သူတို့အိမ် အခန်း (၁၄၇)

ဆူးငှက် စာအုပ်ငှားသည်၊ ဓာတ်ပုံရိုက်သည် ————————————— ဟေမာဇလရပ်သို့ ရောက်သောအခါ စာအုပ်အငှားဆိုင်လေး ဖွင့်သည့်အပြင် လှဂူဏ်ရည်တွင် ရှိစဉ်က ဝယ်ထားသော Pentex ကင်မရာလေး အပြင် ကိုမောင်ဝင်း က သူဝယ်ခဲ့သည့် Nikon ကင်မရာကိုလည်း ပေးထားသောကြောင့် အောက်ဒိုး ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့သည်။ ထိုစဉ်က လှဂုဏ်ရည်မှ ကိုကျော်ဝင်း၏ ညီဖြစ်သူ ကိုအောင်မင်းနှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မြောက်ပြင်ထားဝယ်ရပ်သား ကိုသိန်းဆွေနှင့် အောက်ဒိုးဓာတ်ပုံ အတူတွဲ၍ ရိုက်ဖြစ်ကြခြင်း ဖြစ်သည်။ ကိုသိန်းဆွေက အတော် မန္တလေးသားပီသ၏။ သူက သီချင်းဆို နန်းတော်ရှေ့ဆရာတင် မြို့မငြိမ်း ဦးဘသိန်း မှ၊ တီးဝိုင်း ဆိုလျှင် မြို့မမှ၊ အငြိမ့်ဆိုလျှင် တာရဲတန်းထွက်မှ၊ ရုံဇာတ်ဆိုလျှင် မြို့တော်နှင့် ရွှေမန်းမှ ဖြစ်သည်။ သူက စာလည်းအတော် ဖတ်သည်။ ဆေးပေါ့လိပ်လေး လက်ကြားညှပ်ပြီး လက်ထဲမှာ…

Read More

အင်ဒိုနီးရှား သို့မဟုတ် အရှေ့တောင်အာရှလစ်ဘရယ်ဒီမိုကရေစီ ရဲ့ အမှတ်အသား

MT(VOM) ​ကျနော်တို့ အရှေ့တောင်အာရှမြေပုံကို ဖြန့်ကြည့်လိုက်ရင် ကျွန်းစုပေါင်းသောင်းခြောက်ထောင်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားဆိုတဲ့ နိုင်ငံကြီးကို အထင်အရှား မြင်ရပါလိမ့်မယ်။ ဒီနိုင်ငံဟာ ဒီနေ့ခေတ်မှာတော့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ၊ တစ်ခါ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေပါပြီ။ ဒါပေမဲ့ ဒီကနေ့ မြင်ရတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းလမ်းကြောင်းဟာ ပန်းခင်းထားတဲ့လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သွေးတွေ၊ မျက်ရည်တွေ၊ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အနိမ့်အမြင့်၊ အတက်အကျ အစုံစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အင်ဒိုနီးရှား ရဲ့ သမိုင်းစာအုပ် ကို ကျနော်တို့ စာမျက်နှာ တစ်မျက်နှာချင်း လှန်လှောကြည့်ကြစို့။ ​ဒတ်ချ်ကိုလိုနီခေတ် ခါးသီးတဲ့အတွေ့အကြုံ ​အင်ဒိုနီးရှားဟာ နှစ်ပေါင်း ၃၅၀ နီးပါး ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ (VOC) နဲ့ ဒတ်ချ်အစိုးရရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံခဲ့ရပါတယ်။…

Read More

သူတို့အိမ် အခန်း (၁၄၆)

ဆူးငှက် မြို့အနောက်ခြမ်းက မီးဘေး —————————— ထိုစဉ်က မြို့အနောက်ခြမ်းမှာ မီးကြီးလောင်နေတော့ ဘူတာကြီးအရှေ့ဘက် မြို့အရှေ့ခြမ်းက အတော်များများကလည်း မြိုကအနောက်ခြမ်းရှိ ဆွေမျိုးများ မိတ်ဆွေများ၏ အိမ်သို့ သွားရောက်ကူညီကြသည်။ ထို့အတူ မြို့အရှေ့ခြမ်းရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများမှ သံဃာတော်များကလည်း အနောက်ခြမ်း မီးလောင်ပြင်သို့ သွားရောက် ညှိမ်းသတ် ကူညီကြ၏။ ထို့ကြောင့် မြို့အရှေ့ခြမ်းရှိ အိမ်များ ဘုန်းကြီးကျောင်းများတွင် မီးဘေးမှ ပြေးလာသူ မီးဘေးသင့်သူများ အထုပ်အပိုများနှင့် ရောက်လာကြသည်။ မီးလောင်ပြင်မှ မီးသတ်ကားများက ကျုံးအတွင်းသို့ ခေါက်တုန့်ခေါက်ပြန် ရေလာထည့်ကြရာ ထိုကားများပေါ်တွင် ခရာများမှုတ် လမ်းရှင်းပေးသော သံဃာတော်များလည်း ပါသည်။ ကျွန်တော် ဟေမာဇလအိမ်ရောက်တော့ အိမ်ရှေ့က ဆိုင်လေးကို ပိတ်ထားသည်။ အိမ်ရှိလူကုန် စိုးရိမ်နေကြ၏။ အဘနှင့် အမေက အနောက်ဝင်းမှာ ကျန်ရစ်သော မမခင်လှတို့နှင့် ကျန်သူများကို စိုးရိမ်သည်။ ခင်သော်ဇင်ကလည်း သူ့သင်္ဘောတန်းအိမ်ကို စိုးရိမ်နေ၏။…

