​ကုလားတန် စီမံကိန်း ဘာလဲ ၊ ဘယ်လဲ

  MT(VOM) ​နယူးဒေလီမြို့တော်က ဝန်ကြီးဌာန အစည်းအဝေးခန်းမတွေထဲမှာ ဆွဲခဲ့တဲ့ မြေပုံတွေနဲ့ မြန်မာနိုင်ငံအနောက်ဘက်စွန်းက ရခိုင်နဲ့ ချင်းတောင်တန်းတွေပေါ်က မြေပြင်ပကတိအခြေအနေဟာ တခြားစီ ဖြစ်နေပါတယ်။ အိန္ဒိယအစိုးရက ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဇွတ်တိုးအကောင်အထည်ဖော်နေတဲ့ “ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း” (Kaladan Multi-Modal Transit Transport Project) ဟာ ဒီနေ့မှာတော့ စီးပွားရေးစင်္ကြံတစ်ခုထက် ပထဝီနိုင်ငံရေးရဲ့ အန္တရာယ်အရှိဆုံး ပွဲကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ အိန္ဒိယအတွက် မရှိမဖြစ် အမျိုးသားလုံခြုံရေး အသက်သွေးကြောလို့ တင်စားနိုင်တဲ့ ဒီစီမံကိန်းဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ နယ်စပ်ဖြတ်ကျော် ဂယက်တွေနဲ့ တရုတ်ရဲ့ အရိပ်အောက်မှာ လူးလွန့်နေရပါတယ်။ ​ကြက်လည်ပင်း(Siliguri Corridor/ Chicken’s Neck) အိပ်မက်ဆိုးနှင့် အိန္ဒိယ၏ ထွက်ပေါက်   ​အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ အရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်လို ဒေသမျိုးတွေကို ပင်လယ်ရေကြောင်းနဲ့…

Read More

သူတို့အိမ် အခန်း (၁၃၁)

ဆူးငှက် လုပ်သားထု အစည်းအဝေးက အတွေ့အကြုံ ———————————————— သည် တနင်္ဂနွေ လုပ်သားထု အစည်းအဝေးက လူစုံတက်စုံ တက်ရောက်ကာ စိတ်ဝင်စားမှု အပြည့်ရှိကြသည်။ အစည်းအဝေးမတိုင်မီကပင် လုပ်သားအချင်းချင်း အစည်းအဝေးတွင် ဆွေးနွေးပြောဆိုကြမည့် အကြောင်းအရာတွေကို တိုင်ပင်နေကြသည်။ သည်အစည်းအဝေးကို စိတ်ဝင်းစားကြသည်မှာ ဘဏ္ဍာရေးနှစ် တစ်နှစ်စာအတွက် လုပ်သားထု သက်သာချောင်ချိရေး ရံပုံငွေကို အတည်ပြုမည့် အစည်းအဝေးမို့ ဖြစ်သည်။ နံနက် ၉နာရီကို အစည်းအဝေး ခေါ်ထားရာ ၉နာရီမထိုးမီကပင် လူစုံနေသည်မို့ စောင့်စရာမလိုဘဲ အချိန်တိကျစွာ အစည်းအဝေး စတင်နိုင်ခဲ့၏။ သည်နေရာတွင် ဤအလုပ်ရုံမှ ဦးဆောင် လူကြီးများက သူတို့ တက်ရောက်ရသည့် မြို့နယ်အဆင့် တုင်းအဆင့် အစည်းအဝေးများတွင် ဖိတ်စာတွင်ပါသော အစည်းအဝေးအချိန်အတိုင်း ဘယ်သောအခါမှ တိကျစွာ မစနိုင်ဘဲ အနည်းဆုံး နာရီဝက် တစ်နာရီ နောက်ကျမှ အစည်းအဝေးစတင်နိုင်ခြင်းကို စိတ်ပျက်နေကြသောကြောင့် မိမိ…

