MT(VOM) စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ၊ နိုင်ငံရေးကစားကွက်တွေနဲ့ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေကြားကနေ ကမ္ဘာ့အလယ်မှာ မတ်မတ်ရပ်တည်နိုင်ခဲ့တဲ့ ဗီယက်နမ်ရဲ့ ဇာတ်လမ်းက ကျနော်တို့ နိုင်ငံလိုနိုင်ငံမျိုးအတွက် တကယ့်ကို အတုယူစရာပါ။ ဗီယက်နမ် ဟာ မာ စရာရှိရင် သံမဏိထက်မာပြီး ပျော့ပြောင်းဖို့လိုရင် ပျားဖယောင်း လိုပျော့ပြောင်းတဲ့ သဘာဝရှိတဲ့ နိုင်ငံလို့ပြောရမှာပါ။ ပြင်သစ် ကို စစ်နိုင်ခဲ့တဲ့ နိုင်ငံ၊ အမေရိကန်တွေ ကို ဝရုန်းသုန်းကား ထွက်ပြေးအောင် မောင်းထုတ် နိုင်ခဲ့တဲ့ နိုင်ငံ၊ တရုတ် နဲ့ နင်လားငါလား စစ်တိုက်ခဲ့တဲ့ နိုင်ငံ ၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဟာ ကွန်မြူနစ်ဝါဒ ကို ကိုယ့်တိုင်းပြည် နဲ့ အကိုက်ညီဆုံးဖြစ်အောင် ကျင့်သုံးပြီး တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့ပါတီ၊ အဲ့ဒီလို နိုင်ငံ ကိုလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။ ဗီယက်နမ်စစ်ပွဲအလွန်ကာလ (၁၉၇၅-၁၉၈၅) ၁၉၇၅…
Read MoreCategory: ဆောင်းပါး
သူတို့အိမ် အခန်း (၁၃၇)
ဆူးငှက် မိန်းမတောင်းဖို့ အဘကိုပူဆာ ——————————– ထို့ကြောင့် မန်းသီတာဥယျာဉ်က ကျားခေါင်းကားနှင့် ပြန်လာပြီးနောက် အိမ်တော်ရာတော်ရာမြောက်ပေါက် ဆင်းကာ ဘုရားထဲက ဖြတ်ပြီး အိမ်သို့ ဒရောသောပါးပြန်ပြီးနောက် အဘကို ကျွန်တော့်အခန်းထဲ ခေါ်ကာ ချွေးသန်တရွှဲရွှဲနှင့် “အဘ ကျွန်တော့်ကို မိန်းမလိုက်တောင်းပေးတော့” ဟု အပူကပ်တော့သည်။ ကျွန်ုပ်၏ ချစ်လှစွာသော အဘကလည်း ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘယ်သူ့သမီးလဲ၊ ဘယ်တုန်းကတွေ့တာလဲ၊ ဘာလုပ်တာလဲ ဟူသော မေးခွန်းများကို အလျဉ်းမျှမမေးဘဲ “အေး တောင်းရုံပဲ၊ ဘယ်သွားတောင်းပေးရမလဲ” ဟု သာမေးပါ၏။ ထို့ကြောင့် ကျွန်တော်က “ကျွန်တော်တို့ လုပ်သားဆိုင် မြောက်ဘက် သစ်စက်က” ဟုပဲ ပြောသည်။ ဘယ်သူဘယ်ဝါဟုပင် မပြောမိ။ “သစ်စက်ကဆိုရင် ကိုလှသောင်တော့ သိမှာ၊ သူ့ခေါ်ရမှာပဲ” ဟု အဘက ပြောပြောဆိုဆိုနှင့် အိမ်ရှေ့မှာ ဖြတ်လာသော ဝင်းပိုင်ရှင် ဦးလေးသောင်ကို…
Read Moreနှင်းခဲအောက်က စစ်လက်နက်များနှင့် နိုးထလာသော စျေးကွက်
MT(VOM) ၃၈ မျဉ်းပြိုင်ပေါ်က သွေးနှင့် မျက်ရည် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ခင်းမှာ မြောက်ကိုရီးယားတပ်တွေဟာ ၃၈ မျဉ်းပြိုင်ကို ဖြတ်ကျော်ပြီး တောင်ဘက်ပိုင်းကို စတင်ကျူးကျော်ခဲ့ကြတယ်။ ဒါဟာ သုံးနှစ်ကြာအောင် သွေးချောင်းစီးခဲ့ရတဲ့၊ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ‘ကိုရီးယားစစ်ပွဲ’ ရဲ့ အစပျိုးခြင်းပါပဲ။ အမေရိကန်နဲ့ ကုလသမဂ္ဂတပ်တွေက တောင်ကိုရီးယားဘက်က ပါဝင်တိုက်ခိုက်ခဲ့သလို၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း မြောက်ကိုရီးယားနောက်ကနေ ကျောထောက်နောက်ခံပြုခဲ့ကြတယ်။ ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပေမယ့် ဒါဟာ စစ်ပွဲပြီးဆုံးသွားတာမဟုတ်ဘဲ ခေတ္တရပ်စဲထားရုံသာ ဖြစ်ပါတယ်။ စစ်ပွဲအပြီးမှာတော့ ကိုရီးယားကျွန်းဆွယ်ဟာ နှစ်ပိုင်း အပြတ်အသတ် ကွဲသွားခဲ့ရတယ်။ မြောက်ပိုင်းဟာ ကွန်မြူနစ်ဝါဒရဲ့ အရိပ်အောက်မှာ၊ အထူးသဖြင့် ကင်အီဆွန်းရဲ့ ‘ဂျူချေး’ (Juche) ဆိုတဲ့ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ရေး ဝါဒအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ စစ်ပွဲကြောင့် မြေပြင်တစ်ခုလုံး…
Read Moreသူတို့အိမ် အခန်း (၁၃၆)
ဆူးငှက် မှတ်မိကြသလား မန်းသီတာ ——————————– မန္တလေးမှာ အထင်ကရရှိတာက ကျုံး မြိ့ုရိုး ပြအိုးပြာသာဒ်များပဲဖြစ်သည်။ တကယ်တော့ မန္တလေးမှာ တောင်ဘက်ကျုံးနှုတ်ခမ်းက ၂၆ဘီလမ်းသည် အလှဆုံးဖြစ်၏။ တောင်ဘက်ကျုံးအတွင်း မန်းသီတာဥယျာဉ် အတွင်းမှ ကျုံးရေပြင်ကိုဖြတ်ပြီး ၂၆ဘီလမ်းကို လှမ်းကြည့်ရတာ ကြည်နူး ပျော်ရွှင်စရာ ကောင်းလှသည်။ သည်ဘက်ခြမ်း ဥယျာဉ်ထဲမှာက သစ်ပင် စိမ်းမြရိပ်တွေ လွှမ်း၏။ ကျေးငှက် သံတွေက စီစီညံနေသည်။ ကျုံးရေစပ်မှာ ပျံချည် ဆင်းချည် ရေသောက်ဆင်း၏။ ဥယျာဉ်တွင်း ကျောက်တုံးရောင်စုံခင်း လမ်းဘေးမှာလည်း သွင်သွင်စီး ရေမြောင်းလေးတွေ ရှိသေးသည်။ သည်လို တောရိပ်တောင်ရိပ် လွှမ်းသော ဥယျာဉ်တွင်း က ကျုံးရေပြင်ကိုဖြတ်ပြီး ယာဉ်ပေါင်းစုံ တဝေါဝေါ ဖြတ်သန်းနေသော ၂၆ဘီလမ်းကြီးကို လှမ်းကြည့်ရတာ ရင်ခုန်ဖွယ် ကောင်းလှသည်။ အိပ်မက်ကမ္ဘာအတွင်းက ပစ္စုပ္ပန်သို့ အလည်ရောက်ရခြင်းနှင့် တူလှ၏။ ၁၉၅၈ခုနှစ် လောက်ကတည်းက…
Read Moreသူတို့အိမ် အခန်း (၁၃၅)
ဆူးငှက် သူတို့ထဲက တစ်ယောက်တဲ့ —————————- ကျွန်တော်က အလုပ်ရုံ ရုံးချိန်အပြီး ရှေ့က ဒေါ်နက် အကြော်ဆိုင်မှာ ထိုင်ကာ မြောက်ဘက်ဆီ ငေးမျှော်ကြည့်နေသည် ဆိုသော်လည်း ထိုအုပ်စုထဲက ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမသိ။ အားလုံလိုလိုမှာ ရောထွေးနေသည်။ သူတို့ထဲက တစ်ယောက်တစ်လေ ကတော့ တစ်ခါတစ်ရံ ဒေါ်နက်ဆိုင်သို့ မုန့်ပစ်သလက်နှင့် အကြော် လာဝယ်တတ်သည်။ သို့သော် တစ်ယောက်တည်း စွဲစွဲ မြဲမြဲ လာဝယ်တာမျိုး မဟုတ်။ နောက်တစ်နေ့ နောက်တစ်ယောက်၊ နောက်တစ်နေ့ နောက်တစ်ယောက်မို့ မျက်စိလည်နေသည်။ ကိုဝင်းမောင်ကတော့ ဘယ်သူက ဘယ်သူ့သမီး ဆိုတာတော့ ပြေပါ၏။ သို့သော် စိတ်မဝင်စားချင်ယောင် ဆောင်နေရသည်။ သို့နှင့် စကားပြောင်းကာ သူတို့အိမ်က တန်ခိုးကြီးဘုရား အကြောင်း မေးရ၏။ တကယ်လည်း စိတ်ဝင်စားလို့…