Read More

ဗာဆိုင်းမှသည် ငြိမ်းချမ်းရေးဆီသို့

MT(VOM) ​ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စွမ်းအင်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အရှေ့အလယ်ပိုင်း စစ်မီးကို ငြိမ်းသတ်နိုင်မယ့် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော် (Palace of Versailles) မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian) တို့ဟာ အမေရိကန်-အီရန် စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ သံတမန်ရေးရာ လမ်းစဖွင့်ဖို့အတွက် ရက်ပေါင်း ၆၀ သက်တမ်းရှိတဲ့ သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို အွန်လိုင်း ကနေ Digital Signing အဖြစ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ​သမိုင်းတစ်ပတ်လည်တဲ့အလား ပထမကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တဲ့ ဗာဆိုင်းနန်းတော်မှာပဲ ယခုတစ်ကြိမ် ကမ္ဘာ့အန္တရာယ်အရှိဆုံး ပဋိပက္ခတစ်ခုကို တားဆီးဖို့ ခြေလှမ်းစနိုင်ခဲ့တာပါ။ သို့သော် ဒီစာချုပ်ဟာ ညတွင်းချင်း…

Read More

သူတို့အိမ်အခန်း (၁၄၅)

ဆူးငှက် ချစ်ခင်နွေးထွေးသည့် ရပ်ကွက်မှာ ———————————— ကျွန်တော်တို့လည်း ဟေမာဇလ ရပ်ကွက်မှာ နေသားကျပါပြီ။ အဘတို့က ကျေးလက်မှာကြီးပြင်းကြတော့ ကိုယ့်ဆွေ မျိုးသားချင်းရှိသည့် နေလက်စနေရာမှာပဲ နေချင်သည်။ နေဝံ့သည်။ တစိမ်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ဖို့ မစဉ်းစား ခဲ့ကြပေ။ အခုလည်း ဟေမာဇလဟူသော တစ်ခါမှ မစဉ်းစားဖူးသည့် တစိမ်းရပ်ကွက်သို့ နေဖြစ်သွား သည်ကလည်း ကိုယ့်အဝန်းအဝိုင်းရှိသည့် မာလကာခြံ၊ ဥယျာဉ်တန်း၊ ပဲလှော်ချောင်၊ ပဲဝင်းစသည့် ရပ်ကွက် များက နေရာများကို အသည်းအသန်လိုက်ပြီးပြီ။ တစ်နေရာမှ အဆင်မပြေ။ ထို့ကြောင့် စိတ်လျော့ကာ အိမ်မြေရှာခြင်းကိစ္စ လက်လျော့လိုက်စဉ် မထင်မှတ်ဘဲ သိုသိုသိပ်သိပ် အခန့်သင့် ရလာသည့် မြေဖြစ်သည့် အပြင် ဈေးနှုန်းအရလည်း သင့်တော်သည်မို့ လက်လွတ်မခံဘဲ လက်ခံလိုက်ခြင်း ဖြစ်သည်။ တကယ်တမ်း ပြောင်းရွှေ့နေထိုင်လိုက်တော့ တစ်ခါမှ မတွေ့ဖူးသေးသော အိမ်နီးချင်းများသာမက ဆက်စပ်မိသည့် သူတိုင်းက ခင်မင်ကြ၊…

Read More

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တရုတ်ခေါင်းဆောင် အဆက်ဆက် ဆက်ဆံရေး