Read More

အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ QUAD နှင့် တရုတ်-မြန်မာ ပထဝီနိုင်ငံရေး

MT(VOM) ​ ​၂၁ ရာစု၏ ကမ္ဘာ့ပါဝါချိန်ခွင်လျှာသည် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသဆီသို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။ ထိုရွေ့လျားမှုတွင် အရှေ့တောင်အာရှကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ရေပြင်သည် မဟာဗျူဟာမြောက် အချက်အချာ အချက်အခြာများ ဖြစ်လာကြသည်။ အထူးသဖြင့် အမေရိကန်ဦးဆောင်သော QUAD (Quadrilateral Security Dialogue) မဟာမိတ်အုပ်စု၏ တရုတ်နိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာသည့် ဗျူဟာမြောက် ရုန်းကန်မှုတို့ ကြောင့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၏ အလယ်ဗဟို (Geopolitical Hotspot) သို့ ရောက်ရှိလာခဲ့သည်။ ​QUAD ၏ ဗျူဟာမြောက်ရည်မှန်းချက်နှင့် အရှေ့တောင်အာရှ ​အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် အော်စတြေးလျ (၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသော QUAD အဖွဲ့သည် စစ်ရေးမဟာမိတ်ဟု တရားဝင်မကြေညာသော်လည်း၊ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ…

Read More

သူတို့အိမ်အခန်း (၁၃၀)

ဆူးငှက် ဘုံဆိုင်မှာ နှမ်းဘတ်ချဉ် အမြီးစားသူပါ ——————————————– ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်းမှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီးထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ်…

Read More

တိုင်းပြည်တိုးတက်ဖို့ ပြည်သူ​တွေပူး​ပေါင်းမှုအ​ရေးကြီး​ကြောင်း မန္တ​လေးတိုင်းဝန်ကြီးချုပ်ဆို

မန္တ​လေး ၊ဇွန် ၃၊၂၀၂၆ VOM မန္တ​လေးတိုင်းဟာ တိုင်းပြည်စီးပွား​ရေးအတွက်အဓိကတိုင်းထဲမှာပါတာမို့ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအ​နေနဲ့ ဘာ​တွေ​စီမံထားပါသလဲ? ဘာ​တွေကအ​ရေးတကြီးလုပ်ဖို့လို​နေလဲဆိုတာ​တွေသိနိုင်ဖို့ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုး​အောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ စိုက်ပျိုး​ရေးကိုအ​ခြေခံပြီး တိုးတက်​အောင်လုပ်မယ့်ကိစ္စ​တွေ၊ မန္တ​လေးတိုင်း​ဒေသကြီးမှာ တည်ငြိမ်​အေးချမ်းပြီး ရင်းနှီးမြုပ်နှံမှု​တွေတိုးတက်လာ​အောင် လုပ်မယ့်အစီအစဥ်​တွေနဲ့ ပတ်သက်ပြီး မန္တ​လေးတိုင်း​ဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ် ဦးမျိုး​အောင်​​ဖြေဆိုထားတာကို တင်ပြ​ပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #မန္တ​လေးတိုင်း​ဒေသကြီးအစိုးရ #ဝန်ကြီးချုပ်ဦးမျိုး​အောင်

Read More

သူတို့အိမ် အခန်း (၁၂၉)

