အမေရိကန်နိုင်ငံသား အက်ဒမ် ကတ်စတယ်လို ဖမ်းဆီးခံရမှု၏ နောက်ကွယ်

  LM   မြန်မာနိုင်ငံအမေရိကန်ကုန်သည်အသင်း (AmCham – American Chamber of Commerce in Myanmar) ဥက္ကဌဟောင်းဖြစ်သူ ၊ အမေရိကန်နိုင်ငံသား ကမ်းတက် မရိန်း တပ်ဖွဲ့အရာရှိဟောင်းတစ်ဦးလည်းဖြစ်‌သူ အက်ဒမ် ကတ်စတယ်လို အား ရန်ကုန်‌လေဆိပ်တွင် ထိန်းသိမ်းခေါ်ယူထားလိုက်ခြင်း၏ နောက်ကွယ်၌ ပြည်တွင်းပြည်ပ သတင်းဌာနများတွင် ​ဖော်ပြခြင်းမရှိ​သေးသည့် လူမှုကွန်ရက်ဝါဒဖြန့်ချီရေးစာမျက်နှာများက ထည့်သွင်းဖေါ်ပြပေးခြင်းမပြုပဲ ၊ ရေငုံနှုတ်ပိတ်ချန်လှပ်အချက်အလက်များက အွန်လိုင်းပေါ်တွင် အသားပေးရေးသားခံနေရသော ထင်မြင်ယူဆချက်များ ၊ စွပ်စွဲချက်များ ၊ ဝါဒဖြန့်မှုများထက် ပိုမိုနက်ရှိုင်းနေပြီး ၊ ပိုမိုစိတ်ဝင်စားဖွယ်ရာဖြစ်လာပါသည် ။ အခြေအမြစ်မရှိသော စွပ်စွဲချက်များ AGS Myanmar ကုမ္ပဏီတည်ထောင်သူ Adam Castillo ကို ဇွန်လ ၁၁ ရက် ၊ ကြာသပတေးနေ့က ရန်ကုန်လေဆိပ်အရောက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းကြောင့် ကနဦးထွက်ပေါ်လာသည်မှာ သတင်းအချက်အလက်က နည်းနည်းနှင့်…

Read More

သူတို့အိမ် အခန်း (၁၄၂)

ဆူးငှက် ဟေမာဇလက မြေ ———————– ကျွန်တော် အိမ်ထောင်ကျပြီးနောက် ဇနီးသည်က ကျွန်တော့် အိမ်သို့ လိုက်၍နေသည်။ မနက်လင်းသည်နှင့် ကျွန်တော်က သင်္ဘောတန်းရှိ အလုပ်ရုံသိူ့သွားသည်နှင့် သူကလည်း ကျွန်တော့်စက်ဘီးနှင့် အတူလိုက်ကာ အလုပ်ရုံ၏ မြောက်ဘက် တစ်အိမ်ကျော် သူ့အဖေကြီး သစ်စက်မှာ အလုပ်ဝင်သည်။ အိမ်မှာက ထူးထူးခြားခြား ဘာမှ မပြောင်းလဲ။ ညစာမှာပဲ အမေ့စားအိုးမှာ သူ့တစ်ယောက်စာ ပိုလာတာပဲရှိသည်။ ကျွန်တော်က အဘကို ဈေးဖိုး ၂၀ဝိ ပေးရုံပါပဲ။ ထိုစဉ်ကာလ ကျွန်တော့်လခက ၄၀၀ိ/ နီးပါးတော့ ရနေပါပြီ။ ညမှာတော့ ကိုယ်မိန်းမက အိမ်ပါလာပြီမို့ အရင်လို ဝမ်းကွဲ အစ်ကိုတွေနှင့် ညဈေးတန်းတော့ မသွားဖြစ်တော့ပေ။ သူနှင့် လမ်းလျှောက်ရင်း ရုံတော်ကြီးရှိ အင်းဝအအေးဆိုင်သို့ နို့ချဉ် သွားသောက် တာမျိုးတော့ ရှိသည်။ ကျွန်တော့် ဝမ်းကွဲ အစ်ကိုတွေက…

Read More

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့်ပြည်သူတို့သိထားရမည့် အခွင့်အရေးများ