Read Moreစစ်ပွဲနဲ့ ပဋိပက္ခတွေကြားက ပညာရှာပုံတော်-
(ဂါဇာစစ်မြေပြင်က ကလေးငယ်များရဲ့ အနာဂတ်) MT(VOM) ရာဇဝင်ထဲက အမာရွတ်တစ်ခု ဂါဇာဒေသရဲ့ ဒီနေ့အခြေအနေကို နားလည်ဖို့ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ရာစုနှစ်ချီ သမိုင်းပဋိပက္ခ အကျဉ်းချုပ်ကို အရင်ကြည့်ဖို့ လိုပါတယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်တာနဲ့အတူ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပါလက်စတိုင်းလူမျိုး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီဒုက္ခသည်အများစု ခိုလှုံရာနေရာဟာ ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) ဖြစ်လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအပြီးမှာတော့ အစ္စရေးက ဂါဇာကို သိမ်းပိုက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ် (Hamas) အဖွဲ့ ဂါဇာကို ထိန်းချုပ်လိုက်ကတည်းက အစ္စရေးရဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။ ဒီလို နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေကြားထဲမှာပဲ ဂါဇာရဲ့ လူဦးရေဟာ သန်းနဲ့ချီ…
Read Moreကမ္ဘာ့ဖလား၊ ဘောလုံး ပြီးတော့ ပထဝီနိုင်ငံရေး
MT(VOM) ဘောလုံးဆိုတာ ကွင်းအစိမ်းရောင်ပေါ်မှာ ယောက်ျားရင့်မားကြီး (၂၂)ယောက် လေမှုတ်ထားတဲ့ သားရေလုံးလေးတစ်လုံးနောက်ကို ပြေးလိုက်ကြ၊ ကန်ကြတဲ့ ကစားပွဲသက်သက်ပဲ ထင်ပါသလား။ မဟုတ်ဘူး၊ ဘောလုံးပွဲတွေ ဟာ အားကစားသမားစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို စည်းလုံးစေတာ လို့ အကောင်းဘက်က လှည့်တွေးမလား။ ကျနော်ကတော့ အဲ့ဒီလို မထင်ဘူး။ ဘောလုံးပွဲ၊ အထူးသဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးတွေဟာ စိမ်းလန်းနေတဲ့ မြက်ခင်းတုတွေ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေရဲ့ နောက်ကွယ်မှာ သွေးချောင်းစီးခဲ့တဲ့ သမိုင်းတွေ၊ နိုင်ငံတော်အဆင့် မာနတွေ၊ ဩဇာအာဏာ လုပွဲတွေနဲ့ ပထဝီနိုင်ငံရေးရဲ့ အရှုပ်အထွေးတွေ အပြည့်ရှိနေတဲ့ ‘စစ်တလင်း’ တစ်ခုပဲလို့ မြင်မိတယ်။ ဘောလုံးဟာ သေနတ်သံမထွက်တဲ့ စစ်ပွဲပဲ။ ကမ္ဘာ့ဖလားသမိုင်းကို အစကနေ နိုင်ငံရေးမျက်မှန်တပ်ပြီး ပြန်ကောက်ကြည့်ရအောင်ပါ။ ၁၉၃၀ ခုနှစ် ဥရုဂွေး နိုင်ငံ မှာ ကျင်းပတဲ့ ပထမဆုံး…
Read Moreသူတို့အိမ် အခန်း (၁၃၄)