MT(VOM) ​မြန်မာ့ခေတ်သစ်သမိုင်းမှာ အာဏာအရှိဆုံးနဲ့ သက်တမ်းအရှည်ဆုံး နေရာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နဝတ/နအဖ အစိုးရခေတ်ကို ပြန်ကြည့်ရင် အိမ်နီးချင်းကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ နိုင်ငံတကာ ဖိအားတွေကြားက အသက်ရှူပေါက် ဖြစ်ခဲ့တာ ငြင်းလို့မရပါဘူး။ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံဟာ နဝတ/နအဖ အစိုးရအတွက် နိုင်ငံရေးအကာအကွယ်ရော၊ စီးပွားရေးနဲ့ စစ်ရေးအထောက်အပံ့ပါ ပေးခဲ့တဲ့ “ဆွေမျိုးပေါက်ဖော်” ကြီး ဖြစ်ခဲ့ပါတယ်။ ​ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်နဲ့ နိုင်ငံရေး ဖြတ်သန်းမှု သက်တမ်းတစ်လျှောက်မှာ တရုတ်နိုင်ငံမှာ အဓိက ခေါင်းဆောင်ကြီး (၄)ဆက် တောင် ပြောင်းလဲ ဖြတ်သန်းခဲ့ပါတယ်။ တိန့်ရှောင်ပိန် ခေတ်ကနေ စတင်ပြီး ကျန်ဇီမင်း၊ ဟူကျင်ထောင်း၊ ရှီကျင့်ဖျင် ခေတ်အထိ တရုတ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဘယ်လိုကျယ်ကျယ်ပြန့်ပြန့် ပတ်သက် ဆက်နွှယ်ခဲ့သလဲဆိုတာ အချိန်ကာလအလိုက် လေ့လာကြည့်ပါမယ်။ ​တိန့်ရှောင်ပိန် (Deng Xiaoping)…

Read More

အခန်း (၁၄၄)

ဆူးငှက် စာအုပ်ဆိုင်လေး လူစည်ချိန် ——————————– စာအုပ်ဆိုင်လေးက စဖွင့်ကတည်းက မဆိုးလှဟု ပြောရမည်။ အစပိုင်းက ငှားရမ်းသူ အစိတ် သုံးဆယ်မှ တဖြည်းဖြည်းနှင့် ပရိသတ်အရေအတွက် တက်လာသည်။ လာကြသူများတွင် တစ်ဦးတစ်ယောက်ထက် ဇနီးမောင်နှံ၊ မောင်နှမများ၊ ညီအစ်မများ၊ တူဝရီးများ ဖြစ်ကြသည်။ ထို့ကြောင့် ညနေပိုင်း ၇နာရီကျော်သည်နှင့် ဆိုင်သို့ လူကျလာသည်။ ထိုအခါ ရှေ့က အသစ်စာအုပ်များ ငှားသည့် နေရာမှာ ခင်သော်ဇင်သာမက မမခင်မြရော သူ့သမီး မြမြဝင်းရော တူမ စန္ဒာဦးရော ကူကြသည်။ အတွင်း စာအုပ်ဟောင်းကောင်တာမှာတော့ လာသူနည်းပါသည်။ ထိုကောင်တာက စာအုပ်များကိုတော့ အကြောင်းသိသူများကိုသာ ငှားပါသည်။ ပရိသတ်အသစ်ထဲမှ ငှားတာကြာပြီး သိကျွမ်းနေကာ သူကိုယ်နှိုက်က ထိုစာအုပ်များ ကြည့်ပါရစေဆိုမှ ငှားပေးပါသည်။ စာအုပ်ဟောင်းကောင်တာက အငှားကျဲသည်ဆိုငြား လာငှားသူက စာအကြောင်းပေအကြောင်း စာအုပ်အကြောင်း ပြောနေဆိုနေကြတော့ ကျွန်တော်ကလည်း…

Read More

သူတို့အိမ် အခန်း (၁၄၃)

ဆူးငှက် ကျွန်တော်ပိုင်ဆိုင်တာ ဟူသည် ———————————- ကျောင်းတက်စဉ် ကတည်းက ကျွန်တော် စုမိတာ စာအုပ်တွေပဲ ဖြစ်သည်။ မိုးဝေ နှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ခဲ့သည်မှာ ၅နှစ်ကျော်ပြီ။ ထို့ပြင် ကိုယ်ဖတ်ချင်သော စာ ပါသည့် အခြားမဂ္ဂဇင်းများကိုလည်း ကြိုးကြားဝယ်ဖြစ်သည်။ ဝတ္ထုစာအုပ်တွေက မြသန်းတင့် ဗန်းမော်တင်အောင် ဒဂုန်တာရာ သခင်မြသန်း ရွှေဥဒေါင်း မောင်သာရ နိုင်ဝင်းဆွေ ချစ်ဦးညို မိုးမိုး(အင်းလျား) စမ်းစမ်းနွဲ့(သာယာဝတီ) စသည်ဖြင့် အဟောင်းရော အသစ်ပါရှိသည်။ အခြား စာအုပ်များ အနေနှင့် လူထုဦးလှ လူထုဒေါ်အမာ ငွေဥဒေါင်း သော်တာဆွေ တို့လည်း ရှိသည်။ ထို့ပြင် နာရီစင်အနီး စာနယ်ဇင်းသမဝါယမ က ကောင်တာ တစ်လုံးမှာ တစ်နေ့တစ်နေ့ သွားငေးပြီး စာအုပ်တစ်အုပ် ဝယ်ဖြစ်ခဲ့တာကလည်း နှစ်ချီကြာခဲ့တော့ ဝတ္ထုမဟုတ်သော အကြောင်းအရာ…