မန္တ​လေး- ဇွန် ၁၅-၂၀၂၆ KKA (VOM) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးဟာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး ဖြစ်ပြီး နေ့စဉ်လူမှုစီးပွားကိစ္စတွေ၊ ထောက်ခံစာကိစ္စတွေကအစ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးကြီးတဲ့ ယန္တရားတစ်ခု ဖြစ်ပါတယ်။ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အခြေခံကျတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အလွန်အက္ခရာကျပါတယ်။ လတ်တလောမှာ အုပ်ချုပ်ရေးမှူးသစ်တွေ ရွေးချယ်ဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ ကြီးကြပ်ရေးအဖွဲ့ (နာယက) ရွေးချယ်မှုတွေကို နေရာအနှံ့အပြားမှာ စတင်လုပ်ဆောင်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ပြည်သူလူထုအနေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး၊ရပိုင်ခွင့်နဲ့ တာဝန်တွေကို သိရှိနားလည်ထားဖို့လိုပါတယ်။ ဒါဟာ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ တကယ့်အခွင့်ရေးပါ။ မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်မရွေးချယ်ခင်မှာ ဒီရွေးချယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ဘက်လိုက်မှုမရှိ၊ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်မယ့် လုပ်ကိုင်‌ေဆာင်ရွက်‌‌ေပးနိုင်မယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး…

Read More

ဆက်ကျော်သက် လူငယ်တွေနဲ့ ရင်လေးစရာ အနာဂတ်

ဇွန် ၁၅ – ၂၀၂၆ SN (VOM) “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့ ဆိုးရိုးစကားအတိုင်း နိုင်ငံတနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီနေ့ခေတ် လူငယ်တွေဟာ အနာဂတ် နိုင်ငံတော်သစ်မှာ လူကြီးတွေရဲ့နေရာကို ပခုံးပြောင်း တာဝန်ယူကြရမယ့် လူ့စွမ်းအား အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့၊ ဒီအချိန်မှာ အနာဂတ်မဲ့လာတဲ့ လူငယ်အများစုရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ များပြားလာခြင်းဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာတခုတော့ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူ အများစုကို ကြည့်လိုက်ရင် ဆယ်ကျော်သက် လူငယ်လေးတွေ ဖြစ်နေခြင်းဟာ နိုင်ငံ့အနာဂတ်အတွက် ရင်လေးစရာအတိ ဖြစ်လို့နေပါတယ်။ ဒီကနေ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အနာဂတ်ဟာ စိတ်ကျန်းမာရေးပြဿနာတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေကြောင့် အထူး စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ခေတ်စနစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ လူငယ်တွေ…

Read More

သူတို့အိမ် အခန်း (၁၄၁)

ဆူးငှက် နှစ်ချုပ် ကုန်ကျန်ကောက်ချိန် ——————————– နှစ်တစ်နှစ်၏ မတ်လ နောက်ဆုံးပတ် ရောက်သည်နှင့် အလုပ်ရုံ၏ နှစ်ချုပ်စာရင်း ရေးဆွဲရသည်။ သတ်မှတ်ထားသည့် စီမံကိန်းလျုထားချက်ကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်မှုကိုလည်း အစီရင်ခံစာ ရေးရသည်။ စာရင်းပိုင်းနှင့် ပတ်သက်၍ တာဝန်ခံစာရေးကြီး ကိုဌေးအောင်က တာဝန်ယူသည်။ သူသည် ဖိနပ်အလုပ်သမား တစ်ဦးမျှသာ ဖြစ်သော်လည်း လုပ်သားစုပေါင်းအဖြစ် စတင်ဖွဲ့စည်း ကတည်းက ပါဝင်ကာ စာရင်းကိုင်ခဲ့သည်။ သူက ဝမ်းကွဲမျှ အစ်ကိုတော်စပ်သော်လည်း ကျွန်တော့်ကို ငယ်စဉ်ကတည်းက ညီအရင်းတစ်ယောက်လို စောင့်ရှောက်သည်။ ထိုစဉ်ကာလ သူက လူပျိုကြီးတစ်ယောက်ဖြစ်ရုံမက သဘောလည်း ကောင်းသူမို့ ကျန်ညီအစ်ကို မောင်နှမများကိုလည်း စောင့်ရှောက်သည်။ မိဘများက သူပါလျှင် မည်သည့်နေရာမဆို စိတ်ချလို့ ကျွန်တော်တို့ကလည်း သွားချင်သည့် နေရာရှိလျှင် သူ့ကိုပဲ ခေါင်းခွေ့ကြသည်။ တကယ်တော့ သူက အလုပ်ရုံ၏ အသက်ပဲ ဖြစ်ပါ၏။…

