သူတို့အိမ် အခန်း (၂၄၄)

ဆူးငှက် ရွှေအမြုတေမဂ္ဂဇင်းနှင့် ကျွန်တော် ———————————– ကျွန်တော် စာမျက်နှာပေါ်မှာ စတင်ပုံနှိပ်ဖော်ပြခံရဖူးတာ ဆောင်းပါးပဲ ဖြစ်သည်။ ၁၉၈၃ ခုနှစ်ကပေါ့။ ဝတ္ထုအနေနှင့်က ၁၉၈၉မှ စတင်ဖော်ပြခံရသည်။ ဒါက ရင်ခုန်ပွင့် မဂ္ဂဇင်းပေါ့။ နောက်တော့ ဝတ္ထုတိုတွေ အတော်များများက ရွှေအမြုတေမဂ္ဂဇင်း မှာပဲ ဖော်ပြပါရှိခဲ့သည်။ ကျွန်တော် အမှတ်မမှားဘူးဆိုလျှင် ရွှေအမြုတေ မဂ္ဂဇင်းသို့ ကျွန်တော်ပေးပို့ သမျှ စာမူများက အပယ်မရှိဘဲ အရွေးချယ်ခံရသည်။ ထိုစဉ်ကာလ သရက်ကုန်းမြေ ပြဿနာကြောင့်ရော အသစ်တာဝန်ယူထားသည့် မီဒီယာ လုပ်ငန်း တာဝန်ကြောင့်ရော မြန်မာ့ဓနမဂ္ဂဇင်းတွင် ပင်တိုင်ယူထားသော ကဏ္ဍများကလွဲလို့ ဝတ္ထုတွေ မရေးဖြစ်ခဲ့ပါ။ ထို့ကြောင့် ရွှေအမြုတေ မဂ္ဂဇင်း သို့လည်း ဝတ္ထု မပို့ဖြစ်တာ ကြာပါပြီ။ အခု ဒေါ်ဒေါ်လူထုဒေါ်အမာ ၏ ၉၀ ပြည့် မွေးနေ့အခမ်းအနားကို အမရပူရ တောင်သမန် အင်းစောင်းက…

Read More

အပူချိန်မြင့်တက်မှုထက် ပိုအန္တရာယ်ရှိတဲ့ Heat Stroke အန္တရာယ်

အောက်တိုဘာ ၁၄ – ၂၀၂၆ SN (VOM) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဟာ အခုလို အပူချိန် မြင့်တက်နေတဲ့ကာလနဲ့ နွေရာသီ ကာလတွေမှာ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ် အခြေအနေတခု ဖြစ်တယ်လို့ အထွေ‌ထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိပြီး ၉၈ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ကာ ၉၉ ဒီဂရီဖာရင်ဟိုက် ဖြစ်လာပါက ပုံမှန်ဆိုရင်တောင် ဖျားတယ်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးလို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “အဲဒီအချိန်မှာ ရုတ်တရက်ကြီး အပူချိန်မြင့်တက်သွားတယ်။ ၁၀၄ ၊ ၁၀၅ လောက် ဖြစ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းညှိနိုင်တော့ဘူး။ အဲဒီအချိန်မှာ Heat Stroke ရဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ” လို့…

Read More

မုံးကိုး – မန်ဟိုင်း နယ်စပ်မှာ ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်

အောက်တိုဘာ ၁၃၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ MNDAA ထိန်းချုပ်ရာ မုံးကိုး – မန်ဟိုင်း နယ်စပ်မှာ MNDAA တပ်ဖွဲ့က ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီကနဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။ “တံတားတော့ မဆောက်သေးဘူး။ ဆောက်ဖို့ ပြင်ဆင်နေတာပဲ ရှိသေးတယ်။ တနေ့က ပုံတွေရိုက်ပြီး အားလုံးကို အသိပေးတာပဲ ရှိသေးတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အရင်ရက် အောက်တိုဘာလ ၈ ရက်နေ့က အဲဒီ နှစ်နိုင်ငံ နယ်စပ်ကူး တံတား ပြုလုပ်မယ့် စီမံကိန်း ဖွင့်ပွဲ ပြုလုပ်ခဲ့တာ လို့ဆိုပါတယ်။ “MNDAA ရောက်လာပြီးနောက် မုံးကိုးမှာ…

Read More

လားရှိုးနဲ့ သီပေါမှာ KIA၊ TNLA၊ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းနေ

အောက်တိုဘာ ၁၃ ၊ ၂၀၂၆ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ သီပေါမြို့တွေမှာ KIA၊ TNLA နဲ့ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ပြီး ငွေလိုက်တောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ပေါ်က စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေရဲ့ ဖုန်းကို ဆက်ပြီး အခုလို ငွေတောင်းနေတာလို့လည်း သိရပါတယ်။ “ငါတို့က KIA က၊ ပိုက်ဆံကို သုံးအိတ်လုပ်ထားပါ။ ပြီးရင် ဘယ်နေရာကို လာပို့” ဆိုပြီး ဖုန်းဆက်တောင်းတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ နီးစပ်သူ ဆိုင်ရှင်တစ်ယောက်က ပြောပါတယ်။ ငွေမပေးရင် ခြိမ်းခြောက်တာမျိုးလည်း ပြောဆိုတယ်လို့ သိရပါတယ်။ တချို့ကုန်စုံဆိုင်၊ ကုန်မာဆိုင်နဲ့ စားသောက်ဆိုင်တွေကိုတော့ TNLA၊ PDF အဖွဲ့ကဆိုပြီး ငွေတောင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ “KIA တို့၊ TNLA၊ SSPP အဖွဲ့တွေက အရင်စစ်မဖြစ်ခင်တုန်းကတော့ မြို့ထဲ…

Read More

အယ်လ်နီညိုကြောင့် လမ်းပေါ်သွားလာရင်း အပူရှပ်သေဆုံးသူနှစ်ယောက်နဲ့ လေဖြန်း ၊ မူးလဲလို့ ဆေးကုသနေရသူ လေးယောက်အထိရှိလာ

အောက်တိုဘာ ၁၃ ၊ ၂၀၂၆ GG (VOM) အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး ဒီရက်ပိုင်းအတွင်းမှာပင် အပူရှပ်သေဆုံးသူနှစ်ယောက် ၊ လေဖြန်းသူ ၊ မူးလဲသူတွေရှိ ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီလောက်မှာ ရန်ကုန် ဘုရင့်နောင် ကားပစ္စည်းစျေးဝင်းအတွင်း စျေးလာဝယ်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး လေဖြန်းလို့ အင်းစိန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။ အလားတူ ဒီကနေ့ နေ့လယ် ၂ နာရီကျော်ကလည်း တောင်ငူမြို့နယ် ၊ ကံရိုးရွာ ၊ ကွန်ပြူတာ တက္ကသိုလ် ကျောင်းရှေ့မှာလည်း အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး မူးလဲခဲ့တာကြောင့် တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ တောင်ငူမြို့ T.E.R.T အသင်းဝင်က…

Read More
✕
VOM News

FREE
VIEW