ဆူးငှက် ဖိနပ်အလုပ်သမားများ၏ စာကြည့်တိုက် ———————————————— ဖိနပ်ကုန်ထုတ် သ/မ သည် ၁၉၆၄ ခုနှစ်လောက် ကတည်းက ၂၆ဘီလမ်းက ရှပ်ရှင်းခြေနင်းဆိုင် အပါအဝင် တရုတ်ခြေနင်းဆိုင်ကြီးများက လျော်ကြေးဖြင့် ထွက်လာကြသော အလုပ်သမား ၅ဦးက ကိုယ်ပိုင်ငွေ ကျပ်(၅၀)စီ စုပေါင်းကာ ကိုယ်ပိုင်ခြေ နင်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်းထူထောင်ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်း၏ နာမည်က “လုပ်အား စုပေါင်း ဖိနပ်ချုပ်လုပ်ငန်း” ပါတဲ့။ သူတို့က ဆိုရှယ်လစ်စံနစ်ဟူသော နိုင်ငံရေးစံနစ်အပေါ် ရိုးသားစွာ ယုံကြည်ကြသည်။ အများစုက ဘုန်းကြီးကျောင်း ပညာရေး အဆင့်လောက်သာ တတ်မြောက်ကြသော်လည်း စာဖတ်အားကောင်းသော ပညာတတ် အချို့၏ လမ်းညွှန်မှု သင်ကြားမှုကို တက်တက်ကြွကြွနာခံကြ၏။ ထို့ကြောင့် လုပ်သားဆိုင်တွင် စာကြည့်တိုက်ကို အစောကတည်းက ထူထောင်နိုင်ခဲ့သည်။ အလုပ်သမားများကလည်း အတတ်နိုင်ဆုံး ကြိုးစားကာ စာအုပ်တွေ ဖတ်ကြသည်။ မူလဆိုင်တည်ရှိရာ ပုလိုင်းရပ်ကွက်မှာ လုပ်အားတံဆိပ်…

Read More

သူတို့အိမ် အခန်း (၁၂၈)

ဆူးငှက် ကျွန်ုပ်တို့၏ ယုံကြည်ချက် တဲ့ ————————————– “ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံသား လုပ်သားပြည်သူများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင် စာနာမှု ညှာတာ ထောက်ထားမှု စသည့် ကောင်းမြတ်သောတရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ချယ်လှယ်နိုင်ကြသော ဝိသမလောဘသားများ၏ ဝိသမစီးပွားရေးစံနစ်ဆိုးများ ရှိနေသရွေ့ ကာလပတ်လုံး လူသားအပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယဲုကြည်သည်။ ထို့ကြောင့် ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တွင် လူလူချင်း မတရားချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစံနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား ပြည်သူအပေါင်းသည် လူ့ပရောဂကြောင့် ပေါ်ပေါက်လာရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော…

Read More

အခြေခံပြည်သူတွေရဲ့ သောကပင်လယ်ဝေတဲ့ နေ့ရက်များ

KKA(VOM) လက်ရှိ မြန်မာနိုင်ငံရဲ့လူမှုစီးပွားဝန်းကျင်ကို တခွန်းတည်းနဲ့ဖော်ပြရရင် “အသက်ရှူရကျပ်ခြင်း”လို့ပဲ ဆိုရပါမယ်။ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲ ဂယက်ဟာ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးက နေ့စဉ်နဲ့အမျှ ပိုမိုကျပ်တည်းလာနေပြီး၊ ဆင်းရဲမွဲတေမှု အနက်ရှိုင်းဆုံး အခြေအနေကို ဦးတည်ရွေ့လျားနေပါတယ်။ ပြည်သူ‌​တွေ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲဟာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုပဲ ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆေးဝါး စတဲ့ အခြေခံ မီးဖိုချောင်သုံးနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ အခြေခံလူတန်းစားတွေကိုဆောက်တည်ရာမရလောက်အောင် နေ့စဉ်နဲ့အမျှ ဈေးနှုန်း‌​တွေ မြင့်တက်နေတာနဲ့ ကြုံ‌​တွေ့​နေရပါတယ်။ တစ်ချိန်က အခြေခံလူတန်းစားအများစု မှီခိုအားထား စားသုံးခဲ့ရတဲ့ ဆန်ကြမ်းတအိတ်ကိုပဲ အခုအခါ ငွေကျပ် တသိန်းခွဲ အထိ ရှိလာပြီး၊ အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးနှုန်းကလည်း သာမန်မိသားစုတွေ မတတ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး အရှိန်အဟုန်နဲ့…