Read More

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ဓားသွားပေါ် ကနေရတဲ့ ပြဇာတ်

MT(VOM) ​ ​မြန်မာနဲ့ တရုတ် ဆိုတာ “ပထဝီဝင်ရဲ့ထောင်ချောက်” ထဲမှာ အတူတူ ပိတ်မိနေကြတဲ့ အိမ်နီးနားချင်းတွေပါ။ “ပထဝီဝင်ဆိုတာ နိုင်ငံတွေရဲ့ ကံကြမ္မာပဲ” ဆိုသလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေတဲ့ တရုတ်တံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးစ ခေတ်ကနေ ဒီနေ့အထိ တိုင်းပြည် အပြောင်းအလဲတွေ၊ အစိုးရအဆက်ဆက်ရဲ့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားခဲ့ကြတဲ့ ခရီးစဉ်တွေကို ပြန်ကြည့်ရင် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးစဉ်တွေ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး အကျိုးစီးပွားတွေ ပေါ်အခြေခံတဲ့ ခရီးစဉ်တွေ ဆိုတာ တွေ့ရပါလိမ့်မယ်။ ​ဖော်ရွေသော နဂါး နဲ့ ဦးနု၊ ဗိုလ်နေဝင်းတို့ရဲ့ နယ်စပ်စာချုပ် ခရီးစဉ်များ ​မြန်မာပြည်ဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)…

Read More

သူတို့အိမ် အခန်း (၁၄၀)

ဆူးငှက် ဝမ်းနှင့် တူးကြား၊ ဖယ်ကာရှား ———————————- ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် အိမ်ထောင်ကျသည်။ ထိုနှစ်က ပြည်တွင်း နိုင်ငံရေးအနေနှင့်လည်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်ထဲတွင် သြဇာအာဏာကြီးသူဟု သတ်မှတ်ထားသည့် ဗိုလ်မှူးချုပ်တင်ဦး ကိုယ်တိုင် အဖမ်းခံလိုက်ရသည်။ ဗိုလ်မှူးချုပ်တင်ဦးကို မျက်မှန်တင်ဦးဟု အသိများပြီး သူကိုယ်တိုင်က ထောက်လှမ်းရေးအကြီးအကဲဖြစ်ကာ လမ်းစဉ်ပါတီ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။ ထိုစဉ်က ပါတီဥက္ကကြီး ဦးနေဝင်းကို နံပတ်ဝမ်း၊ သမ္မတဦးစန်းယုကို နံပတ်တူးဟု နိုင်ငံရေးလောက က ခေါ်ဝေါ်သုံးစွဲကြရာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးကို ဝမ်းနှင့် တူးကြားက ဝမ်းအင်ဟပ်ဖ် (1 ½) ဟု ခေါ်ကြသည်။ ဆိုလိုသည်မှာ ဦးနေဝင်းပြီးလျှင် သူပဲ။ သူက ဦးစန်းယုထက် လုပ်ပိုင်ခွင့်ပိုရှိတယ် ဟူသည့် သဘောဖြစ်သည်။ တကယ်တော့ ထိုကိစ္စသည် ပေါ့သေးသေး…

Read More

တစ်ကျော့ပြန် နှစ်ကျော့ပြန် အကြိမ်ကြိမ်ကျော့တဲ့ ဟော်မုဇ်ရေလက်ကြား

MT(VOM) ​ကမ္ဘာ့မြေပုံကို ဖြန့်ကြည့်လိုက်ရင် အရှေ့အလယ်ပိုင်းဒေသဟာ သွေးချင်းချင်းနီနေတဲ့ ပဋိပက္ခတွေ၊ ရေနံအနံ့နံစော်နေတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဒေသရဲ့ အချက်အချာ အကျဆုံး၊ အသက်သွေးကြောအဖြစ်ဆုံး နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ဟာ ပါရှန်ကွေ့ (Persian Gulf) နဲ့ အိုမန်ကွေ့ (Gulf of Oman) ကို ဆက်သွယ်ထားတဲ့ ရေလက်ကြားကျဉ်းကျဉ်းလေးတစ်ခုဆီကို လက်ညှိုးထိုးရပါလိမ့်မယ်။​အဲဒါကတော့ တခြားမဟုတ်ပါဘူး— “ဟော်မုဇ်ရေလက်ကြား” (Strait of Hormuz) ပါပဲ။ ​ဒီရေလက်ကြားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန်၊ အကြိမ်ကြိမ်အခါခါ စစ်မီးလျှံတွေ၊ တင်းမာမှုတွေနဲ့ ကျော့နေခဲ့တာ သမိုင်းတစ်လျှောက်လုံးပါပဲ။ “သမိုင်းရဲ့ သွေးကွက်တွေဟာ ဒီရေလက်ကြားမှာ ဘယ်တော့မှ မခြောက်သွေ့နိုင်သေးဘူး” လို့ပဲ ဆိုရမလိုပါပဲ။ ​ဟော်မုဇ်ရေလက်ကြား ရဲ့ ပထဝီဝင်အရေးပါမှု ​ပထဝီဝင်အနေအထားအရ ကြည့်ရင် ဟော်မုဇ်ရေလက်ကြားဟာ အင်မတန်…