ဆူးငှက် မန္တလေးနှင့် သဘာဝဘေး ————————— မန္တလေးသည် ဧရာဝတီမြစ်ကမ်းနဘေး ရှိသကဲ့သို့ ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းတွင် တည်ရှိသည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအကြိမ်ကြိမ် သင့်သကဲ့သို့ မိုးရာသီတွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ကြ ရသည်။ မြစ်ရေကြီးခြင်းက အကြမ်းဖျဉ်းအားဖြင့် ၄နှစ်တစ်ကြိမ်မျှသာ ကြုံတွေ့ရသော်လည်း မီးဘေးအန္တရာယ်ကမူ ဆောင်းအကူး နွေဦးပေါက်သည်နှင့် နှစ်စဉ်လို ကြုံကြရ၏။ မြို့ကို တည်ထားသည်ကလည်း လေးထောင့်စပ်စပ်ဖြစ်ကာ အိမ်အများစုကလည်း ဝါးကပ်မိုး ဝါးထရံကာများဖြစ်ကြ၏။ နောက်ပိုင်း လူဦးရေ ထူထပ်လာသည်နှင့် အမျှ နဂိုရှိပြီး ဝင်းဧရိယာမှာပင် နေအိမ်များ တိုး၍လာသောကြောင့် လမ်းများက လူတစ်ယောက် သွားသာရုံပဲ ရှိတော့သည်။ ထို့ပြင် အသုံးပြုသော မီးဖို မီးအိမ်များမှာလည်း ထင်းမီးဖိုနှင့် ရေနံဆီ မီးခွက် မီးအိမ်များမို့ အတိမ်းအစောင်းမခံဘဲ မီးဘေး…
Read Moreသူတို့အိမ် အခန်း (၁၃၃)
ဆူးငှက် နာမည်ကျော် ဆိုင်းတန်းမီး ————————— ထိုသို့ဖြင့် လုပ်သားများက အလုပ်ရုံသည် မိမိတို့ပိုင်သည်ဟု ယုံကြည်ထားကြသဖြင့် အလုပ်ရုံကို ကာကွယ်ရန် အလုပ်သမားတိုင်းက တာဝန်ရှိသည်ဟု ခံယူထားကြသည်။ ကျွန်တော် အလုပ်ဝင်ကာစ ၁၉၈၁ခုနှစ် မေလလ ၁၀ရက်နေ့ ညဦးပိုင်းတွင် ၂၆ဘီလမ်းနှင့် လွှထောင်တန်းလမ်း ထိပ်ရှိ အောင်ချမ်းသာ မန္တလေး – မိုးကုတ် ကားသင်းမှ စတင်ကာ မီးလောင်ကျွမ်းသည်။ ထိုမီးက ကားဆီတိုင်ကီတွင် ဆီရှိမရှိ မီးထွန်း၍ ကြည့်ရာမှ လောင်သောမီး ဖြစ်သည်။ စတင် လောင်ကျွမ်းကတည်းက လောင်စာဆီနှင့် ဖြစ်သောကြောင့် မီးက ချက်ချင်း ကူးကာ ကြီးထွားလာ၏။ ထိုမီးသည် လွှထောင်တန်းမှသည် အနောက်ဘက်နှင့် မြောက်ဖက်ရှိ လူနေအိမ်ခြေစိတ်သော ရပ်ကွက်များသို့ တဟုန်ထိုး ကူးသည်။ အနောက်ဘက် ဆိုင်းတန်းရုပ်ရှင်ရုံတည်ရှိရာ…
Read Moreသူတို့အိမ် အခန်း (၁၃၂)
ဆူးငှက် အမည်ခံ ကုန်ထုတ်သ/မတဲ့ ——————————— ထိုခေတ် ထိုစဉ်အခါက ကုန်ထုတ်သမဝါယမဟူသည် ပါဝင်သော အသင်းသားများက အမည်ခံမျှသာဖြစ်ပြီး လုပ်ငန်းရှင် များက အစိုးရထံမှ ကုန်ကြမ်းပစ္စည်းများကို အစိုရထုတ်ဈေးဖြင့် လွယ်ကူစွာ ထုတ်ယူနိုင်ရေးအတွက် ဟန်ပြ ထူထောင် ထားကြသော အသင်းတွေက အများစု ဖြစ်သည်။ အစိုရထုတ်ဈေးဖြင့် ရရှိထားသော ကုန်ကြမ်းများကို ပြင်ပ ဈေးကွက်သို့ လက်လွှဲရောင်းချခြင်းဖြင့် ချက်ချင်းလက်ငင်း အကျိုးအမြတ်များစွာရရှိသည်။ ထို့ကြောင့် ကုန်ကြမ်းကို ထုတ်ရောင်းကာ ကုန်ချောကို ဟန်ပြထုတ်လုပ်ရန်အတွက်သာ ကုန်ထုတ်သမဝါယမအသင်း ဆိုင်းဘုတ်အောက်၌ အလုပ်သမားငှား ထားခြင်း ဖြစ်သည်။ ထုတ်ယူရရှိသော ကုန်ကြမ်းနှင့် ကုန်ချောအရေအတွက် ကိုက်ညီရန်အတွက်လည်း ကြိုတင် စာရင်းညှိထားပြီး ဖြစ်သည်။ ဖိနပ်ကုန်ထုတ်သ/မ က ထိုသို့မဟုတ်။ မူလစတင် ဖွဲ့စည်း ကတည်းကပင် ပုဂ္ဂလိက ရှူးဖိနပ်လုပ်ငန်းမှ နစ်နာကြေးငွေဖြင့် အလုပ်ထွက်လာကြသော ရှူးဖိနပ်လုပ်သားများက အစုငွေ…
Read More