဖြစ်သည်။ မုံရွာ ဆုတောင်းပြည့် ဘုရားကြီး တောင်ဘက်မုခ်အနီးနေထိုင်ကာ ထိုစဉ်က ဘုရားကြီးရပ်ကွက် ရ.လ.က လူကြီးလည်းဖြစ်သည်။ ကျွန်တော့် ဓာတ်ပုံကိစ္စကို မမခင်ဝင်းတို့ ဦးဇော်ဝင်းတို့ထံမှ သိပြီး မခံချင်သောကြောင့် သူ့စားရိတ်နှင့်သူ မန္တလေးထိ ကျွန်တော့်ထံလိုက်လာကာ အကျိုးအကြောင်းမေးပြီး ဆရာလေး ကျောင်းသို့ တစ်ကိုယ်တော် ချီတက်သွားခြင်း ဖြစ်သည်။ ကျွန်တော့်ထံက လိပ်စာပဲမေးပြီး အိမ်က စက်ဘီးငှားလိုက်ရရုံပဲ ဖြစ်သည်။ မကြာပါ။ ထွက်သွားပြီး တနာရီလောက်နေတော့ ဦးဖေညွန့် ပြန်ရောက်လာသည်။ ဆရာလေးနဲ့ တိုက်ရိုက်တွေ့ပြီး သူက တော်တော်ပြောခဲ့သတဲ့။ ဆရာလေး၏ ဓာတ်ခန်း ဓာတ်စီးကိစ္စတွေက သာသနာသန့်ရှင်းရေးနဲ့ ညိနေတယ်။ ဆက်လုပ်နေရင် သူက သာသနာသန့်ရှင်းရေး ခေါင်းစဉ်တပ်ပြီးတိုင်မယ်။ အခု…

Read More

ဝန်ထမ်းနဲ့ အလုပ်သမားတွေကို ခေတ်ကာလနဲ့ညီတဲ့ လစာနူန်ထားတိုးမြှင့်သတ်မှတ်ပေးဖို့လို

ဇွန် ၂၃ ၊ ၂၀၂၆ GG (VOM) အစိုးရဝန်ထမ်းတွေ ၊ပုဂ္ဂလိက ဝန်ထမ်း ၊ စက်ရုံ အလုပ်ရုံဝန်ထမ်း အပါအဝင် စတဲ့ အလုပ်သမားတွေရဲ့ လက်ရှိရရှိနေတဲ့ လစာနူန်းထားက မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတာကြောင့် လစာကို တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာနေပါတယ်။ အခု ရရှိနေတဲ့ အခြေခံ လုပ်ခလစာနူန်းထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းနဲ့ ယှဥ်ရင် မိသားစုစားဝတ်နေရေး မလောက်ငှတာကြောင့် လစာနူန်းထားကို တိုးမြှင့်ပေးဖို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ” အလုပ်မရှိလို့ ကိုယ့်နယ်မှာပဲ ကိုယ်လုပ်မယ်ဆိုတော့ ဖုန်းဆိုင် ၊အဝတ်ဆိုင် စျေးဆိုင်တွေမှာ အရောင်းဝန်ထမ်းပဲရမယ်။ တချို့ အရက်ကုမ္ပဏီလုပ်တာရှိတယ်။ အလုပ်ချိန်က ည ၈ နာရီထိရှိတော့ မပြေပြန်ဘူး ။လစာကျတော့လည်း အရောင်းဝန်ထမ်းက ၁၈၀၀၀၀ ကနေ ၂၅၀၀၀၀ အများဆုံးပဲ ။ ဖြန့်ချီရေးသမားတို့ဘာညာပဲ…

Read More

သူတို့အိမ် အခန်း (၁၄၉)

ဆူးငှက် နိုင်ငံရေး မင်းသားကြီး ———————– ယခု ထီးတော်တင်လှူပွဲမှာ ထီးဒါယကာ က လာရောက်မည့် အထူး ဧည့်သည်တော်မှာ မည်သူမည်ဝါဟု ပွဲကိုဦးစီးသူ ဆရာလေးအား ပြောထားပုံမရ။ ဧည့်သည်ဟုသာ အသိပေးထားပုံရသည်။ ဧည့်သည်ကြီးက မဏ္ဍပ်ရှေ့တွင် ကား ထိုးဆိုက်ပြီး ထီးအလှူရှင်များက စောင့်ကြိုကာ မဏ္ဍပ်အတွင်း ခေါ်ဆောင်လာသော်လည်း ဆရာလေးက မဏ္ဍပ်ထိပ်က လက်တင်ကျွန်းကူလားထိုင်ကြီးမှာ အခြွေအရံ ကုမ္မာရီများနှင့် မိန့်မိန့်ကြီးထိုင်ကာ လက်ညှိုး တညွှန်ညွှန် လုပ်နေဆဲ ဖြစ်သည်။ ကျွန်တော်က ဧည့်သည်ကြီး ကားပေါ်မှဆင်းသည်မှစ၍ ထီးအလှူ့ရှင်များက ကြိုဆိုနှုတ်ဆက်ခြင်း မိသားစုနှင့် မိတ်ဆက်ပေးခြင်းမှ အစ မဏ္ဍပ်အတွင်း ပင့်ခေါ်လာသည်များကို အနီးကပ်မှတ်တမ်းတင်ရသည်။   ကျွန်တော်သည် ဧည့်သည်ကြီးကို အပြင်မှာနီးနီးကပ်ကပ် ယခုမှ မြင်ဖူးပါသည်။ သို့သော် သူ့အကြောင်းကို အဘတို့ အမေတို့က ခဏခဏ တသသ ပြောလွန်းလို့ သိနေပါသည်။…

Read More

သူတို့အိမ် အခန်း (၁၄၈)

ဆူးငှက် မန္တလေးအနီးး မြို့လေးက ပွဲကြီး တစ်ပွဲ —————————————— အခု လက်ခံရသည့် ပွဲကတော့ ပွဲကြီးဖြစ်သည်။ မျက်နှာကြီးပွဲလေ။ ပွဲက ထိုမြို့ရှိ ရပ်ဆွေ ရပ်မျိုး တစ်ယောက်က စပ်ဟပ်ပေးသည့် ပွဲ ဖြစ်သည်။ ပွဲက ထိုမြို့လေး၏ မြို့ထောင့် စေတီကြီး၄ဆူရှိသည့် အနက် အနောက်တောင်ထောင့်က မြို့ထောင့်စေတီကြီး တစ်ဆူကို ထီးတင်သည့် အလှူပွဲ ဖြစ်သည်။ ထီးဒကာက မန္တလေးက သူဌေးဘွဲ့ခံ မြို့မိမြို့ဖကြီး၏ သမီးမိသားစုဖြစ်သည်။ ထီးတင်ပွဲကို ဦးစီးကြီးကြပ် တင်လှူမှာက နာမည်ကြီး သီလရှင် ဆရာလေးတစ်ပါးတဲ့။ ထိုဆရာလေးက ထိုမြို့လေးမှာသာမက ရန်ကုန် မန္တလေး မုံရွာ စသော မြို့ကြီးများအထိ သြဇာကြီးကာ ဒကာဒကာမတွေ ဝိုင်းဝိုင်းလည်နေတာတဲ့။ အထူးသဖြင့် ဈေးချို က လုပ်ငန်းရှင် အမျိုးသမီးတွေ၊ ကျန်မြို့ကြီးများရှိ လုပ်ငန်းရှင် ပွဲကတော် စက်ပိုင်ကတော်…

Read More
VOM News

FREE
VIEW