Read More

နယူးဒေလီဆီသို့ ခြေဆန့်ခြင်း (အိန္ဒိယ-မြန်မာ နိုင်ငံရေးစစ်တုရင်ကွက်)

MT(VOM) ​ကမ္ဘာ့ပထဝီနိုင်ငံရေးဟူသည်မှာ အစဉ်အမြဲ ရွေ့လျားပြောင်းလဲနေသော တိမ်​တောင်များနှင့် တူလှပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်ခွင့်မရှိဘဲ ပထဝီဝင်က ပေးအပ်သော ကံကြမ္မာတစ်ခုဖြစ်လေသည်။ မြန်မာနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်ကြီးများ၏ အပြန်အလှန် သွားလာဆက်ဆံမှု သမိုင်းဝင်ဖြစ်ရပ်များစွာဖြင့် ပြည့်လွှမ်းနေခဲ့လေသည်။ ​လွတ်လပ်ရေး မရမီကာလများဆီသို့ မျှော်ကြည့်လျှင် မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယခေါင်းဆောင်ကြီး ပန်ဒစ်နေရူးတို့၏ သမိုင်းဝင်တွေ့ဆုံမှုများ၊ အာရှတိုက်၏ ကံကြမ္မာကို ပူးတွဲပုံဖော်ရန် ကြိုးပမ်းခဲ့မှုများသည် ခေတ်သစ် နှစ်နိုင်ငံဆက်ဆံရေး၏ အုတ်မြစ်ပင် ဖြစ်လေသည်။ ၁၉၄၇ ခုနှစ် လန်ဒန်သွားရာလမ်း ဒေလီ၌ ရပ်နားစဉ် ဗိုလ်ချုပ်အောင်ဆန်းအား နေရူးက အနွေးထည်ကုတ်အင်္ကျီ ခြုံလွှမ်းပေးခဲ့သည့် ဖြစ်ရပ်မှာ နိုင်ငံရေးအရသာမက ပုဂ္ဂိုလ်ရေးအရပါ နက်ရှိုင်းလှသော သံယောဇဉ်၏ ပြယုတ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ [1] ​ထို့နောက် လွတ်လပ်ရေးရပြီးစ ဝန်ကြီးချုပ် ဦးနုနှင့် အိန္ဒိယဝန်ကြီးချုပ် နေရူးတို့၏ ခေတ်တွင်မူ…

Read More

သူတို့အိမ် အခန်း (၁၂၇)

ဆူးငှက်   မိန်ရာသီ မန္တလေး အလွမ်း ——————————- ကျွန်တော်က တည်းခိုသော ဦးဝိစာရတိုက်ခန်းရောက်သည်နှင့် ပေးလိုက်သော စာလိတ်လေးကို ဖြည်ကြည့်သည်။ လက်၃လုံးအရွယ် စာရွက်ရှည်လေးပေါ် ပုရွက်ဆိတ်လေးများလို စာလုံးလေးတွေ စေ့နေအောင် ရေးထားသည်။ စာလုံးသေးသော်လည်း ဖတ်ရတာက ရှင်းသည်။ သင်္ကြန်နားနီးလို့ မန္တလေးကို သတိရတာ၊ ရေသဘင်အဖွဲ့တွေကို သတိရတာ မိတ်ဆွေတွေကို သတိရတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားသည်။ “ သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ။ ဘယ်ဆီကြည့်ကြည့် လေပွေလေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော်ခေါ်လာတဲ့ မိန်ရာသီ။ ခြောက်သွေ့မှု တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ်၊ အမည်ဖောင်ပြခြင်းငှာ မစွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ။ အဲ့ဒီအချိန်မှာ ဒို့နေရတဲ့ အဆောင်က အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ အချို့တဝက်ကို မြင်နေရတယ်။…

Read More
VOM News

FREE
VIEW