Read More

ဆူးငှက် အခန်း (၁၃၉)

ဆူးငှက် မင်္ဂလာရက်မြတ်ပေ ———————- ထိုစဉ်ကာလ မင်္ဂလာဆောင်ဆိုလျှင် အိမ်ရှေ့၊ ဒါမှမဟုတ် အိမ်နှင့် အနီးဆုံး ကွက်လပ်မှာ မဏ္ဍပ်ထိုးကြသည်။ မင်္ဂလာမဆောင်ခင် ၇ ရက်ကြိုပြီး မဏ္ဍပ်တိုင်ထူ၊ ကန်တော့ပွဲ ထိုးကြ၏။ ထိုရက်ကတည်းက မင်္ဂလာရှင်အိမ်မှာ မင်္ဂလာပွဲအတွက် ပြင်ကြ ဆင်ကြပြီ။ နယ်က အမျိုးတွေလည်း သတို့သား သတို့သမီးအိမ်ကို ရောက်ကုန်ကြပြီ။ ဖိတ်ကြားဖို့အတွက်လည်း စီစဉ်ကြပြီ။ ရပ်ကွက်ထဲကာ လူပျို၊ အပျိုတွေကို လက်ကိုင်ပုဝါလေးနှင့် ဧည့်ခံဖို့ ဖိတ်ပြီးပြီ။ မင်္ဂလာဆောင်ရက် နီးလာလေလေ လာသမျှလူ ဧည့်ခံရလေလေပါပဲ။ မင်္ဂလာဆောင်နှင့် နှစ်ရက် အလိုမှာ မဏ္ဍပ်ထိုးပါပြီ။ မဏ္ဍပ်အတွက်လည်း ကန်တော့ပွဲ ထိုးရတာပေါ့။ မဏ္ဍပ်သမားတွေကိုလည်း ကျွေးရ မွေးရ သေးတာပေါ့။ ထိုကတည်းက ရပ်ကွက်ထဲမှာ ဓည့်ခံဖို့ ဖိတ်ကြားထားသော လူပျို၊ အပျိုတွေက အလုပ်နားပြီး မင်္ဂလာရှင်၏ အိမ်တွင် လိုတာဝိုင်းကူဖို့…

Read More

သူတို့အိမ် အခန်း (၁၃၈)

ဆူးငှက် တတိယအရွယ်ရောက် အဘနှင့် အမေ့အစီအစဉ် ——————————————————- အဘနှင့် အမေက အသက်ကြီးလာတော့ အိမ်မှာပဲ ဆိုင်ကလေးဖွင့်ပြီး အေးအေးလူလူ နေချင်ပြီ။ ဆိုင်ကလေး ဖွင့်ဖို့ ဆိုတာက ကိုယ့်အိမ် ကိုယ့်ဝင်းလေးနှင့် မှ ဖြစ်မည်။ နဂိုက ကိုယ့်အိမ်လေးနှင့် ကိုယ် နေချင်တာက ကျွန်တော်သာလျှင် ဖြစ်သော်လည်း အခုတော့ စကားစပ်မိလေတိုင်း အမေက ဆိုင်လေးဖွင့်ချင်တာ တဖွဖွပြောသည်။ အဘကတော့ နှုတ်က ဖွင့်မပြောသော်ငြား သွားရင်းလာရင်းဖြစ်စေ၊ မိတ်ဆွေများနှင့် ကြုံကြိုက်၍ ဖြစ်စေ အိမ်လေးတစ်လုံး အတွက် စနည်းနာ လေ့ရှိသည်။ တစ်ခါတရံ ဖဲထီးကြီး ပုခုံးချိတ်ပြီး ဘာမပြော ညာမပြော ထွက်သွားပါက မိတ်ဆွေများထံက ကြားခဲ့ရသော အိမ်ကလေးတစ်လုံးကို သွားကြည့်ခြင်း ဖြစ်သည်။ တကယ်တော့ ဆန္ဒအရသာ ထိုသို့ သွားကြည့်နေသော်လည်း အဘ တတ်နိုင်သည့် အနေအထားက လက်လှမ်းမမှီတာပဲ…

Read More
VOM News

FREE
VIEW