Read More

ပုဂ္ဂိုလ်ဗဟိုပြုနိုင်ငံရေးပါတီ နှင့် လမ်းစဉ်ဗဟိုပြုနိုင်ငံရေးပါတီ

MT(VOM) ​နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီစနစ် ရှင်သန်နိုးကြားဖို့ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အဓိကကျပါတယ်။ ကမ္ဘာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းပုံနဲ့ ဦးတည်ချက်အပေါ် မူတည်ပြီး အဓိကအားဖြင့် ပုဂ္ဂိုလ်ဗဟိုပြုပါတီ (Personality-based Party) နဲ့ လမ်းစဉ်ဗဟိုပြုပါတီ (Ideology-based Party) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ​ ​ပုဂ္ဂိုလ်ဗဟိုပြုနိုင်ငံရေးပါတီ (Personality-based Party) ဒီလိုပါတီမျိုးဟာ ထက်မြက်တဲ့၊ လူထုထောက်ခံမှု အပြည့်အဝရထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သြဇာတိက္ကမ (Charisma) ပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပါတီရဲ့ မူဝါဒထက် ခေါင်းဆောင်ရဲ့ စကား၊ ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်ကပဲ အရာရာကို ဆုံးဖြတ်ပါတယ်။ အားသာချက်ကတော့ အရေးကြုံချိန်မှာ လူထုကို ချက်ချင်း စည်းရုံးလှုံ့ဆော်နိုင်စွမ်း မြင့်မားတာ ဖြစ်ပြီး၊ အားနည်းချက်ကတော့ အဲဒီခေါင်းဆောင် မရှိတော့ရင် ပါတီပါ ပြိုကွဲသွားတတ်တာပါပဲ။ ​လမ်းစဉ်ဗဟိုပြုနိုင်ငံရေးပါတီ…

Read More

အမေရိကန်နိုင်ငံသား အက်ဒမ် ကတ်စတယ်လို ဖမ်းဆီးခံရမှု၏ နောက်ကွယ်

  LM   မြန်မာနိုင်ငံအမေရိကန်ကုန်သည်အသင်း (AmCham – American Chamber of Commerce in Myanmar) ဥက္ကဌဟောင်းဖြစ်သူ ၊ အမေရိကန်နိုင်ငံသား ကမ်းတက် မရိန်း တပ်ဖွဲ့အရာရှိဟောင်းတစ်ဦးလည်းဖြစ်‌သူ အက်ဒမ် ကတ်စတယ်လို အား ရန်ကုန်‌လေဆိပ်တွင် ထိန်းသိမ်းခေါ်ယူထားလိုက်ခြင်း၏ နောက်ကွယ်၌ ပြည်တွင်းပြည်ပ သတင်းဌာနများတွင် ​ဖော်ပြခြင်းမရှိ​သေးသည့် လူမှုကွန်ရက်ဝါဒဖြန့်ချီရေးစာမျက်နှာများက ထည့်သွင်းဖေါ်ပြပေးခြင်းမပြုပဲ ၊ ရေငုံနှုတ်ပိတ်ချန်လှပ်အချက်အလက်များက အွန်လိုင်းပေါ်တွင် အသားပေးရေးသားခံနေရသော ထင်မြင်ယူဆချက်များ ၊ စွပ်စွဲချက်များ ၊ ဝါဒဖြန့်မှုများထက် ပိုမိုနက်ရှိုင်းနေပြီး ၊ ပိုမိုစိတ်ဝင်စားဖွယ်ရာဖြစ်လာပါသည် ။ အခြေအမြစ်မရှိသော စွပ်စွဲချက်များ AGS Myanmar ကုမ္ပဏီတည်ထောင်သူ Adam Castillo ကို ဇွန်လ ၁၁ ရက် ၊ ကြာသပတေးနေ့က ရန်ကုန်လေဆိပ်အရောက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းကြောင့် ကနဦးထွက်ပေါ်လာသည်မှာ သတင်းအချက်အလက်က နည်းနည်းနှင့်…

Read More
VOM News

FREE
